ထားဝယ်-ထီးခီးနှင့် ထုံခါ-မောတောင် လမ်းပိုင်းတို့ကို တော်လှန်ရေးအဖွဲ့များက သွားလာခွင့်ပိတ်

ထားဝယ်-ထီးခီးနှင့် ထုံခါ-မောတောင် လမ်းပိုင်းတို့ကို တော်လှန်ရေးအဖွဲ့များက သွားလာခွင့်ပိတ်
ထားဝယ်-ထီးခီ နယ်စပ်ကုန်သည်လမ်းကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ
ထားဝယ်-ထီးခီ နယ်စပ်ကုန်သည်လမ်းကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သည့် တနင်္သာရီတိုင်းရှိ ထားဝယ်-ထီးခီး လမ်းပိုင်းနှင့် ထုံခါ-မောတောင် လမ်းပိုင်းတို့ကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့နှင့် ကော်သူးလေတပ်မတော်(KTLA)တို့က ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းများတွင် စစ်ကောင်စီ၏ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများတွေ့လျှင် ဒေသခံများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ သတင်းပေးပို့ကြရန်နှင့် ထုတ်ပြန်ချက်များကို လိုက်နာကြရန် တော်လှန်ရေးတပ်ဖွဲ့ များက ဆိုသည်။

“အဓိကအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေ နှစ်ဖက်ကြား တိုက်ပွဲများလာတာရယ်။ စစ်ကောင် စီ တပ်သားတွေ အနေနဲ့ အရပ်ကားတွေကို ပြန်ပေးဆွဲပြီးတော့ အရပ်သား ယောင်ဆောင်ပြီး သွားလာတာတွေ တွေ့ရှိရတဲ့အတွက် အခုလိုမျိုး အသွားအလာ ပိတ်ပင်လိုက်တာဖြစ်တယ်”ဟု ကော်သူးလေတပ်မတော်(KTLA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇူလိုင် ၁၆ ရက်မှစတင်၍ ထားဝယ်-ထီးခီးနှင့် ထုံခါ-မောတောင် လမ်းပိုင်းတို့ကို တော်လှန်ရေးအဖွဲ့များက ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်လိုက်ခြင်း ဖြစ်သည်။

သွားလာခွင့်ပိတ်ထားသည့် ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ဇူလိုင် ၁၇ ရက်နေ့မှ စတင်ပြီး KTLA ပူးပေါင်းအဖွဲ့မှ စစ်ဆေးနေသဖြင့် နယ်စပ်ကုန်တင်ယာဥ်အများစုမှာ ထားဝယ်မြို့သို့ ပြန်လှည့်လာခဲ့ရသည်ဟု ထားဝယ်မြို့ခံ အချို့က ပြောသည်။

“ကားတွေကို အကုန်စစ်ဆေးပြီးတော့ မြို့ထဲ ပြန်ခိုင်းနေတယ်။ ကုန်တင်ကားတွေက မြို့ထဲကိုပဲ အကုန်ပြန်လှည့် လာရတယ်။ လောလောဆယ်ကတော့ လုံးဝ သွားလာခွင့်မရှိတော့တာ”ဟု ထားဝယ်မြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ်ရှိ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းကိုလည်း သွားလာခွင့် ယာယီပိတ် ထားသဖြင့် ကုန်ကားအများစုမှာ တနင်္သာရီနှင့် မောတောင်မြို့တွင်း၌ ပိတ်မိနေကြောင်း မောတောင်မြို့ ကုန်တင် ယာဥ်မောင်းများက ပြောသည်။

နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများကို ပိတ်ထားခြင်းကြောင့် ဒေသတွင်း အဓိကအသုံးပြုနေသည့် ထိုင်းကုန် စည်များ စျေးနှုန်းမြင့်တက်လာနိုင်ပြီး ဒေသခံများ သွားလာရေး အခက်အခဲဖြစ်နေကြောင်း ပြောဆိုကြသည်။

“အခုလို လမ်းကြောင်းသွားလာခွင့် ပိတ်ပင်ထားတာ အချိန်ကြာရင်တော့ ထိုင်းကုန်စည်တွေ စျေးနှုန်းမြင့် လာ တာတို့ စားနပ်ရိက္ခာတွေ စျေးမြင့်လာနိုင်တယ်” ဟု တနင်္သာရီမြို့ခံ ကုန်သည်တစ်ဦးက သုံးသပ်သည်။

ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ဒေသခံကာကွယ်ရေး PDF၊ ကေအန်ယူတပ်မဟာ (၄) KNDF နှင့် စစ်ကောင်စီ တပ်ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ၂၀၂၂ ခုနှစ် ဧပြီလမှ နိုဝင်ဘာလ အလယ်အထိ စစ်ကောင်စီတပ်က သွားလာ ခွင့်ပိတ်ပင်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက သွားလာခွင့်ပြုခဲ့သည်။

အလားတူ တနင်္သာရီမြို့နယ် ထုံခါ-မောတောင် လမ်းမပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကော်သူးလေတပ်မတော် (KTLA)၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ၂၀၂၃ မတ်လမှ ဧပြီလအထိ နှစ်ဖက် အဖွဲ့မှ တစ်လခွဲကြာ သွားလာခွင့်ပိတ်ခဲ့ပြီး ဧပြီလကုန်ပိုင်းတွင် ပြန်လည်ဖွင့်ပေးခဲ့သည်။

လက်ရှိတွင် အဆိုပါလမ်းပိုင်းများ၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများ ပြန်ဖြစ်လာ သဖြင့် သွားလာခွင့်ကို ထပ်မံပိတ်ပင်လာခြင်းဖြစ်သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...