စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေးတွင် အမျိုးသမီးတစ်ဦးသေ၊ နေအိမ် ၂ လုံး ပျက်ဆီး

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ရေးတွင် အမျိုးသမီးတစ်ဦးသေ၊ နေအိမ် ၂ လုံး ပျက်ဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ် နှစ်ကရင်ကျေးရွာတွင် ဇွန်လ ၈ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးကာ နေအိမ် နှစ်လုံး ပျက်စီးသွားသည်။

ဇွန်လ ၈ ရက်နေ့ (ယနေ့) နံနက် ၉ နာရီအချိန်ခန့်က နှစ်ကရင်ကျေးရွာအတွင်းသို့ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ် ၃ ချက် ပစ်ဖောက်ကာ ဝင်ရောက်လာပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးနေဝင်းမြင့်ကို ဖမ်းဆီးခေါ်‌ဆောင်သွားခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။

ထိုအချိန်တွင် နှစ်ကရင်ကျေးရွာနှင့် မော့ကနင်ကျေးရွာသစ်ကြားရှိ ဝယ်ဖယ်ကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီအမြောက်တပ်မှ နှစ်ကရင်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ က ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် နှစ်ကရင်ကျေးရွာ ရပ်ကွက် ၅ ရှိ တရုတ်သင်္ချိုင်း အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ၎င်းအနီးတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် ရွှေ့ပြောင်းအလုပ်သမား မတင်ကြီးဆိုသည့် အမျိုးသမီး ကျည်စထိမှန် သေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“မနက် ၉ နာရီခွဲလောက်မှာ လက်နက်ကြီးနဲ့  ၂ လုံး ဆက်တိုက်ပစ်တယ်။ နှစ်ကရင်ကျေးရွာ ရပ်ကွက် ၅ မှာရှိ တဲ့ တရုတ်သင်္ချိုင်းအနီးမှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတဲ့အတွက် အဲ့ဒီနေရာအနီးမှာ နေထိုင်တဲ့ အသက် ၂၅ နှစ်အရွယ် ရွေ့ပြောင်းအလုပ်သမတစ်ဦးဖြစ်တဲ့ မတင်ကြီးက လက်နက်ကြီး ကျည်စ ထိမှန်ပြီး ဒဏ် ရာရပြီး ဆေးရုံပို့တဲ့အချိန်မှာ သေဆုံးသွားတယ်။ နေအိမ် ၂ လုံးက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ပျက်ဆီးသွာတယ်” ဟု ပြောသည်။

ထို့နောက် နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်ကလည်း တရုတ်သင်္ချိုင်းအနီးတွင် လက်နက်ကြီးကျည်တစ်လုံး ထပ်မံ ကျရောက်ပေါက်ကွဲခဲ့သေးသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

နှစ်ကရင်ကျေးရွာ ရပ်ကွက် ၅ ရှိ တရုတ်သင်္ချိုင်းအနီးတွင် ဇွန်လ ၇ ရက်နေ့ နံနက်ပိုင်းကတည်းက အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်များ ရောက်ရှိနေပြီး ကျေးရွာအတွင်း လှုပ်ရှားသွားလာနေသည်ဟု ရွှေ့ပြောင်း လုပ်သား တစ်ဦးက ပြောသည်။

“ရွာမှာကလည်း စစ်တပ်လည်းမရှိဘူး။ ရဲကင်းစခန်းရှိပေမယ့် ရဲတွေမနေတော့တာ ၆ လ လောက်ရှိသွားပြီး။ နောက်ပြည်သူ့စစ်တွေလည်းမရှိဘူး။ ဒီနေ့မှာလည်း တိုက်ပွဲမဖြစ်ပါဘူး” ဟု ၎င်းရွှေ့ပြောင်းလုပ်သားက ပြောသည်။

လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းမြင့်လည်း နေ့လည်ပိုင်း အချိန်ခန့်က နေအိမ်သို့  ပြန်လည်ရောက်ရှိလာပြီးဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြောင့်လည်း လူထိခိုက်သေဆုံးမှုရှိနေသည်ဟု ဒေသခံများက ဆိုသည်။

Most read this week

ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်)
February 24, 2026
မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) မှ ဦးဆောင်၍ “၂၀၂၆ ခုနှစ် နွေရာသီ မွန်စာပေနှင့်...
February 23, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအတွင်း ယနေ့ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင်...