PDF ကို ငွေလှူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အင်စိန်ထောင်ညွှန်ကြားရေးမှူး ရာထူးကဖြုတ်ချခံရ

PDF ကို ငွေလှူတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အင်စိန်ထောင်ညွှန်ကြားရေးမှူး ရာထူးကဖြုတ်ချခံရ

ရန်ကုန်တိုင်း၊ အင်းစိန်အကျဉ်းထောင်မှာ  PDF ရဲဘော်တွေကို ငွေလှူဒါန်းခဲ့တဲ့ အတွက်ဆိုကာ အင်းစိန်ထောင် ညွှန်ကြားရေးမှူး ဦးဇော်မင်း ရာထူးကဖြုတ်ချခံထားရပြီး အရေးယူခံထား ရတယ်လို့ နီးစပ်သူတွေက သံလွင် တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လဒုတိယအပတ်က ထောင်ဝန်ထမ်းတွေဆီက ငွေစုပြီး PDF ရဲဘော်တွေကို ငွေကျပ်(၁၁) သိန်း လှူ ဒါန်းပေးခဲ့တဲ့အတွက် အရေးယူခံထားရတာဖြစ်တယ်လို့သိရပြီး ငွေလှူဒါန်းခဲ့တဲ့ ထောင်ဝန်ထမ်းကိုလည်း စစ် ကောင်စီက ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

အင်းစိန်ထောင်နဲ့ နီးစပ်သူတစ်ဦးက “ဖြစ်တာက တကယ်ဖြစ်သွားတာ အပြင်ကိုသတင်းမပေါက်လာတာ၊ (၁၃) ရက်နေ့မတိုင်ခင် ညက ဖြစ်သွားတာ ပါ။ ငွေလှူတဲ့ကိစ္စမိသွားပြီးတော့ ထပ်စစ်တဲ့အချိန်မှာ ဖုန်းတွေပါထပ်မိတာ အဲဒီကိစ္စနဲ့ ညွှန်ချုပ်က အရေးယူခံရ တာ (၂၄) နာရီအတွင်းတခါတည်းဖြုတ်ချခံရတာ” လို့ သံလွင်တိုင်းမ်ကို ပြော ပါတယ်။

ဒါ့အပြင် အဲ့ဒီကိစ္စ ဖြစ်ပြီးနောက်ပိုင်း ထောင်အတွင်းမှာ အကျဉ်းသားတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုလုပ်ဆောင်နေသလို မီးသတ်တွေ၊ စ.ရ.ဖ တွေနဲ့ ပေါင်းပြီး အဆောင်တွေမှာ လိုက်လံစစ်ဆေးတာနဲ့ လုံခြုံရေး တင်းကြပ်တာတွေ လုပ်ဆောင်နေတယ်လို့ သူက ဆက် ပြောပါသေးတယ်။

လက်ရှိအချိန်မှာတော့ အင်းစိန်ထောင်ညွှန်ချုပ်အဖြစ် စစ်တပ်က ဗိုလ်မှူးကြီးအဆင့်ရှိသူ ဦးမျိုးဇော် ဆိုသူကို စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အမှုလိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတစ်ဦးက “အထဲမှာပိုပြီး ဖိနှိပ်တင်းကြပ် ခံနေရတယ်။ ရှေ့နေတွေရော အထဲက အမှုသည်ကို ပိုပြီး တင်းကြပ်ခံရတယ်။ ဆေးလိပ် ကွမ်းယာတောင် အမှု သည်တွေ ရုံးထွက်တဲ့အခါ တိုက်ဖို့ မယူလာခိုင်းတော့ဘူး” လို့ သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ (၂၁) ရက်နေ့ကလည်း အင်းစိန်ထောင်ကို ရန်ကုန်တိုင်းရဲမှူးနဲ့ တိုင်းဗျူဟာမှူးတို့ လာရောက် စစ်ဆေးတာတွေရှိခဲ့တယ်လို့ အကျဉ်းထောင်တွင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သား (၂) သောင်းကျော် ဖမ်းဆီးခံထားရပြီး အဲ့ဒီထဲ က အများစုကို အင်းစိန်ထောင်အတွင်း အကျဉ်းချထားတာ ဖြစ်ပါတယ်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...