အာဏာသိမ်းမှုအလွန် ၂ နှစ်နီးပါးအတွင်း သေဆုံးသူအရပ်သား ၆ ထောင်ကျော်ရှိခဲ့ကြောင်း လေ့လာချက် တစ်ရပ်တွင် ဖော်ပြ

အာဏာသိမ်းမှုအလွန် ၂ နှစ်နီးပါးအတွင်း သေဆုံးသူအရပ်သား ၆ ထောင်ကျော်ရှိခဲ့ကြောင်း လေ့လာချက် တစ်ရပ်တွင် ဖော်ပြ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ မြန်မာစစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် ပထမ လပေါင်း ၂၀ အတွင်း သေဆုံးသူအရပ်သားစုစုပေါင်း ၆,၃၃၇ ဦးရှိခဲ့ကြောင်း ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန် သည့် အစီရင်ခံစာ တစ်ရပ်၌ ဖော်ပြထားသည်။

အော်စလို ငြိမ်းချမ်းရေးသုတေသန အင်စတီကျု (Peace Research Institute of Oslo) က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း ‘နိုင်ငံရေး အကြောင်းရင်းများ’ ကြောင့် သေဆုံးရသူ အရပ်သား အရေအတွက်သည် ၆,၃၃၇ ဦးရှိပြီး ၂,၆၁၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း ဖော်ပြထားသည်။

“ပဋိပက္ခအတွင်း လူသေဆုံးမှု အရေအတွက်သည် ရှေ့ပိုင်းက မှတ်တမ်းတင်ထားသည်ထက် ပိုမိုများပြားနေ ကြောင်း မိမိတို့၏ အချက်အလက်များက ဖော်ပြနေပါသည်။ မြန်မာစစ်အစိုးရသည် အဓိက လူသတ်သမား ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေရသည့် တစ်ချိန်တည်း၌ စစ်အစိုးရကို ဆန့်ကျင်နေကြသည့် တပ်ဖွဲ့များ၏ လက်များသည်လည်း အကြီးအကျယ် သွေးစွန်းလျက်ရှိပါသည်” ဟု အစီရင်ခံစာကို ပူးတွဲရေးသူခဲ့သူ နှစ်ဦး အနက် တစ်ဦးဖြစ်သည့် စတိုင်းတင်နစ်ဆင်က ကြေညာချက်တစ်စောင်၌ ပြောကြားထားသည်။

ယခုထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည့် သေဆုံးသူပမာဏသည် နိုင်ငံတကာ အဖွဲ့အစည်းများ အပါအဝင် အခြားသော အဖွဲ့များက ထုတ်ပြန်ထားသည့် ပမာဏထက် ပိုမိုများပြားနေသည်။

သေဆုံးမှုများ၏ ထက်ဝက်ခန့်ဖြစ်သော ၃၀၀၃ ဦးသည် မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် လက်အောက်ခံတပ်ဖွဲ့များ၏ လက်ချက်ကြောင့် ဖြစ်ပြီး ၂၁၅၂ ဦးမှာ စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြသည့် လက်နက်ကိုင်တပ်ဖွဲ့များ၏ လက်ချက်ကြောင့် သေဆုံးရခြင်းဟု အစီရင်ခံစာက ဖော်ပြသည်။

စစ်တပ် သို့မဟုတ် အတိုက်အခံများနှင့် ဆက်စပ်မှုမရှိသူများ၏ လက်ချက်ဖြင့် သေဆုံးရသူ ၁၂ ဦးရှိကာ မည် သည့် လက်ချက်ဖြင့် သေဆုံးကြောင်း အကြောင်းရင်း မသိရသူ ၁၁၇၀ ဦးရှိသည်ဟု အစီရင်ခံစာ၌ ဖော်ပြချက် အရ သိရသည်။

“ဒါဟာ မီဒီယာတွေမှာ ပုံမှန်ဖော်ပြနေကြတာထက် အများကြီးပိုနေတယ် ဆိုပေမယ့် ယုံကြည်ရတဲ့ မီဒီယာ သတင်းတွေမှာ ဖော်ပြထားတဲ့ သတ်ဖြတ်ခံရမှုတွေကို အခြေခံထားတဲ့ ခန့်မှန်းချက်တစ်ရပ်သာ ဖြစ်ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

“သတင်းမသိရဘဲ သေဆုံးသူအရေအတွက်လည်း အများကြီးရှိနေတဲ့အတွက် တကယ်တမ်းသေဆုံးသူ အရေ အတွက်ဟာ ပိုများမှာ သေချာပါတယ်” ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရက ရွေးကောက်ပွဲတွင် မဲမသမာမှု များ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲပြီး အာဏာသိမ်းယူခဲ့သည်။

ထိုအချိန်မှစ၍ စစ်အုပ်စုသည် ၎င်းကို ဆန့်ကျင်သူများကို အပြင်းအထန် နှိပ်ကွပ်ခဲ့ပြီး ဖမ်းဆီးခံရသူ စုစုပေါင်း သည်လည်း ၂၀၂၃ ခုနှစ် ဇွန်လအထိ ၂၃၀၀၀ ကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

ဓာတ်ပုံ - AFP

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...