မင်းတပ်-ကျောက်ထုလမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၂၁ ဦးသေဆုံး

မင်းတပ်-ကျောက်ထုလမ်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၂၁ ဦးသေဆုံး

ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့သို့ တပ်ချိန်းလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့ မင်းတပ်-ကျောက်ထု လမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားကာ ပဒေသာမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခံရ သောကြောင့် စစ်ကောင်စီတပ်သား ၂၁ ဦး သေဆုံးခဲ့သည်။

မေလ နောက်ဆုံးပတ်မှ ဇွန်လ တတိယပတ်ထိ နှစ်ဖက်ကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများအပြင် ကာကွယ်ရေးပ ူးပေါင်း အဖွဲ့များက စစ်ကောင်စီတပ်အား မိုင်းဆွဲ တိုက်ခိုက်မှု၊ ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်မှုများကို ပြုလုပ် လျှက်ရှိနေသည်။

အင်အား ၁၅၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် မကွေးတိုင်း ကျောက်ထုမြို့မှ ချင်းပြည်နယ် မင်းတပ်မြို့သို့ တပ်ချိန်းရန် ချီတက်လာခဲ့ကြရာမှာ မေလ ၂၅ ရက်နေ့ကစတင်၍ ချင်းကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့က ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု CDF-Kanpetlet တပ်မဟာမှူးက ပြောသည်။

“မင်းတပ်ကို သီးသန့် တပ်ချိန်းဖို့အတွက် သွားတဲ့စစ်ကြောင်းပေါ့၊ အသွားတုန်းကတော့ ၁၅၀ လောက်ရှိတယ်။ ပြန်လာတော့ တပ်ချိန်းနဲ့ လုံခြုံရေးနဲ့ ၂၀၀ ဝန်းကျင်လောက် ပြန်ပြီးမှ ဆုတ်လာတဲ့အနေအထားမျိုးပေါ့။ တပ် ချိန်းက မင်းတပ်ဖက်ကနည်းသွားပြီး  ပြန်လာတဲ့ဟာကို လုံခြုံရေးယူပေးတဲ့ဟာ ပိုများသွားတယ်။ ကျောက်ထု ဖက်ကို  ပြန်ပြီး ရွေ့လာကြတယ်လို့ခန့်မှန်းထားတယ်” ဟု CDF-Kanpetlet တပ်မဟာမူးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ကို CDF-Mindat၊ CDF-Kanpetlet၊ ဂန့်ဂေါခရိုင်တပ်ရင်း (၁၃) (The Youth Force) နှင့် ဂန့်ဂေါခရိုင်တပ်ရင်း (၈) စသည့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မေလ ၂၅ ရက်နေ့က တိုက်ပွဲ ပဒေသာမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု CDF-Kanpetlet ၏ ဇွန်လ ၁၇ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၂၈ ရက်နေ့တွင် မင်းတပ်မြို့သို့ တပ်ချိန်းပြီးနောက် ပြန်လည်ထွက်ခွါလာကြသော စစ်ကောင်စီတပ်ဖွဲ့ကို ပဒေသာမိုင်းဖြင့် ထပ်မံတိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ၊ မေလ ၂၉ ရက်နေ့တွင်လည်း တိုက်ပွဲ ၂ ကြိမ် ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့သည်ဟု CDF-Kanpetlet က ထုတ်ပြန် သည်။

ယင်းတိုက်ပွဲတွင် CDF-Mindat မှ ရဲဘော်တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ဇွန်လ ၁၆ ရက်နေ့တွင် ကန်ပက်လက်မြို့မရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို CDF-Kanpetet နှင့် ညောင်ရမ်းခရိုင် တပ်ရင်း ၂ (ညောင်းရမ်းတပ်ရင်း) တို့က ရှော့တိုက်ဒုံးနှင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

CDF-Kanpetlet တပ်မဟာမူးက “ကျွန်တော်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့လက်နက်နဲ့ သွားပစ်တာပါ၊ ရဲစခန်းထဲမှာ ၃ လုံးကျရောက် ပေါက်ကွဲ တယ်။ အထိအခိုက်အကျဆုံးတော့ အခုချိန်ထိတော့ မသိရဘူး။ သူတို့ဖက်က ပြန်ပြီးမှ စောင့်ကြည့်နေတဲ့ အခြေအနေမျိုး၊ သူတို့လှုပ်ရှားတာနဲ့ ပြန်ပြီးမှ ခုခံဖို့အတွက် မြို့တွင်း မှာကိုပဲ ပြန်ပြီးတော့ တပ်ချထားတယ်။ သူတို့ရဲ့ စခန်းအနီးကပ်ဆုံးတွေမှာ ကျွန်တော်တို့ ရှိနေပါတယ်” ဟု ပြော သည်။

ကန်ပက်လက်မြို့အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖက်ကလည်း လက်နက်ကြီး (၁၀) ကြိမ်ထက်မနည်း ပြန်လည် ပစ်ခတ်မူရှိခဲ့သောကြောင့် ပြည်သူများ ထိခိုက်မူမရှိခဲ့သော်လည်း မူကြိုးကျောင်းနှင့် ဘာသာရေး အဆောက်အအုံတို့ ပျက်စီးမူရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ကန်ပက်လက်မြို့အတွင်း အုပ်ချုပ်ရေးမူးရုံး၊ ပညာရေးမူးရုံး၊အ.ထ.က (၁)၊ သစ်တောရုံး၊ ဘုန်ကြီးကျောင်း၊ ရဲစခန်းတို့တွင် အင်အား ၂၀ မှ ၃၀ အထိ နေရာယူတပ်စွဲထားသည်ဟု ဆိုသည်။

December 4, 2025
စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကစ၍ အပိုင်းလိုက်ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲအတွက်...
December 3, 2025
ချင်း - စစ်ကိုင်းအစပ်ရှိ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကော်မရှင်တပ်များကို ချင်းလဲန်းကောင်စီ (CC...
December 2, 2025
ချင်းပြည်နယ် ဟားခါးမြို့နယ် Ruan ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်း၊ ၁ နာရီအချိန်တွင်...
December 1, 2025
ကလေး -တီးတိန်ကားလမ်းမပေါ်ရှိ စစ်ရေးဗျူဟာကျသည့် သိုင်းငင်းရွာသို့ စစ်ကြောင်းထိုးသော...