မုန်တိုင်းသင့် ရခိုင်ဒေသကို ကူညီရန် ပြည်တွင်းပြည်ပမွန်တွေကို မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ပရဟိတ အဖွဲ့ နှိုးဆော်

မုန်တိုင်းသင့် ရခိုင်ဒေသကို ကူညီရန် ပြည်တွင်းပြည်ပမွန်တွေကို မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယ ပရဟိတ အဖွဲ့ နှိုးဆော်

မိုခါ ဆိုင်ကလုန်းမုန်တိုင်းသင့် ရခိုင်ဒေသကို ကူညီထောက်ပံ့ကြရန် ပြည်တွင်း၊ ပြည်ပရှိ မွန်လူမျိုးများကို မွန် ဒေသလုံး ဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့က တိုက်တွန်းနှိုးဆော်လိုက်သည်။

လူသားချင်း စာနာထောက်ထားသည့်အနေဖြင့် မုန်တိုင်းသင့် ရခိုင်ပြည်သူများကို ကူညီထောက်ပံ့နိုင်ရန် မွန် ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့ ဦးဆောင်ပြီးလည်း အလှူငွေများ ကောက်ခံနေသည် လည်းရှိ သည်။

မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့မှ ဦးဆောင်ပြီး မေလ ၂၄ ရက်နေ့မှစတင်ကာ မြို့နယ်အလိုက် အလှူငွေများ စတင်ကောက်ခံနေသည်ဟု မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဝါရဝံသက မိန့်ကြားသည်။

“ဘယ်လိုအလှူခံသွားမလဲဆိုရင် ဒီအဖွဲ့ကနေ မြို့နယ်အလိုက် နှိုးဆော်သွားမယ်။ ရလာတဲ့အလှူငွေတွေကိုစုပြီး လာမဲ့ နယုန်လပြည့်မှာ ပထမအကြိမ် ရခိုင်ဒေသခံတွေဆီကို သွားလှူမယ်။ ကျန်နေသေးတဲ့ အလှူရှင်တွေကို လည်း နယုန်လကုန်မှာ ထပ်လှူသွားမယ်” ဟု မိန့်ကြားသည်။

ကနဦးက မုန်တိုင်းသင့် ရခိုင်ဒေသကို မွန်ဒေသလုံးဆိုင်ရာ ရာမညနိကာယပရဟိတအဖွဲ့အနေဖြင့်သာ သွား ရောက် ကူညီထောက်ပံ့ရန် ဆုံးဖြတ်ထားသော်လည်း အလှူအင်အားများ စေလိုသည့် ရည်ရွယ်ချက်ဖြင့်  မွန်ပြည် သူ တစ်ရပ်လုံး ပါဝင်ကူညီနိုင်ရန် ယခုကဲ့သို့ တိုက်တွန်း နှိုးဆော်လိုက်ခြင်းဖြစ်သည်ဟု ဆရာတော်ဝါရဝံသက မိန့်ကြားသည်။

မွန်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီကလည်း မုန်တိုင်းသင့် ရခိုင်ပြည်သူများ အတွက် ငွေကျပ် သိန်း ၅၀၀ ကို ရခိုင်အမျိုးသားအဖွဲ့ချုပ်ထံ ကူညီထောက်ပံ့ပေးခဲ့သည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုးခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်  ရခိုင်ပြည်နယ်ထဲက မြို့နယ် ၁၇ ခု အပါအဝင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ မုန်တိုင်းဒဏ် ခံခဲ့ရသည်။

မုန်တိုင်းသင့် ဒေသများကို ပြည်တွင်း ပြည်ပက လာရောက်ကူညီထောက်ပံ့နေသော်လည်း ယနေ့အထိ အကူ အညီများ မုန်တိုင်းသင့် ပြည်သူများ၏ လက်ထဲ မရောက်သေးဘဲ အကူအညီ ထောက်ပံ့မှုများ လိုအပ်နေဆဲ ဖြစ်သည်ဟု ရခိုင်ပြည်သူများက ပြောဆိုထားသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...