လမိုင်းမြို့ လဝကရုံး အမျိုးသမီးဝန်ထမ်း တစ်ဦး ပစ်သတ်ခံရ

လမိုင်းမြို့ လဝကရုံး အမျိုးသမီးဝန်ထမ်း တစ်ဦး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ နာရီစင်အရှေ့တွင် ဇွန်လ ၂၂ ရက်နေ့ (ယနေ့)၊ နံနက် ၁၀ အချိန်ခန့်က အမျိုးသမီးတစ်ဦး သေနတ်ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်ဟု လမိုင်းလူငယ်ပရဟိတအဖွဲ့ထံမှ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူ မကြွယ်၊ အသက် (၅၀) နှစ်ဆိုသူ အမျိုးသမီးသည် လမိုင်းမြို့တွင် နေထိုင်သူတစ်ဦး ဖြစ်သည်။

“သေနတ်ပစ်တဲ့ အသံကြားလို့ ကျွန်တော်တို့ သွားကြည့်လိုက်တာပဲရှိတယ်။ ဟိုရောက်တော့ အခြားလူတွေ မရှိ ဘူး။ အဲဒီမှာ မကြွယ်က လဲနေတာ (တွေ့လိုက်တော့) ကျွန်တော်တို့ အရေးပေါ်ကား ခေါ်လိုက်တယ်။ ချက်ချင်း ဆေးရုံတင်ပေးလိုက်တယ်။ ဆေးရုံရောက်တော့ (အသက်) မရှိတော့ဘူး” ဟု လမိုင်းလူငယ် ပရဟိတအဖွဲ့ဝင် တစ်ဦးက ပြောသည်။

သေဆုံးသူ မကြွယ်သည် စစ်ကောင်စီ လက်အောက်ခံ လမိုင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) ရုံး - နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးသည့် ရုံး၌ တာဝန်ထမ်းဆောင်နေသူ တစ်ဦဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် လမိုင်းမြို့ လဝက ဝန်ထမ်း မကြွယ်သည် ဝမ်းဗိုက်နှင့် ရင်ညွန့်နေရာတို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ယင်းပစ်ခတ်မှုကို ရေးဘီလူးအဖွဲ့မှ “နောက်တစ်ကြောင်းကတော့ လမိုင်းမြို့ မှတ်ပုံတင်အဓိက ဆောင်ရွတ်ပေး နေတဲ့ စကစ ချစ်တော်ကြီးလည်း လေပေါ်ဝဲပေးလိုက်ပါပြီ။ လမိုင်းဘုရားဖူးရင်း လမ်းကြုံ ပါဆယ်ဆွဲလိုက်တာ” ဟု ရေးသားထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများ ပြည် သူ့စစ်အဖွဲ့ဝင်များနှင့် စစ်ကောင်စီသတင်းပေး ဒလန် စွပ်စွဲခံရသူများကို မကြာခဏ ပစ်ခတ်ရှင်းလင်းလေ့ ရှိသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...