မြစ်ချောင်းများကိုဖြတ်ပြီး ပညာသင်နေကြသော ရခိုင်ကကျောင်းသားများ အသက်ကယ်အင်္ကျီလိုအပ်နေ

မြစ်ချောင်းများကိုဖြတ်ပြီး ပညာသင်နေကြသော ရခိုင်ကကျောင်းသားများ အသက်ကယ်အင်္ကျီလိုအပ်နေ
ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဖြန့်ဝေသော အသက်ကယ်အင်္ကျီများဝတ်ဆင်ပြီး ကျောင်းတက်လာကြ သည့် ကျောင်းသားအချို့ကို ၂၀၁၇ ခုနှစ်အတွင်းက မြင်တွေ့ရစဉ်။ ဓာတ်ပုံ - Sam Wong
ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဖြန့်ဝေသော အသက်ကယ်အင်္ကျီများဝတ်ဆင်ပြီး ကျောင်းတက်လာကြ သည့် ကျောင်းသားအချို့ကို ၂၀၁၇ ခုနှစ်အတွင်းက မြင်တွေ့ရစဉ်။ ဓာတ်ပုံ - Sam Wong

ရခိုင်ပြည်တွင် မြစ်ချောင်းများကို စက်လှေဖြင့်ဖြတ်ပြီး ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် အသက်ကယ်အင်္ကျီများ လိုအပ်နေကြောင်း ဒေသခံများက ပြောကြသည်။

လက်ရှိ မိုးဦးကာလတွင် မြစ်ချောင်းများ၌ လှိုင်းလေကြီးတတ်သဖြင့် ပညာသင်ကလေးငယ်များ၏ အသက် အန္တရာယ် ဘေးကင်းလုံခြုံရေးအတွက် အသက်ကယ်အင်္ကျီများ လိုအပ်နေခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ် တောင်မင်းကုလား၊ ဝါးတောင် ကျေးရွာနှင့် စစ်ဘေးရှောင်စခန်းရှိ အလယ်တန်းနှင့် အထက်တန်းကျောင်းသား ၃၀ ကျော်မှာ ယိုးချောင်းတဖက်ကမ်းရှိ ကန်စောက် အ.ထ.ကသို့ ကူးတိုးဖြင့် သွားနေရသည်။

မိုးတွင်းကာလဖြစ်သဖြင့် ၎င်းတို့အတွက် အသက်ကယ်အင်္ကျီများလိုအပ်ကြောင်း ဝါးတောင်စစ်ရှောင် စခန်း တာဝန်ခံ ဦးအောင်လှရွှေက ပြောသည်။

“ကျနော်တို့ရွာကကျောင်းသားတွေက မိုးရာသီရောက်ရင် ကျောင်းမတက်ရတဲ့နေ့ များတယ်။ ရေကြီးရင် စက် လှေနစ်မြုပ်မှာ ကြောက်လို့ ကျောင်းမတက်ကြတာရှိတယ်။ အဓိကလိုအပ်တာက အသက်ကယ်အင်္ကျီပါ” ဟု ဦးအောင်လှရွှေက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လကုန်ပိုင်းက ကန်စောက်တွင် ကျောင်းသားကူးတို့စက်လှေ နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး အသက်သေဆုံးမှု မရှိခဲ့သော်လည်း ကျောင်းသားများအတွက် ထိတ်လန့်စရာဖြစ်ခဲ့ရကြောင်း သူကပြောသည်။

အလားတူ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ စံသာပြင်ကျေးရွာမှ အထက်တန်းနှင့် အလယ်တန်းကျောင်း သား ၃၀ ခန့်မှာလည်း ပီချောင်းကိုဖြတ်ပြီး ဝဲကြီးထောင့် အ.ထ.က ကျောင်းတွင် ပညာသင်ကြားနေရသည်။ ‌

“ပီချောင်းကို ဖြတ်ကူးပြီး နေ့တိုင်းကျောင်းလာတက်ရတာဆိုတော့ ကျောင်းသားတွေမှာလည်း အန္တရာယ်ရှိ နိုင် တယ်။ မိုးရာသီဆိုရင် ပိုပြီးစိုးရိမ်ရတယ်။ ပြီးတော့ သူတို့မှာ ဒီရွာကကျောင်းသားတွေထက် ပိုခက်ခဲတယ်လေ တခါတလေ ကျောင်းမလာနိုင်တာတွေ၊ အကုန်စိုပြီး နေမကောင်းဖြစ်တာတွေ၊ သင်ခန်းစာနောက်ကျတာတွေ၊ ထမင်းငတ်တာတွေ ရှိတယ်” ဟု ပီချောင်းအင်စတီကျု အခမဲ့ ကျောင်းမှ ဆရာမ ဒေါ်မိုးမိုးအေးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ဂန့်ဂါ(ရခိုင်)ကျေးရွာတွင် မူလွန်ကျောင်းသာရှိသဖြင့် ပိုးရွှီပြင်ကျေးရွာ အထက် တန်းကျောင်းသို့ တောဖျားချောင်းကို ဖြတ်ပြီး ကျောင်းတက်ရပြီး အသက်ကယ်အင်္ကျီမရှိသဖြင့် စိုးရိမ်စရာ ဖြစ်နေကြောင်း ပြောဆိုကြသည်။

ဂန့်ဂါကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမောင်သိန်းဝင်းက “ကျနော်တို့က ကလေးတွေ ကျောင်းတက်သွားရင် စိတ် မကောင်းဘူး။ တောဖျားချောင်းကိုဖြတ်ပြီးမှ ကျောင်းတက်ရတာဆိုတော့ ကလေးတွေ ကျောင်းကို ကောင်း ကောင်းရောက်ရဲ့လား ဆိုပြီးတော့ စိတ်ပူနေကြရတယ်” ဟု ပြောသည်။

တောဖျားချောင်းတွင် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့၊ ကျောင်းစဖွင့်သည့်နေ့၌ ဂန့်ဂါကျေးရွာမှ ကျောင်းသားများ တင်လာသည့် ကူးတို့စက်လှေနစ်မြုပ်ပြီး  ကျောင်းသား ၇ ဦး သေဆုံးခဲ့ရသည်။

ထို့ကြောင့် ကျောင်းသားများ အသက်အန္တရာယ်ကင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာ ပညာရေး ဌာနက ကျောင်းသားများအတွက် အသက်ကယ်အင်္ကျီများ အခမဲ့ပေးစေချင်ကြောင်း ကျောင်းသားမိဘများက တောင်းဆိုနေကြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး  ပြည်နယ်ပညာရေးမှူး ဦးဘထွေးစိန်က သက်ဆိုင်ရာ ကျောင်းအုပ်များကို တာဝန်ပေးထားကြောင်း ပြောသည်။

“အရင်ကတည်းက လှေတွေနဲ့ ကျောင်းလာတက်တဲ့ ကျောင်းသားတွေအတွက် ကျောင်းတွေကို Life jacket တွေ ပေးထားပြီးသား ရှိတယ်။ အဲဒါတွေကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီးတွေကပဲ စီစဉ်ပေးလိမ့်မယ်။ ဘယ် လောက်ပေးထားလဲဆိုတာတော့ စာရင်းတွေမရှိဘူး။ အဲဒါထက် စီစဉ်ပေးထားတော့မရှိဘူး။ တစ်ဦးချင်းကို လိုက်စီစဉ်ပေးဖို့ မဖြစ်နိုင်ဘူးလေ” ဟု ဦးဘထွီးစိန်က DMG ကို ပြောသည်။

ရခိုင်ဒေသသည် မြစ်ချောင်းပေါများသဖြင့် ကျေးလက်ဒေသများမှ ကလေးအများစုမှာ စက်လှေစီးကာ ချောင်း ကူး၊ မြစ်ကူး ပညာသင်ကြားနေရ၍ ကလေးသူငယ်များအတွက် အန္တရာယ်ရှိကြောင်း UNICEF အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...