ရခိုင်ဒေသထွက်ကုန်များကို ဘင်္ဂလားဒေ့ရှ်က ဝယ်ယူမှုကန့်သတ်ထား၍ ပြည်တွင်း၌ အရာင်းအဝယ်ထိုင်းနေ

ရခိုင်ဒေသထွက်ကုန်များကို ဘင်္ဂလားဒေ့ရှ်က ဝယ်ယူမှုကန့်သတ်ထား၍ ပြည်တွင်း၌ အရာင်းအဝယ်ထိုင်းနေ
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ကုန်ပစ္စည်းများကို မောင်တောကုန်သွယ်ရေးစခန်းတွင် ၂၀၁၉ ခုနှစ်တွင်း က တွေ့ရစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ကုန်ပစ္စည်းများကို မောင်တောကုန်သွယ်ရေးစခန်းတွင် ၂၀၁၉ ခုနှစ်တွင်း က တွေ့ရစဉ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပုံမှန်တင်ပို့နေသည့် ရခိုင်ဒေသထွက် ကုန်ပစ္စည်းများကို တင်ပို့မှု ကန့်သတ်လိုက်သော ကြောင့် ရခိုင်ပြည်တွင်း၌ ကုန်ပစ္စည်းများ ဈေးကောင်းမရဖြစ်နေကြောင်း ကုန်သည်များက ပြောသည်။

ရခိုင်ဒေသထွက် စိုက်ပျိုးရေးနှင့် ရေထွက်ကုန်ပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေးစခန်းများမှတဆင့် တင်ပို့ နေရာမှ ဇွန်လကစပြီး ကြက်သွန်ဖြူနှင့် ဂျင်း နှစ်မျိုးတည်းကိုသာ တင်ပို့ရန်ကန့်သတ်လိုက်သည်။

အကျိုးဆက်အဖြစ် ကန့်သတ်ခံလိုက်ရသည့် ကုန်ပစ္စည်းများမှာ ပြည်တွင်း၌ ဈေးကောင်းမရဖြစ်နေပြီး အခက် ကြုံနေရသည်ဟု ကုန်သည်များက ပြောသည်။

ယခင်က ကွမ်းသီးတစ်မောင်း (၂၅ ပိဿာ)ကို ငွေကျပ် နှစ်သိန်းဈေးနှုန်းကနေ လက်ရှိတွင် ရှစ်သောင်းကျပ်အထိ ဈေးနိမ့်ကျသွားပြီး ဝယ်ယူမှုမရှိဖြစ်နေကြောင်း ကွမ်းသီးရောင်းဝယ်သူများက ပြောသည်။

မြောက်ဦးမြို့နယ် လက်သန်းချီကျေးရွာမှ ကွမ်းသီးရောင်းဝယ်သူ ဒေါ်အေးမိုးသန်းက “အခုဆိုရင် ဝယ်ယူသူနည်း လို့ ကွမ်းသီးဈေးကျလာတယ်။ ကွမ်းသီးတစ်မောင်းကို တစ်သိန်းတောင် မရတော့ဘူး။ ရှစ်သောင်းနဲ့ ရောင်းနေရ တယ်။ နောက်ထပ်လည်း ခြောက်သောင်းအထိ ဈေးကျသွားမယ့် အခြေအနေရှိတယ်။ မုန်တိုင်းနဲ့ ကွမ်းသီးပင် တွေ အကုန်လုံး ပါသွားတယ်။ သိုလှောင်ထားတဲ့ ကွမ်းသီးတွေလည်း ဈေးမရတော့ ကျမတို့အတွက် အခက်အခဲ တွေ ရှိတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နေသည့် ရခိုင်ဒေသထွက်ကုန် အုန်းသီးများမှာလည်း လက်ရှိတွင် နိုင်ငံခြားဝယ်လို အား မရှိတော့သဖြင့် ဈေးကျနေသည်ဟု ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

ယခင်က ဒေသထွက်အုန်းသီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ရာတွင် အုန်းသီးတစ်လုံးကို ငွေကျပ် ၈၀၀ ကျပ်အထိ ဈေးကောင်းရရှိခဲ့သော်လည်း  လက်ရှိတွင် တင်ပို့ခွင့်မရှိတော့၍ ပြည်တွင်းတွင် လျော့ဈေးဖြင့် ရောင်းချနေရကြောင်း အုန်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူ မာန်အောင်မြို့ခံ ဦးထွန်းဝင်းက ပြောသည်။

“ဘင်္ဂလားဒေ့ရှ်ကို မတင်ပို့ရတာ ၂ လ လောက်ရှိပြီ။ အဲဒီကိုတင်ပို့တုန်းကဆိုရင် အရောင်းအဝယ်ဖြစ်ပြီး အုန်းသီး တစ်လုံး ၈၀၀ အထိရတယ်။ အခုဆိုရင် ဈေးလျော့ပြီး ရန်ကုန်ဘက်ကို အုန်းသီးတစ်လုံး ၄၀၀ ကျပ်နဲ့ ရောင်းနေရ တယ်” ဟု သူက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်မှုတွင် ကုန်ပစ္စည်းများကို ကန့်သတ်ထားသဖြင့် ကုန်သွယ်မှုမှာ ကျဆင်းလာ ကြောင်း ရခိုင်စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောသည်။

“ပေါ်လစီပိုင်းအနေနဲ့ တချို့ Export (ပို့ကုန်) လုပ်ငန်းစဉ်တွေမှာ လိုင်စင်ယူရတဲ့ကိစ္စတွေ၊ ဒီလိုအပြောင်းအလဲ တွေက ဒီကြားထဲဖြစ်နေတယ်။ အဓိက အခက်အခဲဖြစ်နေတာက တစ်ဘက်နိုင်ငံက ဒီဘက်ကို ငွေပေးချေတဲ့ စာတန်းဟာ လောလောဆယ်မှာ မထုတ်ပေးနိုင်ဘူး ဖြစ်နေတယ်။ ငွေပေးချေတဲ့စာတန်း ထုတ်ပေးတာဟာ အဲဒီ ဘက်က ထိန်းချုပ်ကန့်သတ်လာတဲ့ အနေအထားမှာ ရှိနေတာကြောင့် ကုန်သွယ်မှုပမာဏလည်း ကျဆင်းလာ တာ” ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်အောင်ဦးက ပြောသည်။

ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းနှင့် စိုက်ပျိုးရေးသီးနှံများကို ရခိုင်ပြည်ရှိ မောင်တောနှင့် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှတစ်ဆင့် တင်ပို့နေခြင်းဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှလည်း သွပ်၊ သံထည် စသည့် ဆောက်လုပ်ရေး ပစ္စည်းများကို မြန်မာဘက်သို့ ပြန်လည်တင်သွင်းကြသည်။

August 10, 2026
စစ်အုပ်စုတပ်က ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် ရန်ကုန်မှ ကုန်တင်သင်္ဘော...
ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး (စစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်)
August 8, 2026
ရခိုင်ပြည်နှင့် မကွေးတိုင်းအစပ်၊ မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းအနီးရှိ...
ဓာတ်ပုံ - ပေးပို့ / တရုတ်နိုင်ငံ၊ ကျင်းဟုန်မြို့တွင် ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်
August 7, 2026
တရုတ်အာဏာပိုင်များက ဖမ်းဆီးပြီးနောက် ပြန်လည်လွှဲပြောင်းပေးလိုက်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား...
ဓာတ်ပုံ - (DMG) ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်တစ်ဦး။
August 7, 2026
စစ်အုပ်စုနှင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့ သဘောတူညီထားကြသည့် ဘင်္ဂလားဒေ့ရှ်-မြန်မာ...