ဟားခါးမြို့တွင် ပြည်သူပိုင် နေအိမ် ၉ လုံး ချိပ်ပိတ်ခံရ

ဟားခါးမြို့တွင် ပြည်သူပိုင် နေအိမ် ၉ လုံး ချိပ်ပိတ်ခံရ

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့က ပြည်သူပိုင် နေအိမ် ၉ လုံးကို ချိပ်ပိတ်သိမ်း ဆည်းခဲ့သည် ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကပြောသည်။

ဟားခါးမြို့၊ Hakha Thar ရပ်ကွက်ရှိ နေအိမ် ၉ လုံးကို တော်လှန်ရေး အဖွဲ့များနှင့် ပတ်သက် ဆက်နွယ်မှု ရှိသည် ဟုဆိုကာ စစ်ကောင်စီတပ်က ချိပ်ပိတ်ကာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။

ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) မှ တာဝန်ရှိသူ ဆလိုင်းမန်ဟရဲလျန်က “တကယ်တမ်းဆိုရင်တော့ လူပုဂ္ဂိုလ်တစ်ဦး က သူ့ရွေးချယ်မှုနဲ့ ဒီစစ်အာဏာရှင်ကို ဆန့်ကျင်ပြီး‌တော့ တော် လှန်ရေးထဲ ဝင်တာပဲ ဖြစ်ဖြစ်၊ CDM ဝင်တာပဲ ဖြစ်ဖြစ် သူတို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ သူတို့ရွေး ချယ်ကြတာလေ၊ သူတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်တဲ့ဟာက မိသား စုနဲ့ မဆိုင်ဘူးပေါ့နော်။ ဆိုတော့ မိသားစုတစ်စုမှာ လူ တစ်ယောက်က သူ့ရဲ့ကိုယ်ပိုင်‌ရွေးချယ်မှုနဲ့ လုပ်တာ၊ သူ့ရဲ့မိသားစုတွေအပေါ် အခုလို ဒီလိုမျိုးလုပ်တာက အကြမ်းဖက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟု ပြောသည်။

ဟားခါးမြို့ရှိ နေအိမ် ၉ လုံးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဇူလိုင်လအတွင်း ချိပ်ပိတ်သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က အဆိုပါ ပြည်သူပိုင် အိမ် ၉ လုံးကို အကြမ်းဖက်မှု ကျူးလွန်သူတစ်ဦးအား ပုန်းအောင်းခွင့် ပေးခြင်းနှင့် ယာယီနေထိုင်ခွင့်ပေးသည်ဟု ဆိုကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ အရ နေအိမ် အဆောက်အအုံ ပိုင်ရှင်အား အရေးယူသွားမည့်အပြင် ပုဒ်မ ၅၆ အရ နေအိမ် အဆောက်အအုံကိုလည်း နိုင်ငံ တော်ပိုင် ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဟားခါးမြို့တွင်းလည်း လုံခြုံရေးကို တင်းကြပ်စွာ ချထားပြီး ပြည်သူများ အနေ ဖြင့် အကြမ်းဖက်မှုတွင် ပါဝင်သူများအား သိရှိပါက အကြောင်းကြား အသိပေးရန် အသံချဲ့စက်များဖြင့် မြို့တွင်း လှည့်လည် ပြောဆိုကြေညာခဲ့သည်ဟု မြို့ခံများက ပြောသည်။

စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်က စတင်ပြီး ချင်းပြည်နယ်၏ မြို့တော် ဟားခါးတွင် စစ်ကောင်စီ က အရပ်သား ပြည်သူများ၏ နေအိမ် အလုံးရေ ၂၀ ခန့်ကို ချိပ်ပိတ်ခဲ့ပြီး ထိုသို့ ချိပ်ပိတ်ခံလိုက်ရသည့် အိမ်များ အနက် နေအိမ်တစ်လုံးကိုသာ ပိုင်ရှင်ထံ ပြန်လည် ပေးအပ်ခဲ့ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့က ဆိုသည်။

April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...
April 22, 2026
ချင်းပြည်တောင်ပိုင်းက တော်လှန်ရေးအင်အားစုများမှဖွဲ့စည်းထားသော CPU/ CPA ခေါင်းဆောင်များနှင့် ULA...