နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် ချင်းအမျိုးသားကောင်စီ (မင်းတပ်) စတင်ဖွဲ့စည်း

နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် ချင်းအမျိုးသားကောင်စီ (မင်းတပ်) စတင်ဖွဲ့စည်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် နိုင်ငံရေးဦးဆောင်အဖွဲ့အဖြစ် ဒေသအတွင်း အမြင့်ဆုံး အာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို စတင်ဖွဲ့စည်းလိုက်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

လက်ရှိတွင် စစ်အာဏာရှင်တော်လှန်ရေး အတိုင်းအတာတစ်ခုထိ အောင်အောင်မြင်မြင် ခရီးပေါက်လာသော အချိန်ဖြစ်၍ နိုင်ငံရေး ဦးဆောင်အဖွဲ့ အရေးတကြီး လိုအပ်လာသောကြောင့် ဩဂုတ်လ ၆ ရက်နေ့တွင် စတင်ဖွဲ့ စည်းလိုက်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

“နိုင်ငံရေးမပါတဲ့ တော်လှန်ရေးက အဆင်မပြေဘူးလေ။ အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီကို ဘယ်လိုသွားကြ မယ်။ NUG နဲ့ ဘယ်လိုစကားပြောမယ်။ ပြည်သူ့အစိုးရပေါ်လာခဲ့ရင် ပြည်နယ်အစိုးရနဲ့ ဘယ်လိုချိတ်ဆက်မယ် ဆိုတာကို ကာကွယ်ရေးကလည်း သူ့ဟာသူ သွားလို့ မရဘူး။ ပအဖကလည်း သူ့ဟာသူ သွားလို့ မရဘူး။ ကာ ကွယ်ရေးနဲ့ ပအဖနဲ့လည်း လက်ဝါးချင်းရိုက်ပြီး လုပ်လို့ မရဘူး” ဟု ပြောသည်။

ထို့ကြောင့် ဒေသအတွင်းရှိ အစုအဖွဲ့အားလုံး စုပေါင်း၍ ချင်းအမျိုးသားကောင်စီ (မင်းတပ်) ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ဆက်ပြောသည်။

ကိုယောမာန်က “ဒီတော့ ချင်းအမျိုးသားကောင်စီဆိုတာ CDM အစုအဖွဲ့ရော၊ ကာကွယ် ရေးရော၊ ပအဖရော၊ ပြည် ပက တတ်သိပညာရှင်တွေ၊ တော်လှန်ရေးကိုကူညီနေတဲ့ ပြည်ပက အဖွဲ့အစည်းအသီးသီး၊ ပြည်တွင်းပြည် ပ အကုန်လုံးစုပေါင်းထားတဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်တယ်။ နိုင်ငံရေးလမ်းစဉ်တွေ ချမှတ်ဖို့၊ ဖက်ဒရယ် ဒီမိုက ရေစီ အရေးတွေပေါ့နော်။ အဲလိုမျိုးတွေကို ဦးဆောင်ဖို့ပေါ့လေ။ အဲဒါတွေကို ဦးဆောင်ဖော်မဲ့ နိုင်ငံရေး ဦးဆောင် အဖွဲ့ပါ” ဟု ကိုယောမာန်က ပြောသည်။

ချင်းအမျိုးသားကောင်စီ (မင်းတပ်) သည် အနာဂါတ် ချင်းလူမျိုးများအတွက် နိုင်ငံရေးလမ်းစဉ်များ ချမှတ်နိုင် ရေး၊ ဖက်ဒရယ် ဒီမိုကရေစီအရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ တန်းတူရေး၊ အခြေခံလူ့အခွင့်အရေးတို့ကို အာမခံ ချက်ပေးမည့် မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲချမှတ်၊ အကောင်အထည်ဖော်မည်ဟု ဆိုသည်။

ဒေသတွင်း အမြင့်ဆုံး အာဏာကျင့်သုံးမည့် ချင်းအမျိုးသားကောင်စီ (မင်းတပ်) CNC-Mindat ကို အထက်ပါ မူဝါဒလုပ်ငန်းစဉ်များ ရေးဆွဲချမှတ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ပြည်တွင်း/ပြည်ပရှိ တော်လှန်ရေး အင်အားစုများ စုပေါင်း၍ ဖွဲ့စည်းခြင်းဖြစ်သည်ဟု တာဝန်ရှိသူက ပြောသည်။

မင်းတပ်မြို့နယ်၏ တော်လှန်ရေး (၂) နှစ်ကာလအတွင်း အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ တရားစီရင်ရေး၊ လုံခြုံ ရေးနှင့် လူသားချင်း စာနာထောက်ရေးစသည့် လုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်နိုင်သည်မှာ ပြည်တွင်း၊ ပြည်ပရှိ တော်လှန်ရေး အင်အားစုများ၏ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့် ဖြစ်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...