လက်ခတ်တောင်ဘုရားကုန်းကို ပြန်သိမ်းရန် စစ်ကောင်စီနှင့် BGF များ ပြန်လည်ကြိုးစားနေ

လက်ခတ်တောင်ဘုရားကုန်းကို ပြန်သိမ်းရန် စစ်ကောင်စီနှင့် BGF များ ပြန်လည်ကြိုးစားနေ

မကြာသေးခင်က လက်လွတ်ဆုံးရှုံးလိုက်ရသော ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ လက်ခတ်တောင် ဘုရားကုန်း ကို ပြန်လည်ရရှိရန် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ်များပူးပေါင်းကာ လက်နက်ကြီး အဆမ တန် ပစ်ခတ်ပြီး ပြန်လည်တိုက်ခိုက်မှု လုပ်ဆောင်နေသည်ဟု ဒေသအတွင်း သတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ ပြန်လည်တိုက်ခိုက်မှု လုပ်ဆောင်လာသည့်အတွက် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် - KNLA ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေသည်ဟု KNLA ပူးပေါင်း စစ်ကြောင်း သတင်းအရင်းအမြစ်က ပြောသည်။

KNLA စစ်ရေး သတင်းအရင်းအမြစ်က “စစ်တပ် နဲ့ BGF တွေ စစ်ကြောင်းတွေခွဲပြီး တုံးတံတား၊ ကျောက်လုံးကြီး၊ မေတ္တာလင်းမြိုင်နဲ့ လက်ခတ် တောင် ခြေနေရာတွေကနေ လမ်းကြောင်းခွဲပြီး တက်တိုက်တယ်။ သူတို့ လက်နက် ကြီးက လေကွဲ ဗုံးသီးတွေသုံးပြီး ပစ် ထုတ်ပေးနေတယ်။ တစ်နေကုန်ပစ်ထုတ်နေတယ် လက်နက်ကြီးတွေ၊ အလုံးရေ ၁၅၀ ကျော်ပြီ။ လက်ခတ် တောင်ကို မရရအောင် ပြန်သိမ်းရမယ်လို့တော့ စစ်တပ်ဘက်က BGF ကိုအမိန့် ပေးထားတယ်လို့ သိရတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်၏ လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် တော်လှန် ရေး ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက်ပိုင်းမှစ၍ ယနေ့ ဩဂုတ်လ ၈ ရက်၊ ညနေပိုင်းအထိ စစ်တပ်လက်နက်ကြီး ပစ်ခတ်နေသည်။

နေရာ ၅ နေရာမှနေ၍ ဖျက်အားပြင်း ၁၂၀ မမ ဟောင်ဝှစ်ဇာ အမြှောက်လေကွဲ ဗုံးသီးများအပါအဝင် လက်နက် ကြီးမျိုးစုံနှင့် လက်ခတ်တောင် ဘုရားကုန်းဘက်ကို ပစ်ခတ်နေသလို မြေပြင် ၃ နေရာခန့်တွင်လည်း နှစ်ဖက် တိုက်ပွဲ ပြင်းထန်နေကြောင်း KNLA ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

လတ်တလော နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် BGF တပ်ဘက်က ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရ ထားမှု အပြင် စစ်ကြောင်းစွန့်ခွာထွက်ပြေးသူများရှိနေသည်ဟုလည်း BGF တပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းအရင်း အမြစ်များက ပြောဆိုကြသည်။

သို့သော် မြဝတီမြို့အနီး လက်ခတ်တောင်ဘုရားကုန်း တိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဘက် ထိခိုက်မှု အခြေအနေ နှင့် ပတ်သက်၍ ကေအိုင်စီ - ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

လက်ရှိ KNU တပ်မဟာ ၆ နယ်မြေဖြစ်သည့် မြဝတီ၊ ဝေါလေ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးဒေသ ဘက် များတွင် မိုးသည်းထန်စွာ ရွာသွန်းနေသော်လည်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ နှစ်ဖက်ကြား တိုက်ပွဲများ ဆက်ဖြစ်နေသည်။

တိုက်ပွဲများအပြင် နှစ်ဖက်ကြား စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က ကျေးရွာများဘက်သို့ လက်နက်ကြီးများ ဖြင့် ပစ်ခတ်မှုများရှိနေကြောင်း KNLA ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူများနှင့် ဒေသခံ စစ်ဘေးရှောင်၊ ရေဘေးရှောင်နေရ သူများက ပြောသည်။

Most read this week

Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...