မုန်တိုင်းကြား စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကြောင့် ကနီနဲ့ခင်ဦးမှာ ဒေသခံ ၁၆၀၀၀ ကျော် မိုးထဲလေထဲ ထွက်ပြေးနေရ

မုန်တိုင်းကြား စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကြောင့် ကနီနဲ့ခင်ဦးမှာ ဒေသခံ ၁၆၀၀၀ ကျော် မိုးထဲလေထဲ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ၂ ရက်ဆက်တိုက် မိုးသည်းထန်နေသလို စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးနေတဲ့ အတွက် ဒေသခံ (၁၆၀၀၀)ဟာ မိုးထဲလေထဲမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မိုးရေကြောင့် မြစ်ရေတော့ နည်းနည်းတိုးတယ်၊ချောင်းရေကျတယ်။ ဒါပေမယ့် လူနေအိမ်အထိ ရေလျှံတာ မရှိဘူး။ တစ်ခုရှိတာက မိုးရွာတော့ မုန်တိုင်းဒဏ်ခံနေရတဲ့ကြားက စစ်ကြောင်းထိုးနေတော့ စစ်ရှောင်တွေ အတော် ဒုက္ခရောက်တယ်၊ တောထဲရှောင်တာရော၊ တစ်ခြားရွာတွေက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေ မှာ ရှောင်တာရှိတယ်” လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဦးတည်လာနေတဲ့ မိုခါမုန်တိုင်းကြောင့် ကနီမြို့နယ်မှာ မေလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့ တို့မှာ ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းနေတာ ဖြစ်ပါတယ်။

ဒီအပေါ်မှာ စစ်ကိုင်းတိုင်းက စစ်ကောင်စီအဖွဲ့ဝင်တွေ မုန်တိုင်းသတိပေးချက်တွေ နှိုးဆော်တာ မရှိသလို မုန် တိုင်း ဝင်ရောက်လာရင် ပြောင်းရွှေ့ခိုလှုံမယ့် နေရာတွေလည်း မစီစဉ်ပေးထားဘူးလို့ ဒေသခံက ဆိုပါတယ်။

မုန်တိုင်းဝင်ရောက်လာခဲ့ရင် ရေကြီးရေလျှံတာ၊ လေပြင်းတိုက်တာတွေစတဲ့ နောက်ဆက်တွဲ အခြေအနေတွေမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက သက်ကြီးရွယ်အိုတွေကို ရွှေ့ပြောင်းဖို့ အဆင်သင့်ရှိနေပြီး ဒေသခံ အချင်း ချင်း ကူညီနေရတာလို့ အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကနီမြို့ အောက်ဘက် ချင်းတွင်းမြစ်အနောက်ဘက်ကမ်း ကျေး ရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာနေတာကြောင့် ကျေးရွာအုပ်စု ၅ စုက ဒေသခံပြည်သူ ၁၃၀၀ဝ နဲ့ ခင်ဦးမြို့ပတ်ဝန်းကျင်က ဒေသခံ (၃၀၀၀)ကျော်ဟာ မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ တစ်ချို့ကျေးရွာတွေမှာလည်း မေလ ၁၄ ရက်နေ့၊ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအဖွဲ့တွေက လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နေအိမ်တွေ အတွင်းရှိ စားစရာပစ္စည်းတွေကို အဓမ္မယူဆောင်ခဲ့ပါသေးတယ်။

ဒါ့အပြင် အင်းပတ်ကျေးရွာအတွင်းကိုလည်း လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ရာ လေးနှစ်အရွယ် ကလေးငယ် တစ်ဦး ကျည်ထိမှန်ခဲ့ပြီး ဆေးကုသမှုခံယူနေရသလို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံ ၄၀၀၀ ကျော် မိုးရေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံကနေ သိရပါတယ်။

August 28, 2026
မွန်ပြည်တွင် ယခုနှစ် ငါးဖမ်းရာသီကို ဇူလိုင်လမှ စတင်ခွင့်ပြုခဲ့သော်လည်း စက်သုံးဆီ...
August 27, 2026
မွန်ပြည်တွင် စစ်အုပ်စုတပ် အာဏာသိမ်းပြီးကတည်းက တစ်ဆထက်တစ်ဆ မြင့်တက်လာသည့် ကုန်ဈေးနှုန်း နှင့်အတူ...
ဓာတ်ပုံ - CJ
August 26, 2026
ကရင်ပြည်၊ ဘားအံမြို့ရှိ စက်သုံးဆီဆိုင်ကြီးများသည် စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ရောင်းချပေး...
ဓာတ်ပုံ -(MOI)
August 25, 2026
မွန်ပြည်၊ မုဒုံမြို့နယ်အတွင်း လည်ပတ်နေသည့် ရော်ဘာစက်ရုံများမှ အနံ့ဆိုးများ ပြင်းပြင်းထန်ထန်...