ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF စစ်ဦးစီးချုပ်အပြောင်းအလဲပြုလုပ်

ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ CNDF စစ်ဦးစီးချုပ်အပြောင်းအလဲပြုလုပ်
CNO ဒု ဥက္ကဌ (၁) Salai Peter Thang နှင့် CNDF စစ်ဦးစီးချုပ်အသစ် Salai Daniel
CNO ဒု ဥက္ကဌ (၁) Salai Peter Thang နှင့် CNDF စစ်ဦးစီးချုပ်အသစ် Salai Daniel

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) သည် မကြာသေး ခင်ရက်ပိုင်းက CNDF စစ်ဦးစီးချုပ်ရာထူး အပြောင်းအလဲ ပြုလုပ်ခဲ့ကြသည်။

CNDF တွင် ယခင်က စစ်ဦးစီးချုပ် ရာထူးထမ်းဆောင်ခဲ့သော် Salai Peter Thang သည် ချင်းအမျိုးသားအဖွဲ့ ချုပ် (CNO) ၏ ဒု ဥက္ကဌ (၁) ရာထူးပေးအပ်ခံရပြီးနောက် လစ်လပ်သွားသော CNDF စစ်ဦးစီးချုပ်ရာထူး အတွက် Salai Daniel ကို သြဂုတ်လ ၂၆ ရက်နေ့က ခန့်အပ်လိုက်ကြောင်း CNDF က ထုန်ပြန်သည်။

“ချင်းအမျိုးသားအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ ၁ နေရာကို ယုံယုံကြည်ကြည်ပေးအပ်ကြတဲ့ ဗဟိုကောင်စီ အဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိပါတယ်။ အဖွဲ့ချုပ်က ပေးအပ်တဲ့ ချင်းအမျိုးသားရေးတာဝန်ကို ဆထက်တပိုး ထမ်းဆောင် သွား ပါမယ်လို့လည်း ဂတိပြုအပ်ပါတယ် ယခင် ဒုဥက္ကဌ ၁ သည် အမျိုးသား‌ရေး တာဝန်ထမ်းဆောင်ရင်း တိုင်း  ပြည်အတွက် အသက်ပေးဆပ်ခဲ့ရာ ၎င်းနေရာလစ်လပ်သဖြင့် လစ်လပ်နေရာတွင် တာဝန်ပေးခဲ့ကြခြင်း ဖြစ်ပါ တယ်” ဟု Salai Peter Thang က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် CNO သည် နိုင်ငံရေးဦးဆောင်ပါတီဖြစ်ပြီး CNDF မှာ သူ၏ လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

ယခု စစ်ဦးစီးချုပ်သစ်အဖြစ်ခန့်အပ်ခံရသော Salai Daniel သည် ယခင်က ကျောင်းဆရာတစ်ဦးဖြစ်ပြီး ၂၀၂၁ ခု နှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင် ပါ၀င်လာကာ လက်နက်ကိုင်တပ်ဖွဲ့ထဲ ၀င် ရောက်လာခဲ့သည်။ ထို့နောက် CNDF စတင်ဖွဲ့စည်းအချိန်ကတည်းကပင် ပါ၀င်လာသူနှင့် တပ်မဟားမှူး (၁) ရာထူးထမ်း ဆောင်နေသူ ဖြစ်သည်။

Salai Daniel သည် CNDF တပ်မဟာမှူး ၁ ရာထူးတာဝန်ထမ်းဆောင်နေချိန်အတွင်း ကလေးမြို့နယ် နတ်ချောင်း ကျေးရွာ တိုက်ပွဲအပါဝင် တိုက်ပွဲပေါင်းများစွာကို အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့သည့်အပြင် ဧပြီလ ၁၀ ရက်နေ့ ဖလမ်းမြို့နယ် ဗာရ်ကျေးရွာရှိ စစ်ကောင်စီစခန်းကို စစ်ရေးနည်းဗျူဟာ ပြောင်မြောက်စွာ သိမ်းပိုက် လိုက်နိုင်ခဲ့မှု တွင်လည်း အဓိက ဦးဆောင်သူ တစ်ဦးဖြစ်သည်။

၂၀၂၁ နွေဦးတော်လှန်ရေး စတင်ပေါ်ပေါက်ချိန်တွင် ဖလမ်းမြို့နယ်အတွင်းရှိ ချင်းလူမျိုးများနှင့် ဖလမ်းမြို့နယ်မှ အထက်ချင်းတွင်း ဒေသသို့ ရွှေ့ပြောင်းနေထိုင်သော ချင်းလူမျိုးက CNDF ကို ၂၀၂၁ ဧပြီလတွင် စတင်ဖွဲ့စည်းပြီး တိုက်ပွဲပေါင်း ၁၃၀ ကျော် ဆင်နွှဲထားပြီ ဖြစ်သည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...