ပင်းတယမှ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံခဲ့ရပြီး မုဒိမ်းပါ ပြုကျင့်ခံခဲ့ရဟု ပြော

ပင်းတယမှ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံခဲ့ရပြီး မုဒိမ်းပါ ပြုကျင့်ခံခဲ့ရဟု ပြော

သျှမ်းပြည် တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်မှ အမျိုးသမီးတဦး ဓားပြတိုက်ခံရသည့်အပြင် မုဒိမ်းပါ ပြုကျင်ခံ ရပြီး၊ ကျူးလွန်သည့် အမျိုးသားမှာမူ ထွက်ပြေးလွတ်မြောက်နေကြောင်း နီးစပ်သူများက ပြောသည်။

ဖြစ်စဥ်မှာ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့၊ ညနေပိုင်း ၅ နာရီဝန်းကျင် အချိန်တွင် ပင်းတယမြို့နယ် ကျုံးရွာအုပ် စုတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ရွာအပြင်ဘက်တွင် ကျွဲသွားကျောင်းရာ အပြန်လမ်း ပင်းတယ - ရွာငံ သွားလမ်းဘေး၌ အမျိုးသားတစ်ဦးမှ ဓားထောက် ဓားပြတိုက်သွားသည့်အပြင် မုဒိမ်းပါ ပြုကျင့်သွားခဲ့ ကြောင်း ကျူးလွန်ခံရသည့် အမျိုးသမီး နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုကိစ္စ နှင့် ပတ်သက်ပြီး ရွာလူကြီး နှင့် မြို့နယ်အုပ်ချုပ်ရေး ဝာာဝန်ရှိသူများကို တိုင်ကြားထားသော်လည်း တာဝန်ယူမှု မရှိသည့်အပြင် ကျူးလွန်သူ အမျိုးသားက ထွက်ပြေး လွတ်မြောက်နေသည်ဟု ဆိုသည်။

ကျူးလွန်ခံရသူ အမျိုးသမီးနှင့် နီးစပ်သူ တစ်ဦးက “အဲ့ဒီ အမျိုးသားမျက်နှာမှာ ပုဆိုးစလို ပုဝါနဲ့ စည်းထားတယ်၊ သူမ ဝတ်ထားတဲ့ ရွှေနားကပ် နဲ့ ဆွဲကြိုးကို ဓားပြ တိုက်ယူပြီး လူကိုလည်း ဓားထောက် မုဒိမ်းပြုကျင့်သွားတာ၊ ရွာထဲပြန်ပြောရင် အိမ်ထိလာ သတ်မှာလို့ ခြိမ်းခြောက်သွားတယ်။ မိန်းကလေးလည်း မိသားစုနဲ့ တိုင်ပင်ပြီးတော့ ရွာလူကြီးကို တိုင်ထားပေမဲ့ တရားခံ ကိုတော့ မဖမ်းမိသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

အမျိုးသမီးဆီမှ ဓားပြတိုက်ယူသွားသည့် ရွှေနားကပ်ကို ပင်းတယမြို့၊ ကျူံးစံပြကျေးရွာတွင် အမျိုးသားတစ်ဦး လာရောက် ရောင်းချသွားသည်ကို သိရကြောင်းလည်း ကျူးလွန်ခံရသူ အမျိုးသမီးနှင့် နီးစပ်သူက ပြောသည်။

ဖြစ်စဥ်မှာ ရက်ပေါင်း ၂၀ ကျော် ကြာလာခဲ့သော်လည်း ကျူးလွန်သူ တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိ သေးသည့်အပြင် ကျူးလွန်ခံရသူ အမျိုးသမီးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်နေပြီး အကူအညီများ လိုအပ်နေ သည်။

ကျူးလွန်ခံရသူ အမျိုးသမီးနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသားတစ်ဦးက “ရွှေနားကပ်ကို လာရောင်းသူရဲ့ လက် မှာ ကုတ်ရာတွေ၊ ကိုက်ရာတွေ ရှိတယ်တဲ့၊ အဲ့ဒါနဲ့ ကျနော်တို့ ဒီလူကို သံသယရှိသွားပြီး လိုက်ရှာတဲ့အချိန် သူက ထွက်ပြေး လွတ်မြောက်သွားပြီ၊ ရွာလူကြီးတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေသာ နည်းနည်း အားစိုက်ပြီး လုပ် ပေးရင် တရားခံကို မမိနိုင်စရာ အကြောင်း မရှိဘူး၊ အခုက သာမာန်ဖြစ်ရိုးဖြစ်စဥ်လို နေနေတော့ ကျနော်တို့မှာ ကိုယ့်အားကိုယ်ကိုးပြီး မတရားမှုကို ရင်ဆိုင်နေရတာ” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ကျူးလွန်ခံရသူ အမျိုးသမီးတွင် ရုန်းကန်မှုများကြောင့် ပွန်းပဲ့ဒဏ်ရာ၊ ညိုမဲဒဏ်ရာများရရှိခဲ့သည့် အပြင် လက်ရှိ တွင် ကိုယ်ဝန်ရှိ၊ မရှိကိုလည်း မသိရသေးကြောင်းလည်း အထက်ပါ ဆွေမျိုးတော်စပ်သူက ဆက်ပြောသည်။

ရှမ်းပြည်နယ်အတွင်း လိင်ပိုင်းဆိုင်ရာ နှင့် ကျား - မ ကွဲပြားမှုပေါ် အခြေခံသည့် အကြမ်း ဖက်မှုများ တိုးမြင့်လာကြောင်း ရှမ်းအမျိုး သမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေး အသင်း (SWAN ) မှ သြဂုတ် ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မေလ မှ ဇွန်လ အထိ ကောက်ယူထားသည့် စာရင်းအရ အိမ်တွင်းအကြမ်းဖက်မှု ၄ မှု၊ မုဒိမ်းမှု ၁၊ သက်ငယ် မုဒိမ်းမှု ၁ မှု၊ အသက်မပြည့်သေးသူ နှင့် ကာမစပ်ယှက်မှု ၁ မှု၊ မုဒိမ်းကျင့်ရန်ကြိုးစားမှု ၁ မှု နှင့် လိင်ပိုင်းဆိုင်ရာ အကြပ်ကိုင်မှု ၂ မှု ရှိလာကြောင်း SWAN ၏ ထုတ်ပြန်ချက်အရ သိရသည်။

Most read this week

December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...