ကြောင်ပန်းသီး (ခေါ်) စွန်ပန်းသီးကို တရုတ်က ဈေးကောင်းပေးဝယ်နေ၍ ရခိုင်ဒေသခံများ ဝင်ငွေရနေ

ကြောင်ပန်းသီး (ခေါ်) စွန်ပန်းသီးကို တရုတ်က ဈေးကောင်းပေးဝယ်နေ၍ ရခိုင်ဒေသခံများ ဝင်ငွေရနေ

ရခိုင်ဒေသတွင် စပါးသိုလှောင်ချိန် ပိုးမကျန်စေအတွက် အသုံးပြုသော ကြောင်ပန်းသီး (ဒေသအခေါ်-စွန်ပန်း သီး)ကို တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်ယူနေ၍ ခူးဆွတ်ရောင်းချသူများမှာ ဝင်ငွေတစ်ခု ရရှိနေကြသည်။

ကြောင်ပန်းသီး အစိမ်းများကို နို့ဆီဗူးတစ်လုံးလျှင် ငွေကျပ် ၅၀၀၊ တစ်ပိဿာကို ငွေကျပ် ၆ ထောင်အထိ ဈေး ရရှိနေပြီး ဒေသခံအများအပြား ခူးဆွတ်ရောင်းချနေကြောင်း ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာမှ ကြောင်ပန်း သီး ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဦးထွန်းထွန်းက ပြောသည်။

“ကျနော့်ဆီမှာ ခူးပြီးလာရောင်းတဲ့လူတွေကတော့ အယောက် နှစ်ရာနီးပါးလောက် ရှိပါတယ်။ ဒီအသီးတွေကို တရုတ်က ဘယ်နေရာမှာ အသုံးပြုတယ်ဆိုတာကို မသိရပေမယ့် အသည်းရောဂါအတွက် ဆေးဖော်တာလို့ ပြော တာတွေတော့ ရှိပါတယ်” ဟု ဦးထွန်းထွန်းက ပြောသည်။

ရခိုင်ပြည်အတွင်း ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ အမ်း၊ သံတွဲ၊ ဂွနှင့် ဘူးသီတောင်၊ မောင်တော မြို့နယ်တို့ တွင် ကြောင်ပန်းသီးအဝယ်ဒိုင်များ ဖွင့်လှစ်ဝယ်ယူနေပြီး မန္တလေးမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိကြ သည်။

ကြောင်ပန်းသီး(ဒေသအခေါ်- စွန်ပန်းသီး)ကို ရခိုင်ဒေသတွင် စပါးပိုးမကျရန်အတွက် အသုံးပြုကြပြီး တရုတ် နိုင်ငံမှာ မည်သို့လုပ်ဆောင်သည်ကို မသိရသော်လည်း ယခုကဲ့သို့ ဈေးကောင်းပေး ဝယ်ယူနေသဖြင့် ခူးရောင်းသူ များအတွက် တိုက်ခြေကိုက်နေကြသည်။

ကျောက်ဖြူမြို့နယ်၊ မင်းပြင်ကျေးရွာမှ ဒေါ်နုနုခင်က “ဒီနှစ် ဈေးပိုရတဲ့အခါကျတော့ ဒီနားက ရွာတော်တော် များ များက ကလေး၊ လူကြီးအကုန် ဒီအသီးကိုခူးပြီး ရောင်းနေကြပါတယ်” ဟု ပြောသည်။

ကြောင်ပန်းသီး အသီးများကို တရုတ်က ဝယ်ယူနေသည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်ပြီး ယခင်နှစ်များက တစ်ပိဿာကို ငွေကျပ် ၃,၀၀၀ ခန့်သာ ရရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ပိဿာကို ငွေကျပ် ၆,၀၀၀ အထိရရှိနေ၍ ရောင်းချ သူများမှာ တစ်နေ့လျှင် ငွေကျပ်တစ်သောင်းမှ နှစ်သောင်းအထိ ရရှိနေကြသည်။

ကြောင်ပန်းသီးများကို တရုတ်နိုင်ငံက ဝယ်လိုအားကောင်းနေခြင်းကြောင့် ဈေးကွက် တွင်ကျယ်လာနေသည့် အတွက် စီးပွားဖြစ်စိုက်ပျိုးသူများလည်း ရှိလာနေကြသည်။

“ဒီအတိုင်း ခူးရောင်းနေကြမယ်ဆိုရင်တော့ နောက်နှစ်တွေမှာ ကြောင်ပန်းပင်တွေ ရှားပါးမှုနဲ့ ကြုံလာနိုင်တဲ့ အတွက် အစားထိုး စိုက်ပျိုးမှုတွေလုပ်ပြီး ရောင်းနိုင်ဖို့ကို ကျနော်တို့က တိုက်တွန်းတာတွေတော့ ရှိပါတယ်” ဟု အမ်းမြို့မှ ကြောင်ပန်းသီးရောင်ဝယ်ရေး လုပ်ကိုင်နေသူ ဦးသိန်းအောင်က ပြောသည်။

ကြောင်ပန်းသီးပင်များမှာ ဆယ့်နှစ်ရာသီ ဖူးပွင့်လေ့ရှိပြီး ကိုင်းထိုး၍ စိုက်ပျိုးမည်ဆိုပါက တစ်နှစ်အတွင်း အသီး ခူးဆွတ်နိုင်၍ စီးပွားဖြစ်စိုက်ပျိုးရန် လွယ်ကူသည်။

သဘာဝပေါက်ပင်ဖြစ်သော ကြောင်ပန်းသီးပင်များမှာ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ မြေပုံနှင့် ဘူးသီးတောင်၊ မောင်တော စသည့် ရခိုင်ပြည်အနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ပုံစာ - ကျောက်ဖြူမြို့နယ်က ကြောင်ပန်းသီးခူးဆွတ်နေသူအား ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ရစဉ်။

ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...
August 6, 2026
တိုက်ပွဲများ မြို့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ အာဏာသိမ်းစစ်တပ်က စစ်တွေမြို့တွင်းရှိ...