စစ်ကောင်စီတပ် လက်နက်ကြီးကျည်ထိမှန်ပြီး ကလေး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ကြီးကျည်ထိမှန်ပြီး ကလေး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ထိ မှန်ပြီး အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး၊ အသက် ၈ နှစ်အရွယ် ကလေး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ကျိုက်ဒုံအခြေစိုက် စကခ ၁၃ တပ်ဖွဲ့မှ မေလ ၂၅ ရက်နေ့ ညနေ ၂ နာရီခွဲအချိန်ခန့်က ၆၀ မမ လက်နက်ကြီးများ ဖြင့် လူနေကျေးရွာဘက် ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်သည် ကျိုက်ဒုံမြို့ တံတားထိပ်လမ်းခွတွင် ကျရောက် ပေါက်ကွဲမှုကြောင့် ကျိုက်ဒုံမြို့ အမှတ် (၁) ရပ်ကွက်နေ အသက် ၁၃ နှစ်အရွယ် မောင်သန်းနိုင်ဦး နောက်ကျောမှ ရှေ့လည်မြို ကျည်စဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး အသက် ၈ နှစ်အရွယ် မောင်သန်းဦးတွင် ဦးခေါင်း နှင့် လက်ဖမိုး ကျည်စရှပ်ထိ ဒဏ်ရာဖြင့် ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

ယင်းနေ့ ညနေကလည်း စစ်ကောင်စီတပ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာခံ ၂ ဦးလည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။

ကော့ကရိတ်မြို့အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ် ခမရ ၉၇ တပ်ရင်း၊ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၁ တပ်ရင်းတို့မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာများဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟုလည်း ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။

ကျုံဒိုးဒေသခံတစ်ဦးက “လက်နက်ကြီးသံတွေကတော့ နေ့တိုင်းကြားနေရတယ်။ ကျုံဒိုးဘက်မှာလည်း ပစ် တယ်။ လူထိ၊ နေအိမ်ထိတာတွေလည်း ရှိတယ်” ဟု ပြောသည်။

မေလ ၂၇ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်တို့မှ ၈၁ မမနှင့် ၁၂၀ မမ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ် ကြာအင်းကုန်းကျေးရွာတွင် နေအိမ်တစ်လုံးနှင့် ကားတစ်စီး၊ သလွဲ ထော်ကျးရွာတွင် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးကြောင်း သိရသည်။

ကော့ကရိတ်မြို့အဝင်လမ်းများဖြစ်သည့် ကော့ကရိတ်-ကြာအင်းဆိပ်ကြီးမြို့နယ်ဆက်လမ်း၊ ကျိုက်ဒုံလမ်း၊ ကမိုင်ကုန်းလမ်း အစရှိသည့်လမ်းများကို မေလ ၁၃ ရက်နေ့မှစပြီး စစ်ကောင်စီတပ်တို့မှ လိုက်လံဖျက်ဆီးခဲ့ သည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...