မှတ်ပုံတင်ခွင့်ရ ရခိုင်ပါတီများကို လက်နက်ကိုင်အဖွဲ့များနှင့် မပတ်သက်ရန် စစ်ကောင်စီပြော

မှတ်ပုံတင်ခွင့်ရ ရခိုင်ပါတီများကို လက်နက်ကိုင်အဖွဲ့များနှင့် မပတ်သက်ရန် စစ်ကောင်စီပြော
မြန်မာ့အလင်း (ရခိုင်နိုင်ငံရေးပါတီ ၅ ခုနှင့် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်တို့ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ဆုံမှု)
မြန်မာ့အလင်း (ရခိုင်နိုင်ငံရေးပါတီ ၅ ခုနှင့် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်တို့ ဇူလိုင်လ ၁၁ ရက်နေ့က တွေ့ဆုံမှု)

ရခိုင်ပြည်က မှတ်ပုံတင်ခွင့် ရရှိထားသည့် နိုင်ငံရေးပါတီများ အနေဖြင့် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် မပတ် သက်ရန် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က ပြောကြားလိုက်သည်။

စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရခိုင်ပြည်နယ် တာဝန်ခံ ဦးအောင် မိုးမြင့် နှင့် ရခိုင်နိုင်ငံရေး ပါတီများဖြစ်သော ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ၊ မြို တိုင်းရင်းသားပါတီ၊ ခမီအမျိုးသား ဖွံဖြိုးတိုးတက်ရေး ပါတီ၊ မြိုတိုင်းရင်းသား ဖွံဖြိုးတိုးတက်ရေးပါတီ တို့သည် ဇူလိုင် ၁၁ ရက်နေ့က စစ်တွေမြို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး(ခွဲ)တွင် တွေ့ဆုံခဲ့ကြသည်။

ခမီ အမျိုးသား ဖွံဖြိုးတိုးတက်ရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးလေကျော်သာက “နိုင်ငံရေးပါတီတွေ အနေနဲ့ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့ မှာကြားတယ်။ နောက်ပြီး တော့ ဥပဒေမှာပါတဲ့ စည်းမျည်းစည်းကမ်းတွေနဲ့ အညီ လက်နက်ကိုင် အဖွဲ့တွေနဲ့ မပတ်သက်ဖို့ရယ်၊ ရက်ပေါင်း ၉၀ အတွင်းမှာ ပါတီဝင်အင်အား ပြည့်မီအောင် စည်းလုံးဖို့ ပြောကြားခဲ့ပါတယ်” ဟု DMG ကို ပြောသည်။

ထိုတွေ့ဆုံပွဲတွင် ဦးအောင်မိုးမြင့်က နိုင်ငံရေးပါတီများအနေဖြင့် မှတ်ပုံတင်ခွင့် ပြုလိုက်သည့်နေ့မှ စတင်၍ ရက် ပေါင်း ၉၀ အတွင်း ပါတီဝင်အင်အားများ ပြည့်မီအောင်စည်းရုံးရန်နှင့် ရက်ပေါင်း ၁၈၀ အတွင်း ပါတီရုံးခန်းများ ဖွင့်လှစ်ရန် ကိစ္စများကိုလည်း ပြောကြားခဲ့ကြောင်း ယနေ့ထုတ် မြန်မာအလင်းသတင်းစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် အဆင့် ဝင်ပြိုင်မည့် နိုင်ငံရေးပါတီများ အနေဖြင့် ပါတီဝင်အင်အား လူဦးရေ ၁,၀၀၀ စည်းရုံးရ မည်ဖြစ်ပြီး အနည်းဆုံး မြို့နယ် ၅ ခုတွင် ပါတီရုံးခန်းများ ဖွင့်လှစ်ရမည်ဖြစ်သည်။

မြိုတိုင်းရင်းသားပါတီ ဥက္ကဋ္ဌ ဦးအေးထွန်းက “ကျနော်တို့ပါတီကတော့ လက်ရှိအချိန်ထိ ပါတီရုံးခန်းဖွင့်ဖို့ အဆင်သင့် မဖြစ်သေးဘူး။ ပြည်နယ်အဆင့် ဝင်ပြိုင်မှာဆိုတော့ ပါတီဝင်အင်အား ၁,၀၀၀ စည်းရုံးရမှာပေါ့။ ကျနော်တို့ ပါတီက ပါတီငယ်ဆိုတော့ ငွေရေး၊ ကြေးရေးတွေက နည်းနည်းအခက်အခဲရှိတယ်” ဟု ပြောသည်။

သို့သော် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် အချိန်အတိအကျကို တရားဝင်ပြောကြားခြင်း မရှိ သေးပေ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၁၁ ရက်နေ့က စစ်တွေမြို့ရှိ စစ်တပ်အရာရှိ များနှင့် တွေ့ဆုံစဉ်က နိုင်ငံ တည်ငြိမ်အေးချမ်း အချိန်မှသာ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ မည်ဟု ပြောဆိုခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအပေါ်  ပြည်သူလူထုက စိတ်ဝင်စားမှုနည်းပါးပြီး နိုင်ငံအတွင်း လက်ရှိ ဖြစ်ပျက်နေသော လက်နက်ကိုင်ပဋိပက္ခနှင့် နိုင်ငံရေး ရှုတ်ထွေးမှုများကြောင့် ရွေးကောက်ပွဲ ဖြစ်လာနိုင်ခြေ နည်း ပါးကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရခိုင်တွင် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၆ ပါတီ ရှိပြီး ယင်းအထဲမှ ရခိုင်အမျိုးသားပါတီ (ANP) ကို လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့် မပြုသေးပေ။

August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...