စစ်ကောင်စီတပ်က ကလေးမြို့မှ ချင်းတောင်သို့ ယာဉ်ထွက်ခွင့်ပိတ်ပင်

စစ်ကောင်စီတပ်က ကလေးမြို့မှ ချင်းတောင်သို့ ယာဉ်ထွက်ခွင့်ပိတ်ပင်

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများကို စစ်ကောင်စီတပ်ဖွဲ့က ပိတ်လိုက်သည်ဟု ဒေသခံပြည်သူများက ပြောသည်။

ခရီးသွားပြည်သူများအား စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေသော ကလေး-တီးတိန်ကားလမ်းပေါ်က သိုင်ငင်း ကျေးရွာ အနီးတွင် စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ပစ်ခတ်မည်ဟု CDM-Siyin တပ်ဖွဲ့မှ ကြေညာ ခဲ့ပြီးနောက် ၄ ရက်မြောက်နေ့ ဇူလိုင် ၃ ရက်နေ့မှ စတင်ကာ ကလေးမြို့မှ ချင်းတောင်သို့ ယာဉ်ထွက်ခွါခွင့်ကို စစ်ကောင်စီတပ်က ပိတ်ပင်ထားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ သိုင်ငင်းစစ်တပ်ကင်းစခန်းပစ်မယ်လို့ ထုတ်ပြန်လိုက်ပြီးတဲ့နောက် ၈ မိုင်ကနေ မထွက်ခိုင်းတော့ ဘူး၊ ခရီသွားသူတွေကို ကလေး-သိုင်ငင်းကြားမှာ PDF တွေအများကြီးရှိတယ် နင်တို့ကို ပစ်လိမ့်မယ်ဆိုပြီး ခြိမ်း ခြောက်တာတွေ ရှိတယ်လို့ ကြားတယ်ပေါ့နော်။ တကယ်တမ်းတော့ သူတို့က စစ်ကြောင်းထိုးဖို့ တက်ချင်နေတာ လို့ ကြားတယ်” CDM-Siyin တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေး-တီးတိန် ကားလမ်းမပေါ်တွင် တည်ရှိသော သိုင်ငင်းကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းသည် ခရီး သွားပြည်သူများထဲမှ လူငယ်များကို PDF ဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ရိုက်နှိက်ခြင်းများ ပိုမိုပြုလုပ်လာ သောကြောင့် စစ်ကောင်စီတပ်စခန်းကို သွားရောက်ပစ်ခတ်ရန်နှင့် ဒေသခံများအား လုံခြုံသည့်နေရာများသို့ ရှောင်ပေးရန် CDM-Siyin က ဇွန်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ထို့အပြင် သိုင်ငင်းကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းတွင် ဖမ်းဆီးခံရသော ခရီးသွားလူငယ်များသည် ယနေ့ ချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးဘဲ တပ်စခန်းတွင် ဆက်လက်ထိန်းသိမ်းထားဆဲဟု ဆိုသည်။

ယခုလက်ရှိတွင် သိုင်းငင်စစ်ကောင်စီ တပ်စခန်းတွင် စစ်ကောင်စီတပ်သား အင်အား ၄၀ မှ ၆၀ ဝန်းကျင်ခန့်ရှိ သည်ဟု ဒေသခံများက ခန့်မှန်းပြောဆိုသည်။

သိုင်ငင်းရွာသည် ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်း-ဟားခါး၊ တီးတိန်-ရိခေါဒါရ်မြို့သို့သွားရာ လမ်းသုံးခွဆုံရာ တွင် တည်ရှိသည့် အချက်အချာကျသော ရွာဖြစ်သည်။

ယခုလက်ရှိတွင်လည်း သိုင်ငင်းကျေးရွာအပြင် ကလေး-သိုင်ငင်းကြား ကျေးရွာများမှ ဒေသခံပြည်သူများ သည် လည်း လုံခြုံသည့်နေရာများသို့ ပြောင်းရွှေ့နေကြရသည်။

စစ်ကောင်စီတပ်ဖွဲ့ အနေဖြင့် ချင်းတောင်ဖက်မှ ကလေးမြို့သို့ဝင်လာသော ယာဉ်လိုင်းများကိုမူ ဝင်ခွင့်ပြုထား သော်လည်း အထွက်ကို လုံးဝခွင့်မပြုကြောင်း မော်တော်ယာဉ်လိုင်းဂိတ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ကလေးမြို့ ကားဂိတ်နှင့် နီးစပ်သူတစ်ဦးက “၃ ရက်ထိ ပိတ်မယ်လို့ ပြောတယ်။ ကြာသပတေးလောက် ပြန် ထွက်နိုင်မယ် ထင်တယ်။ ဒီနေ့လည်း ခရီးသွားမယ့် သူတွေ ပြန်လှည့်ကြရတယ်၊ အခုက ကလေးမြို့ RTC ရဲစခန်း ကနေ လေးဘီး ယာဉ်ထွက်ခွါခွင့် မပေးကြလို့ အဲဒီလက်မှတ်မပါရင် ခရီးထွက်လို့မရတော့လေ။ အဝင်ကတော့ ရတယ် အထွက်ကမရတာ” ဟု ပြောသည်။

ကလေးမြို့တွင် လွန်ခဲ့သည့် ဧပြီလဆန်းပိုင်းက စတင်ပြီး ချင်းတောင်သို့ ထွက်ခွါမည့် မော်တော်ယာဉ်လိုင်းများ သည် ကလေးမြို့ RTC ရုံးရှေ့က ခရိုင်ရဲတပ်ဖွဲ့စခန်းတွင် လေးဘီးယာဉ်များ ထွက်ခွါခွင့်လက်မှတ်အား တောင်းခံ ပြီးမှသာ ကလေးမြို့မှ ထွက်ခွါခွင့်ပြုသည်ဟု ဆိုကြသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...