စစ်ကောင်စီတပ်များ ဖမ်းဆီးခဲ့သည့် အမျိုးသမီးအချို့ကို လိင်ပိုင်ဆိုင်ရာ ထိပါးစစ်ဆေး

စစ်ကောင်စီတပ်များ ဖမ်းဆီးခဲ့သည့် အမျိုးသမီးအချို့ကို လိင်ပိုင်ဆိုင်ရာ ထိပါးစစ်ဆေး

စစ်ကောင်စီတပ်မှ ထားဝယ်အထူး စီးပွားရေးဇုန်ဒေသသို့ စစ်ကြောင်းထိုး ဝင်ရောက်စဉ် ဖမ်းဆီးခဲ့သည့် အမျိုး သမီးအချို့ကို လိင်ပိုင်းဆိုင်ရာ ထိပါးပြီး စစ်ဆေးမှုလုပ်ခဲ့သည့်ဟု ပြန်လွတ်လာသည့် ရွာသားများက ပြောသည်။

မေလ ၁၅ ရက်နေ့ နံနက်ပိုင်းက ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ မယင်းကြီးရွာ၊ ထိန်ကြီးရွာနှင့် ပရဒတ်ကျေးရွာ များသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံအမျိုးသား၊ အမျိုးသမီး ၁၀ ဦးခန့်ကို ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည့် ရွာသားများထဲက အမျိုးသမီးများကို စစ်ကောင်စီတပ်သားများက လိင်ပိုင်းဆိုင်ရာ ထိပါးပြီး ကာယိအိန္ဒြေပျက်ပြားအောင် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ပြောသည်။

ဖမ်းဆီးခံရသည့်ရွာသားများကို ညနေပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဖမ်းဆီးထားချိန် အမျိုးသမီး အချို့ ၏ ခန္ဓာကိုယ်အား စစ်ဆေးရန်အကြောင်းပြပြီး လက်ဖြင့်ထိတွေ့ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ဆွေမျိုးတော် စပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသူ အမျိုးသားလူငယ်တစ်ဦးလည်း ပါဝင်ခဲ့ပြီး အမျိုးသားအချို့ကို ရိုက်နှက်စစ်ဆေးခြင်းများလည်း ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

လိင်ပိုင်ဆိုင်ရာထိပါးသည့် ရှာဖွေစစ်ဆေးမှုများကို မယင်းကြီးကျေးရွာမှာ ဖမ်းဆီးထားစဉ်အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

နဘုလယ်ဒေသ ထားဝယ် အထူးစီးပွါးရေးဇုန် ရေနက်ဆိပ်ကမ်းအနီးရှိ စစ်ကောင်စီဂိတ်စခန်းကို မေလ ၁၄ ရက် နေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲ ပြင်းထန်ခဲ့ သည် ဟု ဒေသခံများက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းအပြင် နဘုလယ်ဒေသ အတွင်းရှိ ကျေးရွာများထဲသို့လည်း စစ်ကြောင်းထိုးခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီမှ စစ်ကြောင်းထိုးနေခြင်းကြောင့် ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ မယင်းကြီး၊ ပရဒတ်၊ ဘဝါ၊ လဲရှောင်၊ မူးဒူး ၊နဘုလယ် စသည့်ကျေးရွာများမှ အိမ်ထောင်စုပေါင်း ၆၀၀ ထက်မနည်း ထားဝယ်မြို့ပေါ်နှင့် ဆွေမျိုးများရှိရာ ကျေးရွာများသို့ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းက ကားများဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ပြီး မူးဒူး အနောက်ရွာဘက်သို့ ရောက်ရှိကာ ကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်သွားခဲ့သေးကြောင်း ဒေသခံ များက ပြောသည်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်သည် ကျေးရွာအုပ်စုပေါင်း ၂၇ ခုရှိပြီး ရပ်ကွက် ၄ ခုရှိသည့် မြို့နယ်တစ်ခု လည်း ဖြစ်သည်။

February 2, 2026
Justice For Myanmar (JFM) အဖွဲ့က Alphabet၊ Apple၊ TikTok နှင့် Telegram လူမှု ကွန်ရက်...
February 2, 2026
မြန်မာနိုင်ငံ မြောက်ပိုင်း၏ ကောင်းကင်ယံသည် ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် မှိုင်းညို့နေရုံတင်မကဘဲ...
January 31, 2026
ကချင်ပြည်အတွင်း စစ်ကော်မရှင်တပ်က စစ်မျက်နှာအစုံဖွင့်၍ ထိုးစစ်ဆင်နေသဖြင့် ဒေသအနှံ့တွင်...
January 30, 2026
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဦးဆောင်မှု အသစ်ဖွဲ့စည်းရာတွင် မျိုးဆက်သစ်လူငယ်နှင့်...