ကိုဗစ်ကာကွယ်ဆေးအတုများ ဈေးကွက်အတွင်းပျံ့နှံ့နေကြောင်း FDA ထုတ်ပြန်

ကိုဗစ်ကာကွယ်ဆေးအတုများ ဈေးကွက်အတွင်းပျံ့နှံ့နေကြောင်း FDA ထုတ်ပြန်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အတုများ ဈေးကွက်အတွင်း ပျံ့နှံ့လာ၍ ပြည်သူများအနေဖြင့် သတိထားသုံးစွဲကြရန် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က သတိပေးထားသည်။

အချို့သောဆေးခန်းများနှင့် Online Clinic များတွင် Facebook Page များမှတစ်ဆင့် တရားမဝင်တင်သွင်း ရောင်း ချနေသာ ကိုဗစ်ကာကွယ်ဆေး အတုများအား ထိုးနှံပေးနေသည်ကို တွေ့ရှိရကြောင်း ဩဂုတ်လ ၁၈ ရက်နေ့တွင် FDA က ထုတ်ပြန်သည်။

ဈေးကွက်အတွင်းပျံ့နှံ့နေသော ကိုဗစ်ဆေးအတုများမှာ Moderna COVID-19 Bivalent Original and Omicron BA4/BA5 ကာကွယ်ဆေးနှင့် Lot No.AS7185B (Exp: Date 04 July 2023) ၊ Lot No. AS7144B (Exp: Date 12 May2023) ကာကွယ်ဆေးတို့ ဖြစ်သည်။

“ဒီဆေးတွေဟာ အတုတွေဖြစ်တဲ့အကြောင်း WHO က အသိပေးထားတယ်။ အရေးယူမှုကတော့ လုပ်နေတယ်။ ဈေးဆိုင်နှစ်ဆိုင်ကို အရေးယူထားပါတယ်။ အွန်လိုင်းက ဈေးဆိုင်တွေကတော့ နေရာအတည်အကျ မသိရတာ တွေကြောင့် အရေးယူရတာ အတော်ခက်တယ်” ဟု FDA တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကာကွယ်ဆေးအတုများမှာ အန္တရာယ်ရှိသဖြင့် ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ထိုးနှံပေးနေသော ကိုဗစ် ကာကွယ်ဆေးများကိုသာ ထိုးနှံကြရန် FDA က တိုက်တွန်းထားသည်။

“ဈေးကွက်မှာတော့ မှတ်ပုံမတင်ထားတဲ့ဆေး၊ မှတ်ပုံတင်ထားတဲ့ဆေးတွေက ပြန့်နေတာကြာပြီ။ FDA က ဘယ် လိုအရေးယူလဲတော့ မသိဘူး။ မှတ်ပုံမတင်ထားတဲ့ ဆေးကတော့ ဈေးကွက်မှာ ဈေးသက်သာတယ်။ ဒါပေမဲ့ သုံး စွဲသူတွေအတွက် အန္တရာယ်ရှိတယ်” ဟု  ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ဆေးခန်းဖွင့်ထားသည့် ဆရာဝန်တစ်ဦး က ပြောသည်။

မှတ်ပုံမတင်ဘဲ ရောင်းချနေသောဆေးဆိုင်များ၊ ကုမ္ပဏီများကို လုပ်ငန်းလိုင်စင် သုံးလမှ ခြောက်လအထိ ပိတ် သိမ်းခြင်း၊ ပြစ်မှုထင်ရှားလျှင် အစားအသောက်နှင့် ဆေးဝါးကွက်ကဲရေးဥပဒေဖြင့် ထောင်ဒဏ်ချမှတ်ခြင်း၊ လိုင် စင် ရာသက်ပန်ပိတ်သိမ်းခြင်းထိ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ထားကြောင်း FDA က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် နိုင်ငံ့စီးပွားရေး ဂယက်ရိုက်ခတ်နေမှုနှင့်အတူ တရားမဝင် လုပ်ငန်းများ တွင်ကျယ်လာနေသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...