ပင်လောင်းမြို့နယ် စစ်ရှောင်နေရပ်ပြန်နိုင်ရေး မြေမြုပ်မိုင်း ကိုယ်တိုင်ရှင်းလင်းနေရ

ပင်လောင်းမြို့နယ် စစ်ရှောင်နေရပ်ပြန်နိုင်ရေး မြေမြုပ်မိုင်း ကိုယ်တိုင်ရှင်းလင်းနေရ

သျှမ်းပြည် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ကျေးရွာဒေသအတွင်းသို့  စစ်ရှောင်များ ပြန်လည် နေထိုင်ရန် မြေမြုပ်မိုင်းများကို ကိုယ်တိုင် ရှင်းလင်းနေရကြောင်း ဒေသခံစစ်ရှောင်များက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီမှ မေလအထိ သုံးလနီးပါးကြာ စစ်ကောင်စီ နှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များအကြား ဖြစ် ပွားခဲ့သည့် ဖယ်ခုံ - ပင်လောင်း နယ်စပ်ဒေသ အသီးသီးမှ ကျေးရွာတွင် မြေမြုပ်မိုင်းများ ထောင်ထားခြင်း ကြောင့် လက်ရှိအချိန်ထိ စစ်ရှောင်များ နေရပ်မပြန်နိုင်သေးကြောင်း စစ်ရှောင် ကော်မတီတစ်ဦးက ပြောသည်။

လက်ရှိမှာ နေရပ်ပြန်နိုင်ရေးအတွက် ဒေသခံကိုယ်တိုင်က ပေါက်ပြားဖြင့် တူးကာ မြေမြုပ်မိုင်းများကို ရှာဖွေ ရှင်းလင်းနေရကြောင်း ဆိုသည်။

“ကျနော်တို့ တောင်စလုံးဘက်က ရှာတာ မိုင်းက ရှေ့ထွက်မိုင်းကော၊ ၁၆ မိုင်းကော၊ ၁၄ မိုင်းကော အားလုံးပေါင်း ၁၀၀ ကျော်လောက်ရတယ်။ နောက်ထပ် ရှာဖို့ မြောက်စလုံးတစ်ရွာ ကျန်တယ်။ နောက်ပြီး နမ့်နိန်း၊ လုံးပျဉ်တို့ မှာ ထပ်ရှာဖို့အများကြီး ရှိသေးတယ်။ အဲ့မိုင်းရှာတဲ့ဘက်က ကျနော်တို့ ပေါက်ပြားနဲ့ဘဲ ရှာတာ။ ခေတ်မှီတဲ့ စက် မရှိဘူး“ ဟု စစ်ရှောင်ကော်မတီ တစ်ဦးက ပြောသည်။

အဆိုပါ မြေမြုပ်မိုင်းများသည် ကျေးရွာအတွင်းရှိ ဒေသခံ နေအိမ်များ၏ အုတ်တံတိုင်းနဘေးနှင့် အုတ်ခုံနဘေး စသည့် အကာအကွယ်ယူနိုင်သည့် နေရာများ၊ ပုန်းခိုနိုင်သည့် နေရာများကြားတွင် အများအပြား တွေ့ရှိရ ကြောင်း ဆိုသည်။

အလားတူ စစ်ကောင်စီတပ်စွဲ နေထိုင်ခဲ့သည့် တောင်ကုန်းပေါ်တွင်လည်း အနီးတဝိုက်ရှိ ကျောက်ဆောင်၊ ကျောက်ခဲကြားနှင့် တောတောင်အတွင်း မိုင်းများမြုပ်ထားခြင်းကြောင့် ဒေသခံများ လယ်ယာသို့ သွားရန် စိုးရိမ် နေကြောင်း ဒေသခံစစ်ရှောင်များက ပြောသည်။

“အခုထိ စိုးရိမ်နေရသေးတယ်။ မြောက်စလုံးက သင်္ချိုင်းကုန်းတွေဆို ထင်းရှူးတောတွေ ထူတယ်လေ။ ရှေ့ထွက် မိုင်းတွေကော ရှိတယ်။ တိုက်မိုင်း၊ ၁၄ မိုင်း၊ ၁၆ မိုင်းတွေရှိတယ်။ ဒါတွေက တောထဲဆိုတော့ လုံးဝ မရှာနိုင်သေး ဘူး။ ဒါပေမယ့် အဲ့ဧရိယာတွေကို ရွာသားတွေ လုံးဝ သွားခွင့်မပေးဘူး။ သွားချင်ရင် ဘယ်သူမှ တာဝန်မယူပေး နိုင်ဘူးပေါ့“ ဟု ၎င်းစစ်ရှောင်ကော်မတီတစ်ဦးက ထပ်လောင်း ပြောသည်။

ထိုကဲ့သို့ မြေမြုပ်မိုင်းများ ရှာဖွေရှင်းလင်းခဲ့ရာ တိုက်ပွဲဖြစ်ပြီးနောက်ပိုင်းမှ လက်ရှိအချိန်ထိ မြေမြုပ်မိုင်းများ အလုံး ၁၂၀ ခန့် ရှာဖွေနိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တပ်သား ၄ ဦး၊ ဒေသခံ အမျိုး သား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

Most read this week

December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...
Photo credit - CJ
December 4, 2025
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့်...