မဏိပူတွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းများနှင့် ပတ်သက်ပြီး အိန္ဒိယက မြန်မာကိုအပြစ်တင်

မဏိပူတွင် ဖြစ်ပွားနေသည့် အဓိကရုဏ်းများနှင့် ပတ်သက်ပြီး အိန္ဒိယက မြန်မာကိုအပြစ်တင်
ဓာတ်ပုံ - news.az
ဓာတ်ပုံ - news.az

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ်တွင် ဖြစ်ပွားနေသည့် လူမျိုးရေးအဓိကရုဏ်းများနှင့် ပတ်သက် ပြီး အိန္ဒိယပြည်ထဲရေးဝန်ကြီး အာမစ်ရှာက မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုများကို အပြစ်တင်ပြောကြားလိုက် သည်။

ထိုသို့ အပြစ်တင် ပြောကြားခဲ့သည့်အပြင် အငြင်းပွားမှုများအတွက် တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြရန်လည်း တိုက်တွန်းလိုက်ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ဒုက္ခသည် ထောင်ပေါင်းများစွာသည် နယ်စပ်ဖြတ်ကျော်ကာ မဏိပူနယ်မြေထဲသို့ ဝင်လာကြကြောင်း ဝန်ကြီးရှာက အိန္ဒိယပါလီမန်တွင် ပြောကြားသည်။

မြန်မာနိုင်ငံမှ လူအများအပြား ဝင်ရောက်လာမှုကြောင့် ကသည်းလူမျိုးများအကြားတွင် မလုံခြုံမှုများ ခံစားလာ ရသည်ဟု ဝန်ကြီးကဆိုသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလက တရားရုံးမှ ဆုံးဖြတ်လိုက်သည့် ဥပဒေက မီးလောင်ရာလေပင့် ဖြစ်သွားစေသည်ဟု လည်း သူကပြောသည်။

အဆိုပါ တရားရုံး ဆုံးဖြတ်ချက်အရ မဏိပူရှိ ကူကီးလူမျိုးများသည် ပြည်နယ်တွင်း လူများစုဖြစ်သည့် ကသည်း တို့နှင့် တန်းတူအခွင့်အရေး ရရှိကြမည် ဖြစ်သည်။

မဏိပူတွင် ပြီးခဲ့သောမေလတည်းက ဖြစ်ပွားနေသည့် ကူကီးနှင့် ကသည်း (Meitei) လူမျိုးအကြား လူမျိုးရေး အဓိကရုဏ်းများကြောင့် သေဆုံးသူ ၁၈၀ ကျော်လာပြီဖြစ်ကာ ဒဏ်ရာရသူ ရာပေါင်းများစွာရှိပြီး လူပေါင်း သောင်းနှင့်ချီ အိုးအိမ်မဲ့ဖြစ်လျက်ရှိသည်။

မြန်မာနိုင်ငံမြောက်ပိုင်းမှ ချင်းလူမျိုးများနှင့် မဏိပူမှ ကူကီးလူမျိုးများသည် တိုင်းရင်းသားမျိုးနွယ်စု တစ်ခု တည်းဖြစ်သည်။

လူမျိုးကြီး ကသည်း နှင့် ကူကီးတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများမှ တစ်ဆင့် ပြဿနာအတွက် အဖြေရှာ ကြရန်လည်း တိုက်တွန်းကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...
ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...