ကွတ်ခိုင်မြို့နယ် KIA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ ရွာအတွင်း လက်နက်ကြီးကျ ပေါက်ကွဲ

ကွတ်ခိုင်မြို့နယ် KIA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်၊ ရွာအတွင်း လက်နက်ကြီးကျ ပေါက်ကွဲ

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့  နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲဖြစ်ပွားပြီး ပန်းဆေးကျေးရွာအတွင်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည်။

ပြီးခဲ့သည့် ဇွန် ၁၁ ရက်နေ့၊ ညပိုင်း ၈ နာရီခွဲ ဝန်းကျင်အချိန်မှ စတင်ကာ ကွတ်ခိုင်မြို့ အမှတ် (၁) ရပ်ကွက်ဘက် ရှိ စစ်ကောင်စီ တပ်စခန်း နှင့် KIA တပ်ဖွဲ့ တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့ပြီး ပန်းဆေးကျေးရွာအတွင်းသို့ လက်နက် ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး ထိခိုက် ပျက်စီးမှုများကြောင်း ဒေသခံများက သျှမ်းသံတော် ဆင့်ကို ပြောသည်။

“တိုက်ပွဲဖြစ်တဲ့ နေရာက ရပ်ကွက် (၁) ဘက်မှာ ဖြစ်တာ၊ တိုက်ပွဲဖြစ်တာက ရပ်ကွက် (၁) နဲ့ ပန်းဆေးကျေးရွာ ကြားမှာ ဖြစ်တာ၊ စစ်တပ်က ရပ်ကွက် (၁) နဲ့ ပန်းဆေးရွာကို ခြားထားသလို ဖြစ်နေတာပေါ့။ မနေ့ တိုက်ပွဲက ည ၁၂ နာရီထိ ဖြစ်ခဲ့တယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင်မြို့နယ် အတွင်းဖြစ်ပွားသည့် တိုက်ပွဲသည် နှစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက သျှမ်းသံ တော်ဆင့်ကိုပြောသည်။

ထို့အပြင် ၎င်းတို့ တိုက်ခိုက်ပစ်ခတ်စဥ် အတွင်း၌ စစ်ကောင်စီဘက်မှ ပစ်လိုက်သည့် လက်နက်ကြီးသည် ပန်း ဆေးကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်။

“ညကြီး တိုက်ပွဲဖြစ်တယ်ဆိုတော့လည်း ဘယ်မှ မရှောင်ဖြစ်ခဲ့ဘူး။ လက်နက်ကြီးထိတဲ့ အိမ်ကျတော့ တခြား အိမ်မှာ ပြောင်းနေ နေရတယ်။ သူ့အိမ်ကို ပြန်ပြုပြင်ဖို့လည်း ရွာသားတွေကပဲ ကူညီပေးရမှာ။ လက်နက်ကိုင် တွေ ဘက်ကတော့ ဘာမှ လာမကြည့်ပေးဘူး၊ အခုတော့ တိုက်ပွဲ ငြိမ်သွားပါပြီ” ဟု အထက်ပါ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်းတွင် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့  နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့၏ ပစ် ခတ် တိုက်ခိုက်မှုများသည် ကွတ်ခိုင်မြို့နယ်အတွင်း ခပ်စိပ်စိပ် ဖြစ်လာမှုကြောင့် ဒေသခံများက တိုက်ပွဲ ရက် ဆက် ပြင်းထန်လာမည်ကို စိုးရိမ်ကြသည်။

ထို့အပြင် ယခုရာသီကာလသည် ကျောင်းဖွင့်ချိန် ဖြစ်နေသည့်အတွက် ကျောင်းတက်နေစဥ် တိုက်ပွဲဖြစ်ပါက ကလေးများ အတွက် အန္တရာယ်ပိုများကြောင်း နှင့် လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“အခုချိန်က ကျောင်းတွေလည်း ပြန်ဖွင့်နေပြီ၊ ကလေးတွေ ကျောင်းသွားတဲ့ အချိန် တိုက်ပွဲ ဖြစ်ရင် ကျနော်တို့ လည်း သွားမခေါ်နိုင်ဘူး။ ကျောင်းမှာ ဆရာ/မ တွေရှိလည်း ကလေးတွေ အများကြီးနဲ့ ဆိုတော့ သူတို့လည်း ကြောက်ရမှာပဲ။ ဒါကြောင့် ရွာနဲ့ နီးစပ်တဲ့ နေရာတွေမှာ တိုက်ပွဲ မဖြစ်စေချင်ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်ဆိုသည်။

ပြီးခဲ့သည့် ဇွန်လ ၉ ရက်တွင်လည်း ကွတ်ခိုင်မြို့နယ် အတွင်းတွင် KIA တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဖော်ဆောင်ရန်အတွက်ဟုဆိုကာ တနိုင်ငံလုံး အပစ် ခတ်ရပ်စဲရေး (၁) နှစ် ကြေညာထားသော်လည်း မြေပြင် စစ်ပွဲများက ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

Most read this week

December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...
December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...