ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး

ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၀င်များ ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့၊ တောင်ဖီလာရပ်ကွက်တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်နှင့် ကားများ စစ်ဆေးကာ ငွေကြေး တောင်းခံနေသည့် စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ် ၃ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီဝန်းကျင် အချိန်၌ တောင်ဖီလာရပ်ကွက် အခြေခံပညာအထက်တန်း ကျောင်း အမှတ် - ၂ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များသည် လမ်းသွားလမ်းလာကားနှင့် ဆိုင်ကယ်များထံ ငွေ ကြေး တောင်းခံနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မိုင်းဖောက်ခွဲပြီးနောက် နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကလေးမြို့ ဒေသခံတစ်ဦးက “စစ်သားတွေက နောက်တန်းဘက်မှာ ကားရော ဆိုင်ကယ်ရော စစ်နေတာ ပြီးတော့ ပိုက်ဆံတောင်းတယ်။ အဲ့မှာ ရွာဘက်ပြန်မယ့် ကားတစ်စီးကို စစ်သားတွေက စစ်ဆေးပြီးတော့ သူတို့ ပစ္စည်း တွေရော ထုတ်ခိုင်းတယ်။ အဲ့မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်သားတွေကို စပစ်တယ်။ ပစ်ခတ်သံကြားတော့ အဲကားလည်း အမြန်ထွက်ပြေး ပြီးတော့ ကားပေါ်က ပစ္စည်းတွေလဲ လမ်းတလျှောက်မှာ ပြန့်ကြဲသွားတယ်။ ပြီး တော့ အဲ့မှာ စစ်သား တစ်ယောက် ဗိုက်မှာ ပစ်ခံရတော့ သေသွားတယ်” ဟု ပြောသည်။

ထို့နောက် အဆိုပါပစ်ခတ်မှုများထဲတွင် ဒဏ်ရာပြင်းထန်သည့် စစ်သား ၃ ဦးလည်း ထပ်မံသေဆုံးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်များသည် ကလေးမြို့တွင် လမ်းသွားလမ်းလာ ကားနှင့် ဆိုင်ကယ်များအား နေ့စဉ်နေ့တိုင်း နီးပါး စစ်ဆေးမှုများ ပြုလုပ်ကာ ငွေကြေးတောင်းခံမှုများ မကြာခဏ ပြုလုပ်လေ့ရှိသောကြောင့် ဒေသခံများ အပြင် ထွက်လျှင်ပင် စိုးရိမ်မှုများနှင့် ရင်ဆိုင်နေကြရသည်ဟု ကလေးမြို့ခံများက ပြောသည်။

Most read this week

February 13, 2026
ချင်းပြည်နယ်မြောက်ပိုင်၊ ဖလမ်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာနေသော စစ်ကော်မရှင်တပ်များကို WITCH...
February 12, 2026
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း PDF-Zoland က ဘိန်းစိုက်ခင်းတွင်...
February 11, 2026
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/ AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့်...
February 10, 2026
ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့အသစ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးနောက်...