ရခိုင်မြောက်ပိုင်းသို့ ပြည်မသွင်းကုန် များပြားနေသဖြင့် ကုန်ကားမလုံလောက်မှုဖြစ်

ရခိုင်မြောက်ပိုင်းသို့ ပြည်မသွင်းကုန် များပြားနေသဖြင့် ကုန်ကားမလုံလောက်မှုဖြစ်

မုန်တိုင်းလွန်ကာလ ရခိုင်မြောက်ပိုင်းက ဒေသခံများမှာ အခြေခံစားသောက်ကုန် အပါအဝင် ကုန်ပစ္စည်းများကို ပြည်မဘက်မှ အဓိကတင်သွင်းနေရသဖြင့် ကုန်တင်ကား မလုံလောက်မှုများရှိနေကြောင်း စစ်တွေမြို့ရှိ ကုန်တင် ကားဂိတ် တာဝန်ရှိသူများက ပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ပြည်မြောက်ပိုင်းက ၈ ခုတွင် နေအိမ်အဆောက်အအုံ၊ ကုန်ပစ္စည်း၊ သီးပင်စားပင် အများ အပြား ပျက်စီးသွားပြီးနောက် လိုအပ်ချက်များကို ရန်ကုန်၊ မန္တလေး စသည်တို့မှ အဓိကမှာယူနေရသည်။

စစ်တွေ - ရန်ကုန် - မန္တလေး ကုန်ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက “ကုန်ပစ္စည်းမှာယူတာက အရင်ထက် အရမ်း များတယ်။ ရှိတဲ့ကားနဲ့ မလုံလောက်တဲ့ကိစ္စ ဖြစ်ရတယ်။ လမ်းခရီး မှာလည်း ပြည်မဘက်ကကားတွေ အရမ်း များတော့ ပုံမှန်ထက် ရက်ကြာတာတွေ ဖြစ်ရပါတယ်” ဟု ပြောသည်။

ကုန်တင်ကားအချို့မှာ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ကုန်သည်အချို့က စီးလုံးငှားပြီး ကုန်ပစ္စည်း သယ်ယူနေ ကြသဖြင့် စစ်တွေအဝေးပြေးကားဂိတ်တွင်ရှိသော ကုန်တင်ကားများဖြင့် မလုံလောက်ဖြစ်နေပြီး သယ်ယူ ပို့ဆောင်ရေး အပိုင်းတွင် အဆင်မပြေဖြစ်နေရသည်ဟု ကုန်တင်ကားတာဝန်ရှိသူများက ဆိုသည်။

လက်ရှိတွင် စစ်တွေမြို့သို့ တစ်ရက်လျှင် ဟင်းသီးဟင်းရွက်၊ အခြေခံစားသောက်ကုန်နှင့် အခြားပစ္စည်းများ သယ်ဆောင်လာသည့် ကုန်တင်ကား အစီးရေ ၃၀ ကျော် နေ့စဉ်ဝင်ရောက်နေပြီး ကုန်တင်ကား မလုံလောက် သဖြင့် ခရီးသည်တင် Express ကားများဖြင့်လည်း ကုန်ပစ္စည်းများ သယ်ဆောင်နေရသည်။

စစ်တွေမြို့ရှိ ကုန်တင်ကားဂိတ် တာဝန်ရှိသူတစ်ဦးက “ကားမလုံလောက်တာကြောင့် ကုန်တွေက လမ်းခရီးမှာ အချိန်ကြန့်ကြာတာတွေ ရှိတယ်။ ဆိုတော့ ကုန်ပစ္စည်းကို အမြန်လိုချင်တဲ့အတွက် ခရီးသည်တင်ကားတွေနဲ့ မှာ ယူကြတယ်။ အဲဒီမှာ တန်ဆာခတွေဟာ ပုံမှန်ထက် ဈေးတက်သွားတာတွေ ဖြစ်တယ်” ဟု ပြောသည်။

ရခိုင်ပြည်သို့လာသောကုန်တင်ကားများမှာ ပုံမှန်ထက်များနေသဖြင့် စစ်ဆေးရေးဂိတ်များတွင် တန်းစီစစ်ဆေး ခံရမှုကြောင့် လမ်းခရီး ကြန့်ကြာမှုများ ရှိနေသည်။

ထို့အပြင် တန်ဆာခများမှာလည်း ယခင်ထက် နှစ်ဆခန့်မြင့်တက်သွားကြောင်း ကုန်ပစ္စည်းမှာယူသူများက ပြော ကြသည်။

“တန်ဆာခက အရမ်းဈေးကြီးပါတယ်။ ပဲပင်ပေါက် ပျိုးတောင်း ၂ တောင်း ထည့်လိုက်တာ တန်ဆာခ ၆၀,၀၀၀ ပေးလိုက်ရတယ်။ ပုံမှန်ဆိုရင် တစ်တောင်းကို အများဆုံး ၁၀,၀၀၀ လောက်ပဲ ရှိတာ။ တခြားသူတွေလည်း အများကြီး အခုလို ကြုံတွေ့နေရပါတယ်။ တန်ဆာခ ဈေးကြီးနေလို့ ကျမတို့မှာ အမြတ်မရှိတော့ဘူး” ဟု စစ်တွေ မြို့မဈေးကြီးတွင် ဟင်းသီးဟင်းရွက် ရောင်းချနေသည့် ဒေါ်ခိုင်ခိုင်ချေက ပြောသည်။

မုန်တိုင်းကြောင့် ရခိုင်ဒေသတွင် ရာသီပေါ် သီးနှံစိုက်ခင်းများ ပျက်စီးသွားသဖြင့် သစ်သီးနှင့် ကုန်စိမ်းများကို ပြည်မဘက်မှ နေ့စဉ်တင်သွင်းနေရသည်။

ကုန်ပစ္စည်းများကို ကီလိုချိန်၍ သော်လည်းကောင်း၊ ပစ္စည်းတန်ဖိုးအပေါ် မူတည်ပြီး တန်ဆာခ ကောက်ခံရ ကြောင်း ကုန်တင်ကားဂိတ်ရှိ တာဝန်ရှိသူများက ပြောကြသည်။

ရခိုင်မှာ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “ မိုခါ” ဆိုင်ကလုန်း မုန်တိုင်းကြောင့် နေအိမ်အ ဆောက်အအုံများ၊ ဌာနဆိုင်ရာ အဆောက်အအုံများစွာ ပျက်စီးသွားခဲ့ရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...