ရွှေဈေးနှုန်းဂယက်ကြောင့် ပန်းထိမ်သည်များ ရပ်တည်ရခက်ခဲလာ

ရွှေဈေးနှုန်းဂယက်ကြောင့် ပန်းထိမ်သည်များ ရပ်တည်ရခက်ခဲလာ
စစ်တွေဈေးကြီးတွင် ရွှေပန်းထိမ်လုပ်နေသူတစ်ဦးအား တွေ့ရစဉ်။
စစ်တွေဈေးကြီးတွင် ရွှေပန်းထိမ်လုပ်နေသူတစ်ဦးအား တွေ့ရစဉ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း တဟုန်ထိုးမြင့်တက်လာသည့် ရွှေဈေးနှုန်းကြောင့် ရွှေအရောင်းအဝယ်နည်းခြင်း၊ ရွှေထည်လာအပ်သူ နည်းခြင်း စသည်တို့ကြောင့် ပန်းထိမ်လုပ်ငန်းဖြင့် အသက်မွေးသူများမှာ ရပ်တည်ရခက်ခဲ လာကြသည်။

ပြည်သူများ စီးပွားရေးအဆင်ပြေပြီး ရွှေထည်များအပ်နှံမှသာ အလုပ်ဖြစ်ကြပြီး လက်ရှိတွင် အားလုံးက စီးပွား ရေး ကြပ်တည်းနေမှုကြောင့် ရွှေပန်းထိမ်လုပ်သူများလည်း အခက်အခဲဖြစ်နေကြသည်။

“ရွှေပန်းထိမ်လုပ်ငန်းက ဒီအစိုးရ (စစ်ကောင်စီ) တက် ကတည်းက ငွေကြေးဖောင်းပွမှုတွေ၊ စီးပွားရေးအဆင် မပြေ၊ ရွှေဈေးတက်တာတွေ ရှိတာကြောင့် အဆင်မပြေဘူး။ ရွှေဈေးမတက်ခင်အချိန် အရင်တုန်းကဆိုရင် သူ့ဟာနဲ့သူတော့ အဆင်ပြေတယ်” ဟု စစ်တွေမြို့မှ ရွှေပန်းထိမ်လုပ်သူ ဦးကျော်ဇောအေးက ပြောသည်။

အာဏာမသိမ်းခင်ကာလ ရခိုင်တွင် ရွှေတစ်ကျပ်သားကို ၁၃ သိန်း ဝန်းကျင်သာရှိခဲ့ရာမှ လက်ရှိရွှေဈေးနှုန်းမှာ ၃၂ သိန်း ဝန်းကျင်ရှိနေသည်။ လုပ်ငန်းလည်ပတ်မှုမရှိသောကြောင့် ရွှေပန်းထိမ်လုပ်ငန်းကို မှီခိုရပ်တည်နေသူများမှာ စားဝတ်နေရေး ထိခိုက်မှုများရှိနေကြောင်း ပြောကြသည်။

ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာမှ ပန်းထိမ်လုပ်သူ ဦးဘိုဆန်းနိုင်က “ဒီအတိုင်းပဲ ဆက်သွားနေမယ် ဆိုရင် ရပ်တည်နိုင်ဖို့ မလွယ်ဘူ။ မိသားစုစားဝတ်နေရေးတွေအတွက် ဒီအလုပ်ကို ဘယ်သူမှ ရွေးချယ်ကြမှာ မဟုတ်တော့ဘူး။ ကျနော်လည်း အဆင်မပြေရင် မလုပ်နိုင်တော့ဘူး” ဟု ပြောသည်။

လုပ်ငန်း အဆင်မပြေမှုများကြောင့် ရွှေပန်းထိမ်သည်အချို့မှာ တခြားအလုပ်များကို ပြောင်းလဲလုပ်ကိုင်နေကြ ကြောင်း ဆိုသည်။  ရွှေပန်းထိမ်လုပ်ငန်း အဆင်မပြေမှုကြောင့် ပန်းထိမ်လုပ်ငန်းသုံး ပစ္စည်းများဖြစ်သော ရွှေထည်ဖျော်ခွက်၊ ခြေနင်း၊ မီးကောက်၊ တူ၊ လွှ စသည့် အရောင်းဆိုင်များလည်း လုံးဝမရောင်းရသည့် အခြေ အနေ ဖြစ်နေသည်။

စစ်တွေမြို့တွင် ပန်းထိမ်လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများရောင်းနေသူ ဦးစောရွှေသစ်က “ရွှေဈေးတွေ တက်လာ တဲ့အခါ ပန်းထိမ်ပစ္စည်းတွေလည်း ရောင်းအားကျလာတယ်။ မုန်တိုင်းကြောင့်တစ်မျိုး၊ နိုင်ငံရေး အပြောင်းအလဲ ကြောင့် တစ်မျိုး ပြည်သူတွေ အဆင်မပြေတော့ ပစ္စည်းတွေလည်း ရောင်းအားကျတာပေါ့။ ပန်းထိမ်လုပ်တဲ့ သူ တွေက ပိုခက်ခဲတယ်” ဟု ပြောသည်။

မုန်တိုင်းလွန်ကာလ ရခိုင်တွင် ရွှေပေါင်နှံ၊ ရောင်းချသူ ပိုများလာပြီး ဝယ်ယူသူနည်းပါးကြောင်း ရွှေဆိုင်ပိုင်ရှင် များက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဒေါ်လာဈေး၊ စက်သုံးဆီဈေး အပါအဝင် အိမ်ဆောက်ပစ္စည်းနှင့် လူသုံးကုန် ပစ္စည်းဈေးနှုန်းများမှာ တစ်စ စ မြင့်တက်နေမှုကြောင့် အခြေခံလူတန်းစားများမှာ အခက်အခဲကြုံ နေကြသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...