စစ်ကောင်စီ ပိတ်ထားသည့် မိုင်းနောင် - လဲချား ကားလမ်းပိုင်း ယနေ့ထိ မဖွင့်သေး

စစ်ကောင်စီ ပိတ်ထားသည့် မိုင်းနောင် - လဲချား ကားလမ်းပိုင်း ယနေ့ထိ မဖွင့်သေး

သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီ ပိတ်ထားသည့် မိုင်းနောင် - လဲချားကို ဆက်သွယ်ထားသည့် လမ်းပိုင်းသည် ယနေ့အထိ မဖွင့်နိုင်သေးကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ မိုင်းနောင် အခြေစိုက် စကခ ၂ မှ ပိတ်ထားသည့် မိုင်းနောင် - လဲချားလမ်း ယနေ့ အချိန်ထိ မဖွင့်သေးသည့်အတွက် ပြည်သူလူထု၏ သွားရေးလာရေး ခက်ခဲစေသည့်အပြင် ခရီးကြန့်ကြာမှုလည်း ဖြစ်စေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒေသခံအမျိုးသား တစ်ဦးက “စစ်ကောင်စီတွေ ပိတ်ထားတော့ လဲချားကနေ နမ့်စန်ဘက်ကို ဆန်သယ်သွားလို့ လည်း မရဘူး၊ အဲ့ဘက်ကို သွားမရတော့ လဲချားဘက်ကို ပြန်လာပြီး ပင်လုံဘက်ကို သွားရတယ်။ ဒါကြောင့် မကြာသင့်ပဲ ကြာသွားတာပေါ့” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

လဲချား - မိုင်းနောင် - မိုင်းရှူး ကားလမ်းသည် လဲချား မှ မိုင်းနောင်သို့ နာရီပေါင်း ၂ နာရီ ခရီးနှင့်၊ မိုင်းနောင် မှ မိုင်းရှူးသို့ ၁ နာရီ ခရီးရှိသည့်အတွက် စုစုပေါင်း ၃ နာရီဝန်းကျင်ခန့်သာ ကြာမြင့်ကြောင်းလည်း ဒေသခံများက ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က လမ်းပိတ်ထားသည့်အတွက် မိုင်းရှူးသို့ သွားလိုပါက နမ့်စန် - ခိုလမ် - ဝမ်စိမ်း စသဖြင့် ကွေ့ပတ်သွားရသည့်အတွက် ပိုမိုခက်ခဲကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြော သည်။

ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာအတွင်း ဝင် ရောက်နေရာယူကာ လမ်းများကိုလည်း ပိတ်လိုက်ခြင်းဖြစ်သည်ဟု SSPP/SSA ၏ မြေပြင် အရာရှိ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒေသအတွင်း လှုပ်ရှားသည့် SSPP/SSA ၏ မြေပြင် အရာရှိ တစ်ဦးက “မိုင်းနောင် - ကျေးသီး ဘက်မှာတော့ ကျနော်တို့နဲ့ စကစကြား စစ်ရေးတင်းမာမှု မရှိပါဘူး၊ စစ်ရေးတင်းမာမှု ရှိတဲ့ နေရာတွေက လဲချား တောင်ဘက် နဲ့ အရှေ့ဘက်တွေ ဖြစ်ကြတယ်၊ အခုလို လမ်းပိတ်ထားတာကလည်း လုံခြုံရေး ကိုအကြောင်းပြတယ်ဆိုပေမဲ့ အဓိ က ကတော့ ကျနော်တို့ ဆီကို ရိက္ခာတွေ၊ အကူညီတွေ ရောက်လာ မှာ စိုးရိမ်နေတာ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ ကားလမ်းပိတ်ထားသည့်အတွက် ပြည်သူတို့၏ သွားရေးလာရေး နှင့် ဒေသအတွင်း ကုန်သွယ်ရေးပါ ထိခိုက်လာသည့်အတွက် လမ်းကြောင်းကို အမြန်ဆုံး ပြန်လည်ဖွင့်ပေးစေလိုကြောင်းလည်း ဒေသခံများက တောင်းဆိုနေကြသည်။

လဲချား - မိုင်းနောင် ကားလမ်းကြောင်းသည် မိုင်ပေါင်း ၈၁ မိုင် ရှည်လျားပြီး ၃ နာရီသာ မောင်းနှင်ရသည့် အတွက် လက်ရှိ အသုံးပြုရသည့် မိုင်းကိုင် - ကျေးသီး - မိုင်းနောင် - မိုင်းရှူး လမ်းကြောင်းသည် ၆ နာရီ ထက် မနည်း မောင်းနှင်ရသည့်အပြင် အချိန်ပို ကြန့်ကြာသော လမ်းကြောင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Most read this week

December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...