မန္တလေးတွင် အပူရှပ်မူးလဲပြီး ၂ ဦးသေဆုံး၊ ၁ ဦးဆေးကုသနေရ

မန္တလေးတွင် အပူရှပ်မူးလဲပြီး ၂ ဦးသေဆုံး၊ ၁ ဦးဆေးကုသနေရ
လူနာအား ဆေးရုံသို့ ပို့ဆောင်စဉ် Photo - မဏီစလလူမှု/နာမှုကူညီရေးအသင်း
လူနာအား ဆေးရုံသို့ ပို့ဆောင်စဉ် Photo - မဏီစလလူမှု/နာမှုကူညီရေးအသင်း

မန္တလေးမြို့တွင် အပူချိန်လွန်ကဲမှုကြောင့် Heat Stroke(အပူရှပ်ခြင်း)ဖြစ်ပွားပြီး လူနှစ်ဦး သတိလစ်လဲကျကာ သေဆုံးသွားကြောင်း လူမှုကူညီရေးပရဟိတအသင်းများထံမှ သိရသည်။

မန္တလေးမြို့တွင် ဧပြီလ ၂၀ ရက်မှ ၂၂ ရက်အထိ သုံးရက်အတွင်း Heat Stroke(အပူရှပ်ခြင်း)ကြောင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သတိလစ်မူးလဲခဲ့ပြီး ယင်းတို့အနက် အမျိုးသားနှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

"မနေ့ကတစ်ယောက်၊ တမြန်နေ့ကတစ်ယောက်၊ နှစ်ယောက်သေထားတယ်။ နှစ်ယောက်စလုံး Heat Stroke(အပူရှပ်ခြင်း) တွေချည်းပဲ"ဟု မန္တလေးမြို့မှ လူမှုကူညီရေးအသင်းသားတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့မှစ၍ အပူချိန်မြင့်တက်လာပြီး နေ့စဥ် နေ့အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထိ ရှိနေကြောင်း မိုးလေဝသဆိုင်ရာ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထို့ကြောင့် ဒေသခံများသည် အပူဒဏ်ကြောင့် ကျန်းမာရေးဆိုင်ရာပြဿနာများ ရင်ဆိုင်နေရသည်ဟု လူမှုကူညီရေးအဖွဲ့များကပြောသည်။

"ဧပြီ ၂၀ မှာ ချမ်းအေးသာစံမြို့နယ်ထဲကအမျိုးသမီးတစ်ဦး မူးလဲကျတယ်။ သူ့ကို အသက်မီလိုက်လို့ ဆေးရုံပို့ပေးနိုင်ခဲ့တယ်။ နောက်တစ်ရက်ကျတော့ မဟာအောင်မြေထဲမှာ လူတစ်ယောက် အပူရှပ်ပြီးမူးလဲကျတယ်။ မနေ့ကလည်း မျက်ပါးရပ်ထဲမှာတစ်ယောက်။ နှစ်ယောက်စလုံး အသက်မမီလိုက်ဘူး။ Heat Stroke(အပူရှပ်ခြင်း) လက္ခဏာနဲ့ပဲ သေကြတာ" ဟု အခမဲ့လူမှုကူညီရေးအသင်းတစ်ခုမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံဒေသအချို့တွင် နေရာကွက်မိုးရွာပြီး နေ့အပူချိန်များ အနည်းငယ် လျော့ကျလာသော်လည်း မန္တလေးတိုင်း၊စစ်က်ိုင်းတိုင်းအပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်သေးကြောင်း မိုးလေဝသဆိုင်ရာလေ့လာသူများက သတိပေးမှုများရှိနေသည်။

ပြီးခဲ့သည့် ဧပြီလ ၁၉ရက်ကလည်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦး စစ်ဘေးရှောင်ရင်း မူး‌မေ့လဲကျကာ သေဆုံးခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ် ။ ။ မောင်ကြီး

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များအား တွေ့ရစဉ် / MOI)
September 1, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဇင်းဘုံကျေးရွာရှိ စစ်အုပ်စုတပ် စစ်ကြောင်း ခြေကုပ်ယူထားသည့် စခန်းကို...
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများကို လှည်းဖြင့်သယ်ထုတ်နေစဥ် / ဗိဿနိုး ပြည်သူ့ ကာကွယ်ရေးတပ်မတော်
September 1, 2026
မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း အင်အား ၁၂၀ ခန့် ပါဝင်သည့် စစ်အုပ်စုတပ်စစ်ကြောင်းကို...
ရေကြီးရေလွှမ်းမိုးမှု မြင်ကွင်းတစ်ခု။ / CJ
August 31, 2026
လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် နေရာ...
ဓာတ်ပုံ - (ထောပတ်သီးအချို့ / Crd)
August 31, 2026
မြန်မာနိုင်ငံထွက် ထောပတ်သီးများကို ထိုင်းနိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း...