ရေနစ်မြုပ်ပျက်စီးသွားသည့် လယ်ယာများကို ပြန်လည်စိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေ

ရေနစ်မြုပ်ပျက်စီးသွားသည့် လယ်ယာများကို ပြန်လည်စိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေ

ရခိုင်ပြည်တွင် ရေကြီးရေလျှံမှုကြောင့် ရေနစ်မြုပ်ပျက်စီးသွားသည့် လယ်ဧကများကို ပြန်စိုက်ပျိုးရန် အခက် အခဲများနှင့် ကြုံတွေ့နေရကြောင်း လယ်သမားများက ပြောဆိုကြသည်။

ဩဂုတ်လဆန်းပိုင်းမှစ၍ မိုးရွာသွန်းမှုနှင့်အတူ ရေကြီးမှုကြောင့် ထွန်ယက်စိုက်ပျိုးပြီး စပါးပင်များမှာ ရွှံ့၊ နွံ ဖုံးလွှမ်းကာ သေကြေပျက်စီးသွားသဖြင့် ပြန်လည်စိုက်ပျိုးရန် ငွေကြေး၊ မျိုးစပါးနှင့် ပျိုးပင် အခက်အခဲများ ရှိနေကြသည်။

ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာမှ လယ်သမား ဦးလှမောင်သိန်းက “အကူအညီမရရင် လယ်သမားတွေ က ဆင်းရဲကြတော့ ပျိုးတွေရှာပြီး စိုက်ပျိုးမယ်ဆိုရင်လည်း ဒီအချိန်က လယ်သမားတွေမှာ ငွေကြေးကြပ်တည်း ချိန်ဆိုတော့ မစိုက်ပျိုးနိုင်တဲ့နေရာတွေကို ဒီအတိုင်းပဲထားရတော့မယ်” ဟု ပြောသည်။

ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာတွင် ရေကြီးမှုဒဏ်ကို ကြုံတွေ့ခဲ့ရသဖြင့် လယ်ဧက ၆၀ ခန့် ပျက်စီး သွားခဲ့ပြီး ပြန်လည်စိုက်ပျိုးရန် အခက်အခဲရှိနေကြောင်း လယ်သမားများက ပြောသည်။

မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာတွင် ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် လယ်ဧက ၇၀၀ ခန့်ကို ပြန်လည် ထွန်ယက်နေကြသော်လည်း မျိုးစပါးရှားပါးမှုကြောင့် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန် မသေချာကြောင်း လယ်သမား က ပြောသည်။  

မင်းဖူးကျေးရွာက လယ်သမား ဦးမောင်လှက “မျိုးစပါးတွေက သူများတွေဆီကရှာပြီးတော့ ကြဲနေကြရတယ်။ မျိုးစပါးအခက်အခဲ ရှိနေကြတယ်” ဟု ပြောသည်။

မိုးနှောင်းပိုင်းကာလဖြစ်၍ လယ်သမားများမှာ ပေါ်ဆန်မွှေးကဲ့သို့  ရက်ရှည်စပါးများကိုစိုက်ပျိုးရန် အချိန်မလုံ လောက်သဖြင့် ရက်တိုစပါးမျိုးစေ့များကိုသာ ရှာဖွေ စိုက်ပျိုးနေကြရသည်။

ရခိုင်ပြည်က လယ်သမားများမှာ ယခုနှစ်လယ်ယာလုပ်ငန်းကို မုန်တိုင်းဒဏ်ကြားမှ အခက်အခဲအမျိုးမျိုးနှင့် လုပ်ကိုင်ခဲ့ကြသော်လည်း ရေကြီးမှုဒဏ်ကို ထပ်မံကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

“လယ်သမားတွေမှာ လယ်ကလွဲပြီးတော့ ဘာမှမလုပ်တတ်ကြဘူးဆိုတော့ မျိုးစပါးတွေ ဖြစ်သလိုရှာပြီးတော့ ပြန်ပြီးစိုက်ပျိုးနေကြတဲ့ အနေအထားလောက်ပဲ တွေ့ရတယ်” ဟု ဓညဝတီတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောသည်။

လယ်ဧကပျက်စီးမှုနှင့်ပတ်သက်၍  ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူး ဦးထွန်းမြင့် က “ပျက်စီးသွားတဲ့ လယ်ဧကစာရင်းကို မြို့နယ်အဆင့်ဦးစီးအရာရှိတွေကို ကွင်းဆင်း စာရင်းကောက်ခိုင်းထား တယ်။ မျိုးပါးနဲ့ ပျိုးပင်ထောက်ပံ့ဖို့ အစီအစဉ်တွေလည်း ရှိတယ်။ ဒါပေမဲ့ ပြည်နယ်အစိုးရ (စစ်ကောင်စီ)နဲ့ အစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်ရမယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီဌာနက ကောက်ယူထားသည့် စာရင်းများအရ ရခိုင်ပြည်တွင် ရေကြီးမှုကြောင့် လယ်ဧက စုစုပေါင်း ၈,၈၄၈ ဧက ပျက်စီးခဲ့ပြီး လယ်ဧက ၁၁,၁၃၂ ဧက ထိခိုက်ခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော်(ULA/AA)က ကောက်ယူထားသောစာရင်းတွင် လယ်ဧက စုစုပေါင်း ခုနစ်သောင်းကျော် ပျက်စီး ခဲ့ပြီး ကျွဲ၊ နွား၊ ဆိတ်၊ ဝက် အကောင်ရေ ၁၃၉ ကောင် သေဆုံးသွားကြောင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ပုံစာ -  ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားသည့် ကျောက်တော်မြို့နယ်၊ ကြောင်ဖိုရွာက လယ်ကွင်းများအား ဩဂုတ်လ ၁၄ ရက်နေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

 

Most read this week

ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...