တရုတ်-မြန်မာဖက်စပ် ကုမ္ပဏီနှစ်ခုကို ကချင်တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးခု ရင်းနှီးမြှုပ်နှံခွင့်ပြုထား

တရုတ်-မြန်မာဖက်စပ် ကုမ္ပဏီနှစ်ခုကို ကချင်တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးခု ရင်းနှီးမြှုပ်နှံခွင့်ပြုထား

ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းသုံးခုအတွက် တရုတ် - မြန်မာဖက်စပ် ကုမ္ပဏီနှစ်ခုကို စစ်ကောင်စီ က ရင်းနှီးမြှုပ်နှံခွင့်ပြုထားကြောင်း ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီထံမှ သိရသည်။

မက္ကဒေးမီးယား၊ ပင်မှည့်၊ ရော်ဘာ စိုက်ပျိုးရေးလုပ်ငန်းများအတွက် Sanyaung Myanmar Investment ကုမ္ပဏီ နှင့် Sin Xin Myanmar Myitkyina ကုမ္ပဏီတို့ကို ယခုလဆန်းပိုင်းမှစ၍ ရင်းနှီးမြှုပ်နှံခွင့်ပေးခဲ့ထားပြီး စီမံကိန်း အား မည်သည့်အချိန်တွင် အကောင်အထည်ဖော်မည်ကို မသိရသေးဟု ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ တာဝန်ရှိသူတစ်ဦးက “ဒီလုပ်ငန်းတွေကနေ ပြည်တွင်းမှာ အလုပ်သမား တစ်ထောင့်ငါးရာကျော်လောက်ကို အလုပ်ကိုင်အခွင့်လမ်းပေးနိုင်လိမ့်မယ်” ဟု ပြောသည်။

မက္ကဒေးမီးယား၊ ပင်မှည့် စိုက်ပျိုးရေးလုပ်ငန်းအတွက် အမေရိကုန်ဒေါ်လာ ၀ ဒသမ ၈၇၈ သန်းနှင့် ရော်ဘာ စိုက် ပျိုးရေး လုပ်ငန်းအတွက် အမေရိကန်ဒေါ်လာ ၀ ဒသမ ၁ သန်း - စုစုပေါင်း အမေရိကန်ဒေါ်လာ ၀ ဒသမ ၈၇၉ သန်း ရင်းနှီးမြုပ်နှံသွားမည် ဖြစ်သည်။

မြန်မာစိုက်ပျိုးရေးထွက် မက္ကဒေးမီးယား၊ ပင်မှည့်သီးများကို တရုတ်နှင့် ထိုင်းနိုင်ငံက အဓိကဝယ်ယူလျက်ရှိပြီး တစ်ကီလိုလျှင် ငွေကျပ် ၂၈,၀၀၀ ရရှိကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ရော်ဘာအစေးခြစ်ဧက ရှစ်သိန်းခွဲကျော်ရှိပြီး တစ်နှစ်လျှင် တန်ချိန်သုံးသိန်းကျော်ထွက်ရှိသည်။

ပြည်တွင်းထွက်ရှိသော ရော်ဘာတန်ချိန် စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ဝယ်ယူလျက်ရှိသည်။

လက်ရှိ ပြည်တွင်းပေါက်ဈေးမှာ တစ်ပေါင်လျှင် ငွေကျပ် ၁,၃၀၀မှ ၁,၇၀၀ အကြားရှိသည်။

ကချင်ပြည်နယ်၊ ပူတာအိုမြို့ခံ ကိုဘရန်ရှောင်က “တရုတ်နဲ့ပတ်သက်ရင် အကျိုးဖြစ်ထွန်းမယ်လို့ သိပ် အယုံ အကြည်မရှိဘူး။ ပူတာအို နယ်စပ်ဘက်မှာ တရုတ်ကဝယ်တဲ့ ရှောက်ကော(ဟင်းခတ်အမွှေးကြိုင်တစ်မျိုး)တွေ ဝယ်မယ်ဆိုပြီး အများကြီး စိုက်ခိုင်းတယ်။ ပြီးရင် တရုတ်က ဈေးနှိမ်ဝယ်တယ်။ ကချင်တွေ အများကြီးခံရ တယ်” ဟု ပြောသည်။

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ အခြေခံသည့် ကုမ္ပဏီများက စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှုများစွာရှိပြီး တစ်သျှူးငှက်ပျောစိုက်ခင်း လုပ်ငန်းများကို အကြီးအကျယ် ရင်းနှီးမြုပ်နှံ လုပ်ကိုင်လျက်ရှိသည်။  ဓာတ်ပုံ - Shwe Htoo

စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...