NCA အကောင်အထည်ဖော်မှု အခက်အခဲများ ဖြေရှင်းရန် ညှိုနှိုင်း

NCA အကောင်အထည်ဖော်မှု အခက်အခဲများ ဖြေရှင်းရန် ညှိုနှိုင်း
by -
သတင်းနှင့် မီဒီယာကွန်ရက်
တစ်နိုုင်ငံလုံး ပစ်ခတ်တိုုက်ခိုုက်မှုရပ်စဲရေးစာချုပ် NCA အကောင်အထည်ဖော်စဉ်အတွင်း တွေ့ကြံုရသည့် အခက်အခဲများကို ပူးပေါင်းဖြေရှင်းသွားရန် လိုုအပ်သည်ဟု NCA အကောင်အထည်ဖော်မှု ပြန်လည်သုံုးသပ်ခြင်း ဆိုုင်ရာတွဲဖက် ခေါင်းဆောင် ရဲဘော်သံခဲက ပြောသည်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုစာချုပ်ကို အကောင်အထည်ဖော်တဲ့အခါမှာ ကျနော်တို့ လက်တွေ့ဆောင်ရွက်တဲ့ဟာတွေ ရှိပါတယ်။ အဲဒီမှာ အခက်အခဲတွေ တွေ့ခဲ့ပါတယ်။ မလုပ်ရတဲ့ ဟာတွေရှိတယ်။ အဲဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကို ဒီနေရာမှာ ရှာနိုင်မှာ ဖြစ်ပါတယ်။” ဟု ရဲဘော်သံခဲက ပြောသည်။

အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင်ကျင်းပနေသည့် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် အပစ်ရပ် လက်မှတ်ထိုးထားသည့် NCA-EAOs တို့၏ NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဒီ NCA ဟာ ကျနော်တို့ ငြိမ်းချမ်းရေးနယ်ပယ်အတွက် တံခါးပေါက်တစ်ခုလိုပဲ ကျနော်တို့က နားလည်ထားတာ ဖြစ်ပါတယ်။ NCA ဟာ မပြည့်စုံသော်လည်းပဲ ကျနော်တို့ မနားတမ်းဖြတ်သန်းရမယ့် ခရီးတစ်ခုလိုပဲ ကျနော်တို့ နားလည်ထားတာဖြစ်ပါတယ် ကျနော်တို့ နောက်တစ်ခုနားလည်တာကတော့ NCA ဟာ မပြည့်စုံသော်လည်းပဲ အားနည်းချက် အားသာချက်တွေကို အတူတကွ ရှုမြင်ကြတယ်ဆိုတဲ့ ဘုံသဘော ထားရှိခဲ့တာ ဖြစ်ပါတယ်” ဟု ရဲဘော်သံခဲက ပြောသည်။

NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ခြင်းသည် ငြိမ်းချမ်းရေးအတွက် ပိုမိုခိုင်မာအောင်လုပ်ဆောင်ရန်နှင့် တိုင်းပြည်အနာဂတ် အကျိုးကို အတူတကွ အကောင်အထည်ဖော်ခြင်း ဖြစ်သည်ဟု အပစ်ရပ်ထားသည့် အဖွဲ့များကပြောသည်။

“ဒီအကောင်အထည်ဖော်မှုသည် အစိုးရရယ် တပ်မတော်ရယ် ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအနေအထားမှာ နိုင်ငံရေးအရ တူညီတဲ့ ရည်မှန်းချက်ရှိဖို့လိုအပ်ပါတယ်။” ဟု ရဲဘော်သံခဲက ပြောသည်။

NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲ ပထမနေ့ အဖွင့်နှုတ်ခွန်းဆက်စကား တွင် တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် ဆွေးနွေးကြရန် တိုက်တွန်းသည်။

“ကျနော်တို့ ဒီနေ့မှာ process ပိုင်းမှာ ဘယ်နေရာမှာ အရှိန်အဟုန်ရပ်တန့်နေသလဲ ဘယ်နေရာမှာတော့ ကျနော်တို့က ထပ်ပြင်ပြီးတော့မှ process ကို အရှိန်အဟုန်နဲ့ သွားနိုင်အောင် လုပ်ဖို့လိုသလဲဆိုတဲ့ ဥစ္စာကို နှစ်ဖက်ကြေကြေလည်လည်နဲ့ တိုင်းရင်းသား ညီအစ်ကို အချင်းချင်း ညီအစ်ကိုရင်း စိတ်ဓာတ်နဲ့ ဆွေးနွေးကြပါ”

ယခုကျင်းပနေသည့် NCA အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးမှ ရလာသည့် ရလာဒ်များအား ပူးတွဲ အကောင်အထည်ဖော်မှု ညိနှိုင်းရေး အစည်းအဝေး (JICM) တွင် ပြန်လည်တင်ပြ ဆွေးနွေးမည်ဖြစ်သည်။

NCA အကောင်အထည်ဖော်မှု ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဆွေးနွေးပွဲကို အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ၎င်းဆွေးနွေးပွဲတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ ကိုယ်စားလှယ် ၁၁ ဦးနှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နကိုင် တော်လှန်ရေးအ ဖွဲ့အစည်း NCA-EAOs မှ ၁၁ ဦးတို့ တက်ရောက်ဆွေးနွေးနေကြသည်။

ပုံဟောင်း / AA
September 21, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့်...
September 21, 2026
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မှသာ ရေရှည်ငြိမ်းချမ်းသည့်...
စစ်အုပ်စုတပ်၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာတစ်ရွာမှ မြင်ကွင်း။ / Crd
September 21, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ညောင်ဦးမြို့နှင့် မြို့နယ်အစပ် စဉ့်ကူရွာကြားရှိ...
September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...