မွတ်ဆလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရေး စစ်ကောင်စီ၏ ပြင်ဆင်ထားမှုကို ဘင်္ဂလားဒေ့ဘက်က လာရောက်လေ့လာမည်

မွတ်ဆလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရေး စစ်ကောင်စီ၏ ပြင်ဆင်ထားမှုကို ဘင်္ဂလားဒေ့ဘက်က လာရောက်လေ့လာမည်
မွတ်ဆလင်များ ပြန်လည်လက်ခံရေးအတွက် တက္ကနာဖ်မြို့နယ်၊ ကေရာတူလီရှိ သယ်ယူပို့ဆောင်ရေးရုံးတွင် စစ်ဆေးခံနေသည့် ဒုက္ခသည်များအား ၂၀၂၃ မတ်လက တွေ့ရစဉ်။
မွတ်ဆလင်များ ပြန်လည်လက်ခံရေးအတွက် တက္ကနာဖ်မြို့နယ်၊ ကေရာတူလီရှိ သယ်ယူပို့ဆောင်ရေးရုံးတွင် စစ်ဆေးခံနေသည့် ဒုက္ခသည်များအား ၂၀၂၃ မတ်လက တွေ့ရစဉ်။

မွတ်ဆလင်ဒုက္ခသည်များကို ပြန်လည်လက်ခံရန်အတွက် ရခိုင်ပြည်၊ မောင်တောဒေသတွင် စစ်ကောင်စီက ပြင် ဆင်ထားမှု အခြေအနေများကို လေ့လာရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများနှင့် ဒုက္ခသည် (၂၀) ခန့် ပါဝင်သည့် Go to See အဖွဲ့မှ မေလ ၅ ရက်နေ့တွင် လာရောက်ရန်ရှိနေသည်။

အဆိုပါအဖွဲ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲ နှစ်နိုင်ငံရှိ ချစ်ကြည်ရေးတံတားမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည်ဖြစ်ပြီး မောင်တောမြောက်ပိုင်း တောင်ပြိုလက်ဝဲ၊ ငခူရ၊ လှဖိုးခေါင် စသည့် ပြန်လည်လက်ခံရေးစခန်းများသို့ သွားရောက်လေ့လာမည်ဖြစ်သည်။

ကူတူပါလောင် အမှတ်(၇) ဒုက္ခသည်စခန်းမှ ကိုကာမောလ်က “အဲဒီ Go To See အဖွဲ့က ပြန်လည်လက်ခံရေး စခန်းတွေကို မြေပြင်ကွင်းဆင်းပြီးတော့ စစ်ဆေးမယ်လို့ သိရတယ်။ ကျနော်တို့ကြားတာကတော့ မေလ ၁၅ ရက်နေ့မှာ စတင်လက်ခံမယ်ဆိုပြီးတော့ လျှိုဝှက်သိထားရတယ်။ သွားမယ့်အထဲမှာ ဒီဘက်က (ဘင်္ဂလားဒေ့ရှ် ရောက်) မွတ်ဆလင်ဒုက္ခသည် (၂၀)ဦး ပါမယ်လို့သိရပါတယ်” ဟု DMG ကိုပြောသည်။

Go to See အဖွဲ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Office of the Refugee Relief and Repatriation Commissioner(RRRC) - ဒုက္ခသည် ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေး ကော်မရှင်နာရုံးမှ တာဝန်ရှိသူများက ဦးဆောင်ပါဝင်မည်ဖြစ် ကြောင်း သိရသည်။

မြေပြင်အခြေအနေများကို လေ့လာရန် Go To See အဖွဲ့တွင် ပါဝင်သည့် ဒုက္ခသည် ၂၀ ဦးမှာ ဒုက္ခသည်များ၏ ကိုယ်စားလှယ်အဖွဲ့ မဟုတ်ဘဲ ပြန်လည်လက်ခံရန် စာရင်းပေးထားသည့် သူများသာဖြစ်သဖြင့် မွတ်ဆလင် အများစုက ယုံကြည်မှုနည်းကြောင်း ပြောဆိုနေကြသည်။

“မြေပြင်ကို ကွင်းဆင်းပြီးတော့ စစ်ဆေးမယ့် မွတ်ဆလင် ၂၀ ထဲမှာ အမှန်တကယ် ဒုက္ခသည်တွေက ကိုယ်စား ပြုထားတဲ့ ကိုယ်စားလှယ်အဖွဲ့တွေ မပါဘူး။ သူတို့(စစ်ကောင်စီ)က စာရင်းကောက်ယူထားတဲ့ သူတွေပဲဖြစ် တယ်။ ကျနော်တို့ကတော့ သူတို့လုပ်ဆောင်နေတာကို အယုံအကြည်မရှိဘူး။ ကိုယ်နေခဲ့တဲ့နေရာကို ပြန်မရဘဲ နေရပ်မပြန်နိုင်ဘူး” ဟု ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတစ်ခုမှ အမည်မဖော်လိုသူတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ ပြန်လည်လက်ခံရေးတွင် ဒုက္ခသည်များက နိုင်ငံသားဖြစ်ခွင့်ပေးရေး၊ မိမိနေခဲ့သည့် မူလနေရာကို ပြန်လည်ရရှိရေးနှင့် လွတ်လပ်စွာသွားလာခွင့်နှင့် အသက်အာမခံချက်ရရှိရေး စသည့်အချက်များကို တောင်းဆို ထားကြသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA)ကလည်း လက်ရှိ ရခိုင်ပြည်၏ အခြေအနေသည် မွတ်ဆလင်ဒုက္ခသည်များအတွက် ရေရှည်နေရပ်ပြန်ရေး မဖြစ်သေးကြောင်း မတ်လ အတွင်းက ပြောဆိုထားသည်။

စစ်ကောင်စီက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံသွားသည့် မွတ်ဆလင်ဒုက္ခသည်များထဲမှ လူဦးရေ ၇၀၀ ကျော်ကို ကနဦး လက်ခံမည်ဖြစ်ကြောင်း  ဧပြီလ ၄ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင် ကြေညာထား သည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း စစ်ကောင်စီက မွတ်ဆလင် ပြန်လည်လက်ခံရေးကိစ္စနှင့်ပတ်သက်ပြီး တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံတို့မှ သံတမန်များ၊ အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင် ရာ ကိုယ်စားလှယ်များကို မောင်တောမြို့နယ်သို့ ခေါ်ယူပြသခဲ့သည်။

ရက္ခိုင့်တပ်တော်(AA)ကမူ စစ်ကောင်စီသည် နိုင်ငံတကာက အသိအမှတ်ပြုမှု ရရှိရေးအတွက် မွတ်ဆလင် ပြန်လည်လက်ခံရေးကို ဟန်ပြလုပ်နေခြင်းဖြစ်ကြောင်း သုံးသပ်ထားသည်။

၂၀၁၇ ခုနှစ် မောင်တောဒေသတွင် ARSA က ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာစစ်တပ်က နယ် မြေရှင်းလင်းရေးဆောင်ရွက်ရာတွင် မွတ်ဆလင် (၇) သိန်းကျော်မှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခိုလှုံခဲ့ရကြောင်း နိုင်ငံတကာက ပြောဆိုထားသည်။ မြန်မာအာဏာပိုင်များကမူ ထွက်ပြေးသွားသည့် မွတ်ဆလင် အရေအတွက်မှာ ၅ သိန်းကျော်သာရှိကြောင်း ဆိုထားသည်။

AA တပ်ဖွဲ့ဝင်များအား မောင်တောနယ်စပ်တစ်နရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
May 14, 2026
ဘင်္ဂလားဒေ့ရှ် - ရခိုင် နယ်နိမိတ်ချင်းထိစပ်နေသည့် မောင်တောနယ်စပ်ဒေသ လုံခြုံရေးကို အာရက္ခတပ်တော်...
May 13, 2026
ရခိုင်ပြည် အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ...
May 12, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့နှင့်အနီးတစ်ဝိုက်ကို...
၄ ကြိမ်မြောက် သက်အမျိုးသားနေ့ အခမ်းအနားအား တွေ့ရစဉ်။ ဓာတ်ပုံ - APM
May 11, 2026
ရခိုင်မျိုးနွယ်စုဝင်တစ်ခုဖြစ်သော သက်လူမျိုးများသည် ယခုအခါ အာရက္ခပြည် ထူထောင်ရေး...