၆ လတာအတွင်း ချင်းလူမျိုးများ သေဆုံးမှု စံချိန်တင်မြင့်တက်လာဟု ICA ထုတ်ပြန်

၆ လတာအတွင်း ချင်းလူမျိုးများ သေဆုံးမှု စံချိန်တင်မြင့်တက်လာဟု ICA ထုတ်ပြန်

စစ်အာဏာသိမ်းသည့် ၂ နှစ်ခွဲကျော် ကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ သတ်ဖြတ်မှုကြောင့် ၂၀၂၃ ခုနှစ် ၆ လတာအတွင်းမှာ ချင်းလူမျိုးများသေဆုံးမှု ၁၀၀ ကျော်ဖြင့် စံချိန် တင် မြင့်တက်လာသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ထုတ်ပြန်လိုက်သည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆ လတာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ကြောင့် ချင်းလူမျိုး ၁၀၉ ဦး ထိသေဆုံးခဲ့ရပြီး အရပ်သားပြည်သူအယောက် ၅၀ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၉ ဦးတို့ပါဝင်သည်ဟု ICA ကဆိုပါသည်။

ICA လက်ထောက်ညွန်ကြားရေးမှူး ဆလိုင်းဗန်ဆွီးစံက “အဲလိုဖြစ်တဲ့အတွက်  ၂၀၂၃ မှာ ကျန်ရှိနေတဲ့ ၆ လ တာ မှာရော ဘယ်လိုမျိုးရှိလာမလဲဆိုတာ စဉ်းစားစရာ ဖြစ် သွားပြီ။ အခုလည်း စစ်ကောင်စီအနေနဲ့ ထိုးစစ်ဆင်နေ တယ်။ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့်၊ ချင်း ပြည်သူ တွေ ဘယ်လောက်များ သေဆုံးမှု မြင့်တက်လာမလဲ စောင့်ကြည့်ရမယ့် အထဲပါတာပေါ့နော်” ဟု ပြောသည်။

၂၀၂၃ ခုနှစ် ၆ လတာအတွင်းမှာ ချင်းအမျိုးသားများသေဆုံးမှု ၁၀၀ ကျော်ဖြင့် စံချိန်တင် မြင့်တက်လာသည်ဟု ချင်းရေးရာအဖွဲ့ချုပ် (ICA) က ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“လေကြောင်း တိုက်ခိုက်မှု မသုံးဘူးဆိုရင် ဒီလောက် မြင့်တက်လာစရာ အကြောင်းမရှိဘူး။ နိုင်ငံတကာ အဖွဲ့ အစည်းတွေ အနေနဲ့ ပြည်တွင်းစစ်မှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်အင်အား အဆမတန် အသုံးပြုမှုတွေ သာမန်အရပ်သားပြည်သူတွေရဲ့ အိုးအိမ်တွေ အသက်တွေကို ဖျက်ဆီးတာကို ဘယ်လိုများ ဆက်လက် အရေးယူ မှုတွေ လာမလဲဆိုတာ စောင့်ကြည့်ရမယ်” ဟု ICA ဆလိုင်းဗန်ဆွီးစံက ဆက်ပြောသည်။

အဆိုပါသေဆုံးသူများမှာ အရပ်သားပြည်သူအမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၁၆ ဦး၊  ချင်းကာကွယ်ရေးတပ်ဖွဲ့ ထဲက အမျိုးသား ၅၈ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ဖြစ်ကြသည်။

၎င်းတို့သည် တိုက်ပွဲတွင် ကျဆုံးသွားသူများ၊ မြေမြှုပ်မိုင်းနှင့် လက်နက်ကြီးကြောင့် သေဆုံးသွားသူများဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးရသည်ဟု ချင်းရေးရာအဖွဲ့ချုပ်က တာဝန်ရှိသူက ပြော သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းသည့်နှစ် ၂၀၂၁ ခုနှစ်အတွင်း စစ်ကောင်စီ၏ မတရားသတ်ဖြတ်မှုကြောင့် ချင်းအမျိုးသား ၁၆၄ ဦးသေဆုံးခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ ၁၉၅ ဦး သေဆုံးခဲ့သည်ဟု ICA ကဆိုသည်။

ယင်းသေဆုံးမှု ပမာဏကို ကြည့်ခြင်းအားဖြင့်  ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် ၂၃ လအတွင်းမှာ ချင်းအမျိုးသားများ သေဆုံးမှုမှာ ၃၅၉ ဦးရှိကာ ၂၀၂၃ ခုနှစ်မှာတော့ ၆ လအတွင်းမှာ ချင်းအမျိုးသားသေဆုံးမှု ၁၀၉ ဦးထိရှိလာပြီး သိသိသာသာမြင့်တက်သွားသည် ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခကို နိုင်ငံတကာအသိုင်းအဝန်းက အထူးဂရုစိုက်ကာ ထိရောက် သော စစ်ဆေးအရေးယူမှုများ ပြုုလုပ်သင့်ပြီးဖြစ်ကြောင်း ချင်းရေးရာအဖွဲ့ချုပ် ICA) က တိုက်တွန်းသည်။

Most read this week

December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...
December 9, 2025
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို ယနေ့မှာ စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု...
Photo credit - social media
December 8, 2025
ရန်ကုန်မြို့တွင်နေထိုင်သော ချင်းဓမ္မအမှုတော်ဆောင်တစ်ဦးဖြစ်သူ ဆရာ Pau Muan Lian သည်...