တမူးမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်

တမူးမြို့နယ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်
ပုံအညွှန်း - အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲဘော်များ  ဓါတ်ပုံ - အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)
ပုံအညွှန်း - အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲဘော်များ ဓါတ်ပုံ - အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် YCDC ဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကာကွယ် ရေးပူးပေါင်း တပ် ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က ဩဂုတ်လ ၁၉ ရက်နေ့က ထုတ်ပြန် သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အနီးပတ်ဝန်းကျင်ရှိလယ်ယာများတွင် လုပ်ငန်းလုပ်ကိုင်နေသော ဒေသ ခံများကို ခြိမ်းခြောက်ကာ လူသားဒိုင်းအဖြစ် အသုံးပြုနေသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ငါးနာရီကျော် အကြာ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သေဆုံးဒဏ်ရာရသူ များပြားခဲ့ပြီး ကာကွယ် ရေးတပ်ဖွဲ့မှ ဗိုလ်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုနေ့ ည ၈ နာရီ ၁၁ မိနစ်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်ဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ သော်လည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါတိုက်ပွဲကို အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)နှင့်အတူ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (CNDF)၊ ထာလ်ဒို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TDA) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဩဂုတ်လ ၁၉ ရက်နေ့အထိ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် ကလေး-တမူး အာရှလမ်းမရှိ ကမ္မကြီးကျေးရွာမှ ဘုတ်ကန်ကျေးရွာအထိလမ်းပိုင်းအား စစ်ရေးအခြေအနေအရ ဒေသခံများအနေဖြင့် အသုံးမပြုကြရန် ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ဩဂုတ်လ ၃ ရက်နေ့က ခါမ်းပါတ်မြို့မှထွက်ခွာလာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းနှင့် NLA တပ်ဖွဲ့တို့ ကံမ္မကြီးရွာအနီးရှိ ကုန်ထုတ်လမ်းအနီးတွင်  မိနစ် ၂၀ ကြာ တိုက်ပွဲဖြစ် ပွားခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် ဩဂုတ်လ ၄ ရက်နေ့တွင်လည်း ထင်းဇင်ရွာသစ်တွင် ယင်းစစ်ကြောင်းနှင့် ကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိသွားသည်ဟု ထုတ် ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့မှပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် NLA တပ်ဖွဲ့မှ ဒုဗိုလ် တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...
၂၀၂၅ မေလ တွင် ဗန်းမော်မှ ရွှေကူမြို့၌ ဆင်းသက်သည့် ရဟတ်ယာဉ်ကို KIA တပ်က တိုက်ခိုက်သဖြင့် ရဟတ်ယာဉ်လေဒလက်အနီး ပေါက်ကွဲမှုဖြစ်ခဲ့ပုံ။ (Kachin Sub State Media)
March 7, 2026
ဂျူချန်း — တိုက်ပွဲဖြစ်ပွားနေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် Mi17 ရဟတ်ယာဉ်တစီး ပစ်ခတ်ခံရကာ...