ပုလောမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့ရှာဖွေမှုများ ပိုမိုပြုလုပ်လာ

ပုလောမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့ရှာဖွေမှုများ ပိုမိုပြုလုပ်လာ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ခရီးသည်များ တင်ဆောင် လာသော ကုန်ပစ္စည်းများကို တင်းတင်းကြပ်ကြပ် ရှာဖွေ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ပုလောမြို့အတွင်းဝင်မည့် လမ်းများတွင် စစ်ဆေးရေးဂိတ်ပေါင်း ၇ခုထက် မနည်းရှိနေပြီး ယခုရက်ပိုင်းအတွင်း လုံခြုံရေးများ တိုးမြင့်ချထားကာ ဒေသခံများသယ်ဆောင်သည့် ကုန်ပစ္စည်းများကို အသေးစိတ်ရှာဖွေ စစ်ဆေး ခြင်းများ ပိုမိုလုပ်‌ဆောင်လာနေကြောင်း ၎င်းလမ်းပိုင်းကို အသုံးပြုနေသည့် ဒေသခံတစ်ဦးက ပြောသည်။

၎င်းဒေသခံက “အရင်ကဆိုရင် ရွာကတက်လာပြီးဆိုရင် လမ်းတွေပိတ်ထားတယ်။ အခုရက်ပိုင်းကျတော့ မြို့ထဲ တိုက်ပွဲမရှိတော့ လမ်းဖွင့်ပြီး ဂိတ်တွေမှာ တော်တော်စစ်တယ်။ ကားပေါ်တွေတက် ပစ္စည်းတွေကို အတင်းရှာ တယ်။ ပြီးတော့ သူတို့မေးချင်တာကို မေးတော့တာပဲ။ ဂိတ်တစ်ဂိတ်တိုင်းကို စစ်သားတွေများများ တွေ့ရတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပုလောမြို့အဝင်တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် များလာပြီး အဆို ပါ ဂိတ်များတွင် ပြည်သူများထံမှ ငွေညှစ်တောင်းခံခြင်းများကို ဆက်တိုက် ပြုလုပ်နေသည့်အပြင် ယခု ဩဂုတ် လ ပထမအပတ်မှ စတင်ကာ ဒေသခံများတင်ဆောင်လာသည့် ကုန်ပစ္စည်းများကိုလည်း သိမ်းဆည်းခြင်းများ လုပ်ဆောင်လာကြောင်း ပုလောမြို့ရှိ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က ဆန်တွေပါလာရင် ယူလိုက်တယ်။ ဘာမှပြန်ပြောလို့လည်းမရဘူး။ ဆီဗူးတွေရော အကုန် သိမ်းတယ်။ ပြီးတော့ သူတို့တောင်းသလောက်ငွေကိုလည်း ပေးရတယ်။ တခြားလမ်းကသွားရင်လည်း ဝေးတော့ ဒီလမ်းကိုပဲ အသုံးပြုနေရတယ်” ဟု ပုလောမြို့ ဒေသခံက ကေအိုင်စီ သို့ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များထဲမှ မှော်ကြောင်းကျေးရွာ စစ်ဆေးရေးဂိတ်၌ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ဒေသခံများကို ဖြတ်သန်းသွားခွင့် ပိတ်ထားခဲ့သေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

စစ်အုပ်ချုပ်ရေးနယ်မြေ အဖြစ်သတ်မှတ်ထားသည့် ပုလောမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်း လက်နက်ကြီးများ အထိုင်ချကာ အနီးကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိ ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...
April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...