မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ ရွာတွေက ဒေသခံ ၄၀ ခန့်ကို စစ်တပ်က လူသားဒိုင်းအတွက် ဖမ်းဆီး

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ ရွာတွေက ဒေသခံ ၄၀ ခန့်ကို စစ်တပ်က လူသားဒိုင်းအတွက် ဖမ်းဆီး

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ နန့်ယားကျေးရွာနှင့် ခင်တောင်ကျေးရွာက ဒေသခံ ၄၀ ခန့်ကို စစ်ကောင်စီမှ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား- ဖားကန့်လမ်းပေါ်မှာရှိတဲ့ နန့်ယားကျေးရွာနဲ့ ခင်တောင်ကျေးရွာက ဒေသခံ ၄၀ လောက်ကို မေလ ၁၇ ရက်နေ့၊ မနက် ၂ နာရီလောက်ကစပြီး စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

“ခင်တောင်ဘက်က ပိုများတယ်တဲ့။ တော်တော်များများ ပါသွားတယ်လို့ ပြောတယ်။ မိန်းမတွေရော၊ ယောက် ကျားတွေရော၊ ဗိုက်ကြီးသည်တောင် ပါတယ်လို့ ကြားတယ်” လို့ ဒေသခံအမျိုးသမီးတစ်ယောက် က ပြောပါ တယ်။

ဖမ်းဆီးခံရတဲ့ သူတွေထဲ ကလေးငယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် ၆၀ အရွယ် လူကြီးတွေလည်း ပါဝင် တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုအဖမ်းခံလိုက်ရတဲ့သူတွေထဲမှတော့ ခင်တောင်ကျေးရွာက ဒေသခံအများပိုင်း ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် နန့်ယားကျေးရွာက ဒေသခံအချို့ကို မနက်ခင်း စျေးသွားတဲ့အချိန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီး ခင်တောင်ကျေးရွာက ဒေသခံတွေကိုတော့ နေအိမ်ထဲဝင်ပြီး ဖမ်းဆီးခေါ်ဆောင်သွား ဖြစ်တယ်လို့ ပြောပါတယ်။

ရွာသားတွေကို ဖမ်းဆီးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၂၀၀ နီးပါးခန့်ရှိပြီး တပ်အချိန်းအပြောင်း လုပ်ရာ မှာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ကာမိုင်းဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်တယ်လို့လည်း ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့ဘက်ကနေ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့အကြား မေလ ၁၄ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ နန့်ယားကျေးရွာ မရောက်ခင် နေရာလေးမှာ တိုက်ပွဲတွေ  ဖြစ်ပွားခဲ့ပါ တယ်။

July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...
July 16, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အစပ်ရှိ ဆယ်ဇင်းဒေသဘက်တွင်...