မူဆယ်မြို့က ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

မူဆယ်မြို့က ငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရ

မြန်မာ - တရုတ်နယ်စပ်ဒေသ မူဆယ်မြို့တွင် ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးသည်  ပိုက်ဆံ လုယက်ခံရပြီး သေနတ်ပစ်ခံရ၍ သေဆုံးသွားခဲ့သည်။

သြဂုတ်လ ၂၇ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင် အချိန်တွင် မူဆယ်မြို့ရှိ မြို့မဈေးလမ်းကြား၌ ငွေလဲလှယ် လုပ် ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးကို ဆိုင်ကယ်တစ်စီးနှင့် ရောက်ရှိလာသည့် အမျိုးသား ၃ ဦးက သေနတ် ဖြင့် ပစ်ခတ်ခဲ့ပြီး ပိုက်ဆံပါ လုယူသွားခဲ့ကြောင်း မူဆယ်မြို့ဒေသခံတစ်ဦးက ပြောသည်။

“အမျိုးသား ၃ ယောက်ပါတယ်။ သေနတ်နဲ့ လာပစ်သတ်သွားတာ။ ပိုက်ဆံတွေလည်း ယူသွားတယ်။ သေနတ် ပစ်ခံရတဲ့ အမျိုးသမီးက သွေးထွက်လွန်ပြီး ဆုံးသွားတယ်“ ဟု ဒေသခံတစ်ဦးက ပြောသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ အမျိုးသမီးသည် အသက် ၄၅ နှစ်ကျော် အရွယ်ရှိပြီဖြစ်ပြီး ဈေးထဲ၌ တရုတ်ယွမ်ငွေ နှင့် မြန်မာကျပ်ငွေ လဲလှယ်သည့် လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်သည်။

ထိုအမျိုးသမီးထံမှ ငွေတန်ဖိုးမည်မျှ ဆုံးရှုံးသွားသည်ကို မသိရသည့်အပြင် သေနတ်ဖြင့် လာရောက်ပစ်ခတ် သွားသည့် အမျိုးသား ၃ ဦးကလည်း မည်သူမည်ဝါဖြစ်သည်ကို မသိရသေးဘူးဟု မြို့ခံများက ပြောသည်။

“ကျမတို့တော့ အပြင်ထွက်မှာတောင် ကြောက်တယ်။ အခုခေတ်က အလုပ်ရှာပြီး မလုပ်စားတော့လည်း ငတ် တယ်။ အလုပ်လုပ်ပြီး ပိုက်ဆံရှိ၊ နာမည်ကျော်တော့လည်း ပစ်သတ်ခံရတယ်ဆိုတော့ ဘာပဲ လုပ်လုပ် ကြောက် နေရတာပေါ့ “ ဟု မူဆယ်မြို့နေ အိမ်ရှင်မတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အခြားသော တိုင်းနှင့်ပြည်နယ် အသီးသီးက မြို့နယ်များနည်းတူ မူဆယ်မြို့ တွင်လည်း ပစ်ခတ်မှု၊ လုယက်ခံရမှုနှင့် အမည်မသိ အလောင်းများလည်း မကြခဏတွေ့နေရသည်ဟု မြို့ခံများ က ပြောသည်။

အလားတူ မူဆယ်မြို့တွင် စီးပွားရေး လုပ်ငန်းရှင်များလည်း မကြာခဏ ပစ်သတ်ခံရသဖြင့် အချို့ စီးပွားရေး လုပ် ငန်းရှင်များသည် လုံခြုံရေးအတွက် ရန်ကုန်၊ မန္တလေး စသည့် မြို့ပြကြီးသို့ ရွှေ့ပြောင်း နေထိုင်သည်များပင် ရှိလာသည်ဟု မြို့ခံများက ဆိုသည်။

မူဆယ်မြို့နယ်တွင် စစ်ကောင်စီ အပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ် သည့် TNLA၊ SSPP/SSA နှင့် MNDAA တပ်များက လှုပ်ရှားသွားလာနေသည်ဟု ဆိုကြသည်။

Most read this week

February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...
February 12, 2026
အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားသည့် သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ (၄)...