သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန်လိုအပ်

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန်လိုအပ်

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုများသည့် မွန်ပြည်နယ်တွင် မိုးတွင်းကာလ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာ ကွယ်မှုများ လုပ်ဆောင်ထားရန်လိုအပ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

မိုးတွင်းကာလတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ကျန်းမာရေးဌာနမှ ပညာပေးလုပ်ငန်းများ၊  ခြင်နှိမ်နင်းကာကွယ်ရေးလုပ်ငန်းများနှင့် ပိုးလောက်လံသတ်ဆေးခပ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်ရှိ ရပ်ကွက် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။

ပြည်သူအနေနှင့်လည်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွင် မိမိတို့နေအိမ်ပတ်ဝန်းကျင်တွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန် လုပ်ဆောင်ရန်လည်း လိုအပ်သည်ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိကတော့ မိမိရဲ့ပတ်ဝန်းကျင်မှာ သွေးလွန်တုပ်ကွေးပိုးကို သယ်ဆောင်စေတဲ့ ခြင်ပေါ့နော် အဲဒီခြင်မပေါက် အောင် ကျွန်တော်တို့ အဓိက ကာကွယ်ရေးလုပ်ငန်းကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ခြင် တွေ အဓိကနေတာက မိုးရာသီကာလမှာ ရေစည်ရေအိုး ရေကန် နောက်ခြုံနွယ်ပိတ်ပေါင်းတွေ ထူထပ်တဲ့နေရာ တွေ ရေစီးရေလာမကောင်းတဲ့နေရာတွေမှာ ခြင်တွေ ခိုအောင်းနိုင်ပါတယ်။ အဲဒီခြင်တွေကို ကြိုတင်ကာကွယ် တဲ့ အနေနဲ့ ရှင်းလိုက်ခြင်းအားဖြင့် ဒီရောဂါကိုတော့ အထိုက်အလျောက်ကာကွယ်နိုင်ပါတယ်” ဟု ပြောသည်။

ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိစာရင်းများအရ မွန်ပြည်နယ်သည် နှစ်စဥ် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ထောင်ချီရှိပြီး သေဆုံးသူများလည်း ရှိခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီတွင် အဖြစ်များပြီး အထူးသဖြင့် ဇွန်၊ ဇူလိုင်၊ သြဂုတ်လတို့တွင် အဖြစ် များတတ်ကြောင်း ၁၅ နှစ်အောက် ကလေးများတွင် အဖြစ်များတတ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများ က ဆိုသည်။

“မိုးဦးကာလမှာဆိုရင် အဓိက အရေးကြီးတာကတော့ ခလေးတွေ ၁၅ နှစ်အောက်ခလေးတွေပေါ့နော် အဖြစ် များတဲ့ သွေးလွန်တုပ်ကွေးတွေ ဖြစ်နိုင်ပါတယ်” ဟု အထက်ပါ မြို့နယ်ကျန်းမာရေး တာဝန်ရှိသူက ဆက် ပြောသည်။

ကျောင်းဖွင့်ရာသီတွင် ကျောင်းပတ်ဝန်းကျင် ခြင်ဆေးဖြန်းလုပ်ငန်းများကိုလည်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လုပ်ဆောင်နေသည်လည်းရှိသည်။

သွေးလွန်တုပ်ကွေးဖြစ်ပွားမှုသည် ၂ နှစ်တစ်ကြိမ် ၃ နှစ်တစ်ကြိမ် အဖြစ်များတတ်သည့် သဘော သဘာဝ ရှိသည်ဟုလည်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...