စစ်ဘေးရှောင်စခန်းအနီးက လက်နက်ကြီးကျည်ကို အမြန်ဆုံးဖယ်ရှားပေးရန် လိုအပ်နေ

စစ်ဘေးရှောင်စခန်းအနီးက လက်နက်ကြီးကျည်ကို အမြန်ဆုံးဖယ်ရှားပေးရန် လိုအပ်နေ
စစ်ဘေးရှောင်စခန်းအနီးရှိ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကို  ဩဂုတ်လဆန်းပိုင်းက တွေ့ရ စဉ်။ (ဓာတ်ပုံ - ပေးပို့ )
စစ်ဘေးရှောင်စခန်းအနီးရှိ မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ကို ဩဂုတ်လဆန်းပိုင်းက တွေ့ရ စဉ်။ (ဓာတ်ပုံ - ပေးပို့ )

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်က ဝါးတောင်စစ်ဘေးရှောင်စခန်းအမှတ် (၂) အနီးရှိ တောင်ကုန်းပေါ်တွင် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တစ်လုံးရှိနေ၍ တာဝန်ရှိသူများက အမြန်ဆုံး လာရောက်ဖယ်ရှား ပေးရန် စစ်ဘေးရှောင်များက လိုလားနေကြသည်။

အဆိုပါ လက်နက်ကြီးကျည်ကို ဇူလိုင်လ ၂၁ ရက်နေ့က စစ်ဘေးရှောင်စခန်း အနောက်ဖက်ရှိ ၅ ဖာလုံခန့်အကွာ တောင်ကုန်းပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“စခန်းရဲ့ အနောက်ဖက်မှာရှိတဲ့ တောင်ကုန်းပေါ်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်လုံး မြေထဲစိုက် နေတာ။ တာဝန်ရှိတဲ့သူတွေဆီကို သတင်းပေးထားပေမယ့်လည်း လာရောက် ဖယ်ရှားမပေးသေးဘူး။ စခန်းမှာ က ကလေးတွေရှိကြတော့ လူကြီးတွေသတိမထားမိခင် ကိုင်ကြည့်ကြမှာကို စိုးရိမ်ရတဲ့အတွက် အမြန်ဆုံး ဖယ် ရှားပေးစေချင်တယ်” ဟု စခန်းတာဝန်ရှိသူ ဦးနိုင်ထွန်းဝင်း က ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်ကို ဖယ်ရှားပေးရေးအတွက် မိုင်းအန္တရာယ်အသိပညာပေး ပြုလုပ်ပေးနေသည့် PFP (People for People) နှင့် အခြားသက်ဆိုင်ရာ အာဏာပိုင်များထံ အကြောင်းကြားထားသော်လည်း လာရောက် ဖယ်ရှားပေးခြင်း မရှိသေးကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

ဝါးတောင်စခန်းအမှတ် (၂) ကို ၂၀၂၃ ခုနှစ် ဧပြီလက ဝါးတောင်ရွာအနီးမှ တောင်မင်းကုလားရွာအနီးသို့ ရွှေ့ ပြောင်းခဲ့ခြင်းဖြစ်ပြီး လူဦးရေ ၃၃၀ ကျော် ခိုလှုံနေထိုင်လျက်ရှိသည်။

“အဲဒီလက်နက်ကြီးကျည်ကို စခန်းကအမျိုးသမီးတစ်ဦး ကတက်ဥ(သင်္ဘောဥ)တူးတာကနေ တွေ့တာ။ မပေါက် ကွဲလိုက်လို့ ကံကောင်းသွားတယ်။ စခန်းနဲ့အနီးလေးဆိုတော့ ကလေးတွေက သွားပြီးကြည့်နေကြမှာ စိုးရိမ်ရတဲ့ အတွက် တတ်သိတဲ့သူတွေအနေနဲ့ အမြန်ဆုံး ဖယ်ရှားပေးစေချင်တယ်” ဟု စစ်ဘေးရှောင် မခင်ခင်လှက ပြော သည်။

လက်နက်ကြီးကျည် တွေ့ရှိသည့် နေရာတွင် တိုက်ပွဲဖြစ်ပွားမှု မရှိခဲ့သော်လည်း ယခင်တိုက်ပွဲကာလ ၂၀၁၈ ခုနှစ် က စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်အချို့ ကျရောက်မှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိတွင် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်ရှိရာကို လမ်းပိတ်ထားပြီး အနီးအနားသို့ မသွားလာကြ ရန် ကန့်သတ်ထားသည်။

DMG ၏ မှတ်တမ်းနှင့်သုတေသနဌာနက ထုတ်ပြန်သည့်အစီရင်ခံစာအရ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ရခိုင် ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် သေဆုံးသူ ၆၄ ဦး နှင့် ဒဏ်ရာရရှိသူ ၁၆၂ ဦး အထိရှိခဲ့သည်။

ထို့အပြင် စစ်ကောင်စီနှင့် AA တို့ အပစ်ရပ်စဲခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှ ၂၀၂၃ ခုနှစ် မေလ ၁ ရက် ထိ မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၆ ဦးနှင့် သေဆုံးသူ ၁၄ ဦးရှိခဲ့သည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...