ရွာငံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား

ရွာငံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၂၈ ရက်နေ့၊ နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် ရွာငံမြို့နယ် နှင့် သာစည်မြို့နယ်ကြားရှိ မြက်ခါးအင်း ကျေးရွာအနီး၌ စစ်ကောင်စီတပ် နှင့် PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီ စစ်ကြောင်းက သာစည်ဘက်နေ ရွာငံဘက်ကို ဦးတည်လာတဲ့ အချိန် အဲ့ဒီနားက စခန်းချနေတဲ့ PDF တွေနဲ့ တွေ့မိပြီး ပစ်ခတ်မှုတွေ ဖြစ်တာလို့ သိရပါတယ်။ အဲ့ဒီမှာ မိုးကာတဲလေးနဲ့ PDF တွေက နေနေတာ လေ။ ထိခိုက်ကျဆုံးမှုက ရှိတယ်လို့ ပြောပါတယ်။ အသေးစိတ်တော့ ကျနော်တို့ မသိရဘူး” ဟု ရွာငံဒေသခံ အမျိုးသား တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုထိတွေ့ တိုက်ပွဲ ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး ရွာငံမြို့နယ်မှ တောင်မတောင်ထိပ်အနီး တည်ဆောက်ထား သည့် မိုးကာတဲသုံးလုံး၊ လက်နက်ခဲယမ်းများအချို့ နှင့် PDF တစ်ဦး အသေ ရရှိကြောင်း စစ်ကောင်စီဝါဒဖြန့် Pindaya People's vioce က ဖော်ပြထားသည်။

လက်ရှိ အချိန်တွင် အဆိုပါ ဒေသအတွင်း လှုပ်ရှားနေကြသည့် PDF ပူးပေါင်း အဖွဲ့ဝင်များ အနေဖြင့် လုံခြုံရေး အရ မြေပြင် သတင်းအချက်အလက်အလုံးစုံ မသိနိုင်သေးကြောင်း မြေပြင်လှုပ်ရှားသည့် အမည်မဖော်လိုသူ PDF တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ထိတွေ့တိုက်ပွဲဖြစ်တာတော့ အမှန်ဖြစ်ပါတယ်။ ဒါပဲ ပြောနိုင်ပါသေးတယ်။ အခုလက်ရှိ အချိန်က ကျနော်တို့လူ ဘေးကင်းလုံခြုံဖို့ ကြိုးစားလုပ်ဆောင်ရမှာ ဖြစ်တယ်” ဟု အမည်မဖော်လိုသည့်  PDF တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်အာဏာသိမ်းမှု မဖြစ်ခင် ရွာငံမြို့နယ်တွင်း စစ်တပ်အခြေစိုက် လှုပ်ရှားမှု မရှိသော်လည်း လက်ရှိ စစ်အာဏာ သိမ်း နှစ်နှစ်ကျော်ကြာလာသည့် အချိန်တွင် ရွာငံမြို့နယ်အတွင်း၌ စစ်ကောင်စီလက်အောက်ခံ ဒေသတွင်း ပျူ စောထီးများ၊ စစ်ကောင်စီတပ်သားနှင့် ရဲများက နေ့စဥ်ကင်းလှည့်ခြင်းများပြုလုပ်သည့် အပြင် ကျေးရွာ အတွင်း စခန်းချနေထိုင်ခြင်းလည်း ပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ဓနုပြည်သူ့လွတ်မြောက်ရေး တပ်ဦး (DPLF) ဖွဲ့စည်းပြီးကြောင်း ကြေညာလိုက်သည့်နောက် စစ်ကောင် စီတပ်မှ လမ်းသွားလမ်းလာ ပြည်သူလူထုအပေါ်  စစ်ဆေးမှုများ ပိုမိုတင်းကြပ်စွာ လုပ်ဆောင်လာကြောင်းလည်း ဒေသခံများက ပြောသည်။

ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...