စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကလေးက ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး အဆောက်အအုံအချို့ ပျက်စီး

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကလေးက ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး အဆောက်အအုံအချို့ ပျက်စီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကြို့သုံးပင် ရပ်ကွက်က ပြည်သူ ၂ ဦး ထိမှန်ဒဏ်ရာရရှိပြီး အဆောက်အအုံ အချို့လည်း ပျက်စီးမှု ရှိခဲ့သည်။

ဇူလိုင် ၁၃ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကြို့ သုံးပင်ရပ်ကွက်ရှိ UMAS ကျောင်းဝန်းအတွင်းက ကျောင်းအုပ်ကြီး နေအိမ်ပေါ် ကျရောက်ပေါက်ခဲ့ခြင်းဖြစ် သည် ဟု ဒေသခံတစ်ဦးက ပြောသည်။

“တိုက်ပွဲရှိတာ မဟုတ်ဘူး။ သူတို့က အဲ့လိုပဲ မြို့ထဲဖက်ကနေ ရမ်းသမ်းပစ်တာ။ လက်နက်ကြီး နှစ်လုံးကျတာ၊ တစ်လုံးက အိမ်ရှေ့မှာကျသွားတာ။ တစ်လုံးက အဲ့ကျောင်းအုပ်ကြီးအိမ်ထိသွားတာ မီးဖိုချောင်ဖက် လုံးဝ ကြေ မွပျက်စီးသွားတာ။ အဲ့ဒီ ဗုံးပေါက်ကွဲအစတွေက ‌ဘေးနားက အိမ်းတိုင်ကို ထိသွားလို့မဟုတ်ရင် အဖိုးကြီး တစ်ယောက်ကိုလည်း ထိသွားမှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် ကျောင်းအုပ်ကြီးတို့ သားအဖနှစ်ယောက်မှာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ကုသမှုခံယူနေကြသည်။

ထိုကဲ့သို့သော အခြေအနေများကြောင့် ကျောင်းကိုလည်း ခေတ္တပိတ်ထားရသည်။

ဇူလိုင်လ ၁၂ ရက်နေ့ကလည်း ကြို့သုံးပင်ရပ်ကွက်ထဲက အိမ်ခြံဝင်း တစ်ခုတွင် စစ်ကောင်စီလက်နက်ကြီး ကျ ရောက်ပေါက်ကွဲခဲ့သော်လည်း လူနေအိမ်နဲ့ ပြည်သူအထိခိုက်မရှိကြောင်း ဒေသခံများက ပြောသည်။

ကလေးမြို့ပေါ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ဇူလိုင် ၁၃ ရက်နေ့ညက တိုက်ပွဲဖြစ်ပွား ခြင်း မရှိပဲ လက်နက်ကြီးများ အချက်ပေါင်းများစွာ ရမ်းသမ်းပစ်ခတ်ခဲ့ရာတွင် စီးစံကျေးရွာက လင်မယားနှစ်ဦး သေဆုံးခဲ့သည့် အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးခန့်ရှိခဲ့သည်။

ကလေးမြို့နယ်တွင် ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဇွန်လအတွင်း အရပ်သား ၇ ဦးခန့်သေဆုံးခဲ့သည်ဟု သိရသည်။

ဓါတ်ပုံ - (ပုံဟောင်း / Crd)
September 3, 2026
ချင်းပြည်အတွင်းရှိ ချင်းတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသော ဒေသများတွင် ပြည်သူ့ကျန်းမာရေး...
September 2, 2026
ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး...
September 1, 2026
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဝုမ်းခုမ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်များနှင့်...
September 1, 2026
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် စာသင်...