တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဆိုင်ခန်းများ စက်ယန္တရားဖြင့် ဖြိုဖျက်နေ

တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဆိုင်ခန်းများ စက်ယန္တရားဖြင့် ဖြိုဖျက်နေ
ပုံဟောင်း (ဆိုင်ခန်းများကို ဖျက်ဆီးစဥ်)
ပုံဟောင်း (ဆိုင်ခန်းများကို ဖျက်ဆီးစဥ်)

သျှမ်းပြည် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ ပြည်တော်သာ ရပ်ကွက်ရှိ ယခင် ဆောက်လုပ်ရေးဝန်ကြီး ဌာနပိုင် မြေကွက်ပေါ် တည်ဆောက်ငှားရမ်းထားသည့် ဆိုင်ခန်းများကို စက်ယန္တရားများဖြင့် ဖြိုဖျက်နေကြောင်း ဒေသခံများက ပြောသည်။

သြဂုတ်လ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်ရှိ မင်းကျောင်းဘုန်းကြီးကျောင်း အနီး ဆိုင်ခန်းများကို စက်ယန္တရားများဖြင့် လူတစ်စုက လာရောက် ဖြိုဖျက်ခဲ့ကြောင်း တောင်ကြီး ဒေသခံများက ပြောသည်။

တောင်ကြီး ဒေသခံ အမျိုးသားတစ်ဦးက “အဲ့ဒီ နေရာမှာ စည်ပင်က ဝန်ထမ်း ၃-၄ ယောက်လည်း ရောက်နေ တယ်၊ အဲ့နားက လူတွေကို မေးကြည့်တော့ အရင်က အစိုးရပိုင်မြေ ဖြစ်ပေမဲ့ အခုက ကန်ထရိုက်တာ တစ်ဦး ဆီကို ရောင်းလိုက်လို့ ဆိုင်ခန်းတွေကို အကုန် ပြောင်းရွှေ့ခိုင်းတာ၊ ဒီနေ့ စက်တွေနဲ့ လာဖြိုတာပေါ့၊ ၄-၅ ခန်း လောက်တော့ ဖြိုပြီးသွားပြီ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နေရာသည် ယခင်အချိန်က ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် နယ်မြေဖြစ်ပြီး ဆိုင်ခန်းများကို ငှားရမ်းသူ အဆက်ဆက် ပြောင်းရွှေ့နေထိုင်ကြပြီး လက်ရှိ စစ်အာဏာသိမ်းပြီးနောက် ကန်ထရိုက်တာတစ်ဦးက ဝယ်ယူ လိုက်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အစိုးရပိုင်မြေကို ပုဂ္ဂလိကပိုင်ဖြစ်အောင် ကန်ထရိုက်ဆီသို့ အရောင်းအဝယ်လုပ်ခြင်းနှင့် ပတ်သက် ပြီး နှစ်ဖက်အချင်းချင်း ညှိနှိုင်းမှု ရှိနိုင်မည် ဖြစ်ကြောင်းလည်း အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“အခု ဖျက်တာက အစိုးရဖျက်တာ မဟုတ်ဘူး။ ကန်ထရိုက်တာက အဆင့်မြင့် အဆောက်အဦး ဆောက်ဖို့ ထွက် ခိုင်းတာ မထွက်လို့ ဘူဒိုဇာတွေနဲ့ ထိုးဖျက်လိုက်တာလို့ သိရတယ်၊ အစိုးရပိုင်မြေကနေ အခုကြတော့ ဘယ်ကနေ ဘယ်လိုငြိလိုက်တယ် မသိဘူး။ ကန်ထရိုက် တစ်ယောက်က ပိုင်သွားတယ်လို့ သိရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကိုပြောသည်။

အဆိုပါ ဆိုင်ခန်းများသည် စုစုပေါင်း အခန်းပေါင်း ၂၀ ကျော် ရှိနေပြီး ကွမ်းယာဆိုင်၊ ကုန်စုံဆိုင် အသေး၊ ဆေး ဆိုင်၊ ဆေးခန်း နှင့် ဝပ်ရှော့များလည်း ဖွင့်လှစ်ထားသည့် နေရာ ဖြစ်သည်။

လက်ရှိတွင် ဆိုင်ခန်းဖျက်သိမ်းခံရသူများသည် အိမ်တွင်းပစ္စည်းများလည်း အနည်းငယ်ကိုသာ ယူဆောင်နိုင်ပြီး ဆိုင်ခန်းအဖျက်မခံရသေးသည့် သူများကလည်း ပြောင်းရွှေ့ရန်အတွက် ပြင်ဆင်နေကြသည်ဟု အနီးပတ်ဝန်း ကျင်တွင် နေထိုင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အနီးပတ်ဝန်းကျင်တွင် နေထိုင်သူ တစ်ဦးက “ဒီနေ့မှာ ဖျက်ခံလိုက်ရတဲ့ ဆိုင်ခန်းက သူတွေကတော့ ဘာပစ္စည်းမှ တော့ မသိမ်းလိုက်ရဘူးပေါ့၊ အခုကျန်နေတဲ့ သူတွေကလည်း ပြောင်းရွှေ့ဖို့ ပစ္စည်းတွေ သိမ်းနေကြပြီ၊ အမှန် တော့ ဒီလို မလုပ်သင့်ပါဘူး။ အားလုံး အခက် အခဲကိုယ်စီ ရှိနေချိန် နေစရာမဲ့သွားအောင် ထပ်လုပ်တာက လူမ ဆန်တဲ့ လုပ်ရပ်ဖြစ်တယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင်းကလည်း တောင်ကြီးမြို့ရှိ စစ်တပ်၏ တပ်ပိုင်နယ်မြေအတွင်း ဆိုင်ခန်းများ ဖြို ဖျက်ခံရပြီးနောက် ဒေသခံအချို့မှာ အလုပ်လက်မဲ့ဖြစ်ကာ အခက်အခဲ အမျိုးမျိုး ကြုံတွေ့နေရကြောင်း မြို့ခံများက ဆိုသည်။

Most read this week

December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...