ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများ ပယ်ချခံရ

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများ ပယ်ချခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အထူးအယူခံအမှုများကို စစ် ကောင်စီလက်အောက်ခံ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဩဂုတ်လ ၂၉ ရက်နေ့တွင် ပယ်ချလိုက် ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။

သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အမှုများ၊ ပို့ကုန်၊ သွင်းကုန်ဉပဒေပုဒ်မ ၈၊ ဆက်သွယ်  ရေးပုဒ်မ ၆၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ စသည့် အမှုများအား အထူးအယူခံ တက်ခွင့်မရဘဲ ပယ်ချ ခံ လိုက်ရခြင်း ဖြစ်သည်။

ထိုအမှုများသည် အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ကနဦးစွဲဆိုခဲ့သည့် အမှု များဖြစ်ပြီး စစ်ကောင်စီက ယခုသြဂုတ်လ ၁ ရက်နေ့တွင်  ပြစ်ဒဏ်လျှော့ပေါ့ပေးကြောင်း ကြေညာခဲ့သည့် အမှု များလည်း ဖြစ်သည်။

စွပ်စွဲခံရသူများဘက်ကမူ ပြစ်မှုကျူးလွန်ခြင်း မရှိကြောင်း အထူးအယူခံ ဆက်တက်ထားခြင်းဖြစ်ကာ ယခု ပယ် ချခံလိုက်ရသည့် အတွက် ဥပဒေကြောင်းအရ လုပ်ဆောင်နိုင်သည်များကို ဆက်လက်လုပ်ဆောင်သွားရန် ရှိ ကြောင်း အမည်မဖော်လိုသည့် တရားရုံးနှင့် နီးစပ်သူတဦးက မဇ္စျိမကိုပြောသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်က NLD အစိုးရလက်ထက် ထိပ်ပိုင်းအစိုးရအဖွဲ့ဝင်များ၏ အမှုများကို ဆက် တိုက် ပယ်ချနေခြင်းဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့ကလည်း NLDအစိုးရလက်ထက် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်နှင့် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးတို့၏ အထူးအယူခံ အမှုငါးမှုကို ပယ်ချခဲ့သေးသည်။

စည်ပင်သာယာရေး ကော်မတီက နေပြည်တော်တွင် အထူးမြေကွက်များဖော်ထုတ်ခြင်း၊ မြေညှိခြင်း လုပ်ငန်း များ ဆောင်ရွက်ရာတွင် အဂတိလိုက်စားသည်ဟု စွပ်စွဲကာ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းတို့အပေါ် အမိန့်ချ မှတ်ခဲ့သည့်အမှုများကို အထူးအယူခံဆက်တက်ခွင့်မပေးဘဲ ပယ်ချခဲ့ခြင်းဖြစ်သည်။

အဆိုပါ အမှုများကိုလည်း ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ် သူက ဆိုသည်။

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အား လက်ရှိတွင် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် သတ်မှတ်ထားပြီး သမ္မတဦးဝင်းမြင့်အား အမှုပေါင်း ရှစ်မှုအတွက် ထောင်ဒဏ် ၁၀ နှစ် သတ်မှတ်ထားသည်။

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌများ အဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာမျိုး အောင်နှင့် ဦးရဲမင်းဦးတို့မှာမူ တဦးလျှင် ထောင်ဒဏ် နှစ် ၂၀ ကျော် ချမှတ်ခံထားရသည်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် မေလအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၁,၂၀၀ ဦး ဖမ်းဆီးခံထားရပြီး သတ်ဖြတ်ခံရသူ ၉၃ ဦးရှိကြောင်း NLD ပါတီက ပြီးခဲ့သည့် ဇွန်လအတွင်း က ထုတ်ပြန်ထားသည်။

Most read this week

December 4, 2025
မြဝတီမြို့နယ်တောင်ဘက်၊ ဖလူး၊ မင်းလက်ပံဒေသအနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်အမျိုးသား...
December 3, 2025
အာဏာသိမ်း စစ်ကော်မရှင်တပ်နှင့် မြန်မာတော်လှန်‌ရေးအင်အားစုများကို အင်ဒိုနီးရှားက...
December 2, 2025
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ နတ်မှော်ဦးကျေးရွာကို ကော်မရှင်တပ်ဖွဲ့က...
December 1, 2025
မကွေးတိုင်း၊ ရေစကြိုမြို့ နယ် တောင်ခြမ်း၊ ရွာသစ်ကျေးရွာအနီးရှိ ကင်းစခန်း တခုတွင်...