ရခိုင်က အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ညိုအေးကို ပုဒ်မ ၅၀၅-ခ ဖြင့် အမှုဖွင့်

ရခိုင်က အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ညိုအေးကို ပုဒ်မ ၅၀၅-ခ ဖြင့် အမှုဖွင့်
ဩဂုတ် ၁၃ ရက်နေ့က  ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားတွင် ဒေါ်ညိုအေး အားတွေ့ရစဉ်။
ဩဂုတ် ၁၃ ရက်နေ့က ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ် အခမ်းအနားတွင် ဒေါ်ညိုအေး အားတွေ့ရစဉ်။

ရခိုင်အမျိုးသမီးများကွန်ရက် (RWN) ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ဩဂုတ်လ ၁၅ ရက်နေ့၊ နေ့လယ်ပိုင်းက စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ နေအိမ်မှ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခဲ့ပြီး နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ -ခ ဖြင့် အမှုဖွင့်လိုက်သည်။

ဩဂုတ်လ ၁၃ ရက်နေ့က ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦးဆောင်ပြုလုပ်သည့် ၅၆ နှစ်မြောက် စစ်တွေ ဆန် ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပသည့်ကိစ္စနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းစရာ ရှိသည် ဟုဆိုကာ ရဲစခန်းက ခေါ်လာပြီးနောက် ချက်ချင်းအမှုဖွင့်ကာ ရမန်ယူလိုက်ကြောင်း မိသားစုဝင်တစ်ဦးက ပြော သည်။

“ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ရဲတွေက ရုံးခန်းကိုလာပြီးတော့ ဆန်ပြဿနာနေ့နဲ့ပတ်သက်ပြီး စကားနည်း နည်းပြောစရာရှိတယ်ဆို ပြီးတော့ ခေါ်သွားတာ။ စစ်တွေမြို့ အမှတ် (၁) ရဲစခန်းကို ရောက်တာနဲ့ ချက်ချင်း အမှု ဖွင့်တယ်။ ချက်ချင်းတရားရုံးတင်တယ်။ အခုရမန်တစ်ပတ်ယူထားတယ်။ နောက်အပတ် အင်္ဂါနေ့ ရုံးချိန်းထား တယ်” ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

၁၉၆၇ ခုနှစ် ဦးနေဝင်းခေတ်တွင် ရခိုင်ပြည်၌ ဆန်ရှားပါးမှုကြောင့် အငတ်ဘေးကို ဖြေရှင်းပေးရန် စစ်တွေဒေသ ခံများ တောင်းဆိုဆန္ဒပြခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည့်အတွက် လူပေါင်းများစွာ သေဆုံးခဲ့ရသည်။

ထိုလူများကို အောက်မေ့လွမ်းဆွတ်သည့် အနေဖြင့် ဩဂုတ် ၁၃ ရက်နေ့က ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဦး ဆောင်ပြုလုပ်ခဲ့သည့် ၅၆ နှစ်မြောက် ဆန်ပြဿနာနေ့ အောက်မေ့ဖွယ်အခမ်းအနားကို ဒေါ်ညိုအေး တက်ရောက် ခဲ့သည်။

ဆန်ပြဿနာနေ့ အခမ်းအနား တက်ရောက်ခဲ့ခြင်းကြောင့် ဒေါ်ညိုအေးအား ယခုကဲ့သို့ ဖမ်းဆီးအမှုဖွင့်ခြင်းမှာ စစ်ကောင်စီက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှား သူများ က ဝေဖန်သည်။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက  “လူတစ်ဦးတစ်ယောက်ရဲ့ ကိုယ့် အမျိုးသားရေးအတွက် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို လုပ်တာကို ဖမ်းဆီးအရေးယူတာဟာ စစ်ကောင်စီက လူ့အခွင့်အရေးကို မတရားချိုးဖောက်တာဖြစ်တယ်။ ဒါဟာ လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၁၉ နဲ့ ငြိစွန်းတယ်” ဟု ပြောသည်။

ဒေါ်ညိုအေးသည် ရခိုင်ပြည်တွင်း အမျိုးသမီးအရေးများတွင် တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ပြီး ပရဟိတ လုပ် ကိုင်နေသူဖြစ်၍ ပြစ်ဒဏ်လျော့ပေါ့ပေးရန် ရခိုင်အမျိုးသမီး အဖွဲ့အစည်းတာဝန်ရှိသူများက တောင်းဆိုကြ သည်။

ရခိုင်အမျိုးသမီးများအဖွဲ့ချုပ်မှ သဘာပတိ ဒေါ်စောပုစိန်က “သူ့ကို ဖမ်းတာက ဆန်ပြဿနာနေ့မှာ ပါဝင်လို့ ဖမ်း သွားတယ်လို့ သိရပါတယ်။ သူတို့(စစ်ကောင်စီ)က အဲဒီနေ့ကို အကြောင်းပြတာပေါ့။ သူက အမျိုးသမီးတွေ အရေးမှာ အများကြီး ဆောင်ရွက်ပေးသူ ဖြစ်တယ်။ အသက်လည်းကြီးနေပြီ၊ ကျန်းမာရေးလည်း သိပ်မကောင်း ဘူးဆိုတော့ စိုးရိမ်မှု ရှိတယ်။ ပြစ်ဒဏ်လျော့ပါးဖို့ အတွက်လည်း တောင်းဆိုပါတယ်” ဟု ပြောသည်။

လက်ရှိတွင် ဒေါ်ညိုအေးကို စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း မိသားစုဝင်များက ပြော သည်။

September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...