မြန်မာတွင် အမျိုးသမီးများလုံခြုံရေး စိုးရိမ်စရာ အမြင့်ဆုံးအခြေအနေဟု အမျိုးသမီးအရေး လှုပ်ရှားသူများ ပြော

မြန်မာတွင် အမျိုးသမီးများလုံခြုံရေး စိုးရိမ်စရာ အမြင့်ဆုံးအခြေအနေဟု အမျိုးသမီးအရေး လှုပ်ရှားသူများ ပြော

လတ်တလော မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေပြီး အမျိုးသမီးများ၏ လုံခြုံရေးမှာလည်း စိုးရိမ်စရာ အမြင့်ဆုံးအခြေအနေဖြစ်နေကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲ ခြင်း၊ စစ်ကြောရေးတွင် သတ်ဖြတ်ခြင်းတို့ကြောင့် အမျိုးသမီးများမှာ အသက်ဆုံးရှုံးနေရပြီး လုံခြုံမှု ကင်းမဲ့နေရ သည်ဟု မြန်မာနိုင်ငံအမျိုးသမီးများအဖွဲ့ချုပ် (WLB) တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) အထွေထွေအတွင်းရေးမှူး မနန်းနန်းမိုးက “အခုချိန်မှာ အမျိုးသမီး တွေဟာ ဘယ်မှာပဲနေနေ အိမ်မှာပဲနေနေ ဘယ်လိုမှ လုံခြုံမှုမရှိဘူး” ဟု ပြောသည်။

အာဏာသိမ်းမှုဖြစ်ခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ဇူလိုင်လ ၂၇ ရက်နေ့ထိ မြန်မာနိုင်ငံတွင် အမျိုး သမီး စုစုပေါင်း (၅၉၀)ဦး သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ဩဂုတ်လ ၃ ရက်နေ့က ထုတ်ပြန်ထား သည်။

မြန်မာ့အမျိုးသမီးသမဂ္ဂမှ ပြုစုထားသော စာရင်းအရ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုကြောင့်လည်း အမျိုးသမီးဦးရေ ၃,၆၄၇ ထိ ပြစ်ဒဏ်ချမှတ် ခံထားရ ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ စာရင်းတွင် ဖော်ပြထားသည်။

“ဒီလိုလုပ်ရပ်က အကြမ်းဖက်စစ်သားအနေနဲ့ တကယ့်ကို စစ်ရာဇဝတ်မှု ကျူးလွန်နေတာဖြစ်တယ်။ စစ်ပွဲ ပဋိ ပက္ခတွေမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်။ အဲဒါကို လုံးဝ လုပ်ဆောင်လို့မရဘူး။ ဒါဟာ နိုင်ငံတကာဥပဒေအရ စစ်ရာဇဝတ်မှုဖြစ်တယ်” ဟု မနန်းနန်းမိုးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်မှုများ ပြုလုပ်နေ ခြင်း မှာ ပိုမိုဆိုးရွားလာနေကြောင်းလည်း အမျိုးသမီးအရေး လှုပ်ရှားသူများက ပြောသည်။

“အခုချိန်ထိ ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုမှန်သမျှ လူ့အခွင့်အရေးချိုးဖောက်မှု အားလုံးအတွက် ကို စစ်ကောင်စီက တာဝန်ရှိတယ်။ ဒါကြောင့် နိုင်ငံတကာမှာ တရားစွဲနိုင်ဖို့ ကျမတို့ ကြိုးစာနေတာမျိုးရှိတယ်။ ပြီးရင် ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ ကျူးလွန်ခံရတဲ့သူတွေအတွက် တရားမျှတမှုရရှိဖို့ ကျမတို့ သမဂ္ဂအနေနဲ့ အခြားသက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့ချိတ်ဆက်ပြီး လုပ်ဆောင်သွားမှာပါ” ဟု မြန်မာ့အမျိုးသမီး သမဂ္ဂ (BWU)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းသို့ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို DMG က ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်းမှာ ဒီမိုကရေစီအရေးနှင့် နွေဦးတော်လှန်ရေး လှုပ် ရှားမှုအတွင်း စစ်ကောင်စီ၏လက်ချက်ကြောင့် သေဆုံးသူ ၃,၈၈၈ ဦီး၊ ဖမ်းဆီးခံရသူ ၂၄, ၂၁၂ ဦးအထိ ရှိလာ ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ဩဂုတ် ၄ ရက်နေ့တွင် ထုတ်ပြန် ထားသည်။

မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...
April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...