သဘာဝဘေးဒဏ်သင့် ရခိုင်ဒေသအတွက် အရန်ဆန်များ လိုအပ်နေ

သဘာဝဘေးဒဏ်သင့် ရခိုင်ဒေသအတွက် အရန်ဆန်များ လိုအပ်နေ

မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသအတွက် အရေးပေါ် ထုတ်သုံးရန် အရန်ဆန်များလိုအပ်နေကြောင်း ဆန်လုပ်ငန်း ရှင်များနှင့် စီးပွားရေးသမားများက ပြောသည်။

ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် အရန်ဆန် လိုအပ်ချက်ကို ရခိုင်ပြည်နယ် စစ်ကောင်စီထံ တင်ပြ တောင်းဆိုထားသော်လည်း ချပေးခြင်းမရှိသေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးသော်တာအောင်က “ရခိုင်ပြည်မှာ အရန်ဆန်မရှိဘူး။ အရန်ဆန်ဝယ်ဖို့အတွက် ကျနော်တို့က အစိုးရ(စစ်ကောင်စီ) တင်ပြပေးမယ့် ဝယ်ပေးတာ မရှိ ဘူး။ သဘာဝဘေးအန္တရာယ် တစ်ခုခုနဲ့ရင်ဆိုင်လာရရင် အရန်ဆန်ကမှ ပြည်သူလူထုတွေရဲ့ စားဝတ်နေရေး ဖြေ ရှင်းနိုင်မယ်လို့ တင်ပြတာရှိတယ်။ ဒါပေမယ့် အရန်ဆန် ချပေးတာ မရှိသေးဘူး” ဟု ပြောသည်။

အရန်ဆန်မရှိသောကြောင့် အခြေခံလူတန်းစားများမှာ သဘာဝဘေးအန္တရာယ် နောက်ဆက်တွဲဒဏ်ကို ပိုမိုခံစား နေကြရပြီး အရန်ဆန်ထားရှိပါက ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြကြသည်။

ရခိုင်က စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးက “သဘာဝဘေးအန္တရာယ်ကို အချိန်မရွေးကျရောက်နိုင်တဲ့ ဒေ သတွေမှာ အရန်စားနပ်ရိက္ခာ၊ အရန်ဆန်တွေကို အစိုးရတစ်ရပ်အနေနဲ့ ကြိုတင်စီစဉ်ထားဖို့လိုတယ်။ ပြည်သူ  တွေမှာ အရန်ဆန်မရှိတဲ့အတွက် ပိုပြီးတော့ ဒုက္ခရောက်တာပေါ့။ အထူးသဖြင့် အခြေခံလူတန်စားတွေက သဘာဝဘေးအန္တရာယ်ရဲ့ ဒဏ်နဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ပိုပြီးတော့ ခံရတယ်။ ဒါကြောင့် အစိုးရ တစ်ရပ်အနေနဲ့ အရန်ဆန်တွေကို မရှိ၊ မဖြစ်ထားသင့်တယ်” ဟု သူက ပြောသည်။

ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရန်အတွက် ရန်ကုန်မြို့ရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် အရန်ဆန် ရွှေဘို ပေါ် ဆန်မွှေး တစ်အိတ်ကို ကျပ် ၁၁၀,၀၀၀ နှင့် ကျပ် ၁၂၀,၀၀၀၊ ဧရာဝတီ ပေါ်ဆန်မွှေး တစ်အိတ်ကို ကျပ် ၉၄, ၀၀၀ နှင့် ကျပ် ၉၇,၀၀၀၊ ဧည့်မထ(ဆန်ကြမ်း) တစ်အိတ်ကို ကျပ် ၆၅,၀၀၀ တို့ဖြင့် ဩဂုတ် ၇ နေ့မှ စတင်ကာ ရောင်း ချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

ရခိုင်ဒေသတွင် အရန်ဆန်များထားရှိရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ရခိုင်တွင် လယ်ဧက ၁၂ သိန်းကျော်ရှိသော်လည်း စိုက်ပျိုးစရိတ်မြင့်တက်ခြင်း၊ စိုက်ပျိုးမဖြစ်ထွန်းခြင်းကြောင့် လယ်ဧက ၈ သိန်းကျော်ခန့်သာ စိုက်ပျိုးနိုင်ပြီး ဆန်လုံလောက်မှုမရှိသည့်အတွက် ပြည်ပဆန်များကို နှစ်စဉ် တင် သွင်းနေရကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က “ မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းများကြောင့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး အခက်အခဲ များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

Most read this week

September 15, 2026
ရခိုင်ပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်း အစပ်နေရာများတွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား...
ဓာတ်ပုံ - (DMG / သရုပ်ပြပုံ။)
September 15, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်သုခကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုနှင့် လူသတ်မှု...
စစ်အုပ်စုတပ်၏ မြေပြင် စစ်ရေးလေ့ကျင့်မှု တစ်ခု (ဓာတ်ပုံ - mmmilitary)
September 14, 2026
တိုက်ပွဲပြင်းထန်နေသည့် စစ်တွေ-ပုဏ္ဏားကျွန်းအစပ် နေရာများကို စစ်အုပ်စုတပ်က အင်အား ၁,၀၀၀ ခန့်ပါ...
ဇင်ချောင်း လူငယ်ပရဟိတအသင်း / ဇင်ချောင်း လူငယ်ပရဟိတအသင်းက စစ်ဘေးရှောင်များအား စားနပ်ရိက္ခာ ကူညီထောက်ပံ့ပေးနေစဉ်။
September 14, 2026
တိုက်ပွဲများကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း ခိုလှုံနေကြသည့် စစ်ဘေးရှောင် ၅,၀၀၀...