တမူးဒေသ စစ်ရှောင်များအတွက် အကူအညီပေးရန် ခက်ခဲနေ

တမူးဒေသ စစ်ရှောင်များအတွက် အကူအညီပေးရန် ခက်ခဲနေ

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခါမ်းပါတ်မြို့တွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် တောတောင်ထဲ ထွက်ပြေးတိမ်း ရှောင်နေရသည့် ဒေသခံပြည်သူများအတွက် အခြေခံအစားအသောက် ထောက်ပံ့ပေးနိုင်ရန် ခက်ခဲနေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးနေသူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်က စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များအကြား တိုက်ပွဲ များဖြစ်ပွားပြီး ခါမ်းပါတ်-တမူးလမ်းလမ်းကြောင်း ပိတ်ဆို့မှုများကြောင့် စစ်ရှောင်များအတွက် လိုအပ်သည်များ ကို ကူညီမှု မပေးနိုင်သေးဟု ကူကီးချင်း အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး ဘွေနူးက ပြော သည်။

၎င်းက “လောလောဆယ် ကျမတို့ ကူညီပေးချင်နေတာတောင် ဘယ်လို ကူညီရမလဲ မသိဘူး။ ကူညီမယ့် ပစ္စည်း တွေ ဘယ်လို ပို့ရမလဲဆိုတာ လမ်းကြောင်းမရှိဘူး ဖြစ်နေတယ်။ တောတောင်မှာ ရှိတဲ့သူတွေနဲ့လည်း အဆက် အသွယ် မရဘူး” ဟု လက်ရှိအခြေအနေကို ပြောသည်။

တောတောင်ထဲ စစ်ရှောင်နေရသည်မှာ ဆယ်ရက်ကျော်လာပြီဖြစ်သည့်အတွက် အခြေခံစားသောက် ကုန်များ ဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ အာလူး အပါအဝင် အကိုက်အခဲပျောက်ဆေး၊ နှာစီး၊ ချောင်းဆိုး ပျောက်ဆေးစသည့် ဆေးဝါးများအပြင် မိုးကာများလည်း လိုအပ်နေနိုင်သည်ဟု ကူညီနေသူများက ခန့်မှန်းကြသည်။

လမ်းကြောင်းများ ပိတ်ဆို့နေမှုကြောင့် အခြေခံစားသောက်ကုန် ထောက်ပံ့ရန် လတ်တလောတွင် ခက်ခဲနေသလို လမ်းကြောင်းပြန်ဖွင့်ခဲ့လျှင်တောင် တမူးမြို့အတွင်း ပစ္စည်းများ ဝယ်ယူရန် ခက်ခဲနေကြောင်း ဘွေနူးက ဆက် ပြောသည်။

“ကျမတို့ တမူးဘက်မှာလည်း ပစ္စည်းတွေ ပြတ်နေပြီ။ ဝယ်လို့ မရတော့ဘူး၊ လမ်းကြောင်းဖွင့်လို့ ကူညီရမယ် ဆိုရင်တောင် လိုအပ်တဲ့ ပစ္စည်းတွေကို ဘယ်မှာ သွားဝယ်ရမလဲ မသိဘူး။ အဲသလို ခက်ခဲတဲ့ အခြေအနေ ရှိ တယ်” ဟု ဘွေနူးက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူ ၃၀၀၀ ကျော်သည် နီးစပ်ရာ တောတောင် အိန္ဒိယနယ်စပ် တစ်လျှောက် နှင့် ကလေးမြို့နယ်အတွင်းရှိ Hmuntha, Changelzawl, Letpanchaung နှင့် ကလေးမြို့ပေါ် တာဟန်း ရပ်ကွက် ဘက်သို့ ထွက်ပြေးခိုလှုံနေကြရသည်။

ထို့အနက် အယောက် ၇၀၀ ကျော်သည် အိန္ဒိယ၊ မဏိပူရ်ပြည်နယ်၊ Chandel ခရိုင်ရှိ New Lajang ကျေးရွာ အနီး တဝိုက်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရာ အိန္ဒိယစစ်တပ် အာသံရိုင်ဖယ်တို့က ပြန်လည် မောင်းထုတ်ခဲ့သည် ဟု သတင်းမီဒီယာအချို့တွင် ဖော်ပြထားသည်။

ပြန်မောင်းထုတ်ခံရသော စစ်ဘေးရှောင်များသည် တမူးမြို့နယ်ရှိ ကျေးရွာများတွင် ခိုလှုံနေကြရသည်။

စစ်ဘေးရှောင်အရေး ကူညီနေသူ တမူးမြို့ခံတစ်ဦးက “တိုက်ပွဲဖြစ်တဲ့အခါ ပြည်သူတွေက အိန္ဒိယ၊ မဏိပူရ် ဘက်ကို ထွက်ပြေးလာကြတာ ရှိတယ်။ အဲဒီမှာလည်း အိန္ဒိယကလည်း စစ်ဘေးရှောင်တွေကို ပြန်မောင်း ထုတ် တာတွေရှိတော့ အပြည့်အဝ မကူညီနိုင်သေးဘူး။ အိန္ဒိယ-မြန်မာနယ်စပ်က တောထဲပြေးနေသူတွေလည်း ရှိ တယ်၊ အခြေခံစားသောက်ကုန်တွေ ဘာမှသွားပို့လို့မရဘူးဖြစ်နေတယ်” ဟု ပြောသည်။

လက်ရှိတွင် တမူးဘက်ခြမ်း ရောက်ရှိနေသော ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း ဆေးဝါးများလည်း လိုအပ်လျက်ရှိနေသည်။

ဘွေနူးက “ကာကွယ်ဆေးတွေကတော့ မရှိဘူး။ အဓိက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးတွေ၊ ပြီးတော့ ကာကွယ်ဆေးထိုးရမယ့် ကလေးငယ်လေးတွေဆိုလည်း အိန္ဒိယ ဘက်မှာရှိတဲ့ Premiere Hospital Center (PHC) ဆိုတာ ရှိတယ်။ အဲဒီမှာ အခမဲ့ ကုသလို့ရတယ်။ အခုက အိန္ဒိယအခြေအနေကလည်း မကောင်း တော့ ဆေးခန်းတွေကလည်း အမြဲ မဖွင့်တော့ဘူး။ နောက်ပြီးတော့ ဆေးလာကု မယ်ဆိုရင်တောင်မှ ခိုလှုံနေတဲ့ ကျေးရွာကနေ အိန္ဒိယဘက်မှာ ရှိတဲ့ PHC ဆေးခန်းကို လာဖို့ အဆင်မပြေတာတွေ များတယ်။ ဒါကြောင့် အခု ဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေက ဘာဆေးခန်းမှ မရှိဘဲ ကလေးမွေးနေရတဲ့ အခြေအနေတွေ ရှိတယ်” ဟု ပြောသည်။

ကလေးမြို့နယ်အတွင်း စစ်ရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူအများစုကို ၎င်းတို့ သက်ဆိုင်ရာ လူမျိုး အချင်းချင်းနှင့် ဘာသာရေးအဖွဲ့အစည်းများကသာ ကူညီပေးနေကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

ဒေသခံအများစုမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့သော ဇူလိုင် ၂၂ ရက်နောက်ပိုင်း ထွက်ပြေးတိမ်းရှောင်ကြသော်လည်း ငွေကြေးမတတ်နိုင်သူများ၊ သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသူအချို့မှာ မရွေ့ပြောင်းနိုင်ဘဲ မြို့တွင် ကျန်ရှိနေသေးသည်ဟု ဒေသခံအချို့က ပြောသည်။

August 5, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် စစ်တပ်က စစ်မှုထမ်းရန်အတွက် လူငယ်များကို ဖမ်းဆီးမှု ဆက်လက်...
August 5, 2026
ချင်းပြည်၊ ဟားခါးမြို့ပေါ်ရှိ စစ်စခန်းငယ်တစ်ခုတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ...
(ပုံဟောင်း) ကလေးမြို့နယ်အတွင်း မြင်ကွင်း။
August 4, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မွန်းလိုင်နှစ်ခြင်းဘုရားကျောင်း အနီး ဗိုလ်ချုပ်လမ်းပေါ်တွင်...
July 24, 2026
ချင်းတော်လှန်ရေး ပူးပေါင်းတပ်နှင့် စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည့်...