ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ ကိုရင် ၃ ပါး ပျောက်ဆုံးနေ

ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ ကိုရင် ၃ ပါး ပျောက်ဆုံးနေ

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စုမှ ကိုရင် ၃ ပါးသည် ယနေ့ (ဧပြီ ၂၁) ရက် နံနက်ပိုင်းမှ စပြီး ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ (ဧပြီလ ၂၁ ရက်) နံနက် ၈ နာရီကျော် အချိန်မှစပြီး နောင်မွန်ကျေးရွာအုပ်စုရှိ အမည်မဖော်လိုသည့် ကျောင်းတစ်ကျောင်းမှ ကိုရင် ၃ ပါးသည် ရေသွားကူးမည်ဟုဆိုပြီး ထွက်သွားရာ ပျောက်ဆုံးသွားခဲ့ကြောင်း ၎င်း နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့ သူငယ်ချင်းနဲ့စုပြီး ရေသွားမယ်၊ ဘာညာနဲ့ ရုတ်တရက် ထွက်သွားတာ။ ကျနော် သေချာမသိလိုက်ရဘူး။ ရည်ရွယ်ချက်ရှိရှိနဲ့ ထွက်ပြေးသွားတာတော့မဟုတ်ဘူး။ ကလေးရဲ့သဘော၊ သဘာဝအတိုင်း ဒီလိုပဲ လျှောက်သွားလျှောက်လည်တာ။ ဒီနေ့မနက်ကတည်းက ပျောက်နေတာ အခုချိန်ထိ ပြန်မတွေ့သေးဘူး “ ဟု ၎င်းက ပြောသည်။

ပျောက်ဆုံးသွားသူဟာ အသက် ၇ နှစ် ခွန်သက်အောင်၊ အသက် ၈ နှစ် ခွန်ဇော်မင်းထက်နှင့် အသက် ၉ နှစ် ခွန်မြမောင်တို့ ဖြစ်ပြီး ကိုရင်ဝတ်ဖြင့် ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို တိုင်ကြားထားခြင်း မရှိသေးပေ။

ထို့အပြင် ပျောက်ဆုံးနေသည့် ထို ကိုရင် ၃ ပါးကို တွေ့ရှိထားပါက ဖုန်းနံပါတ် ၀၉ ၈၉၅ ၀၂၂ ၈၀၉ ကို ဆက်သွယ်အကြောင်းကြား ပေးစေလိုကြောင်းလည်း ၎င်းကတောင်းဆိုထားသည်။

Most read this week

February 17, 2026
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့်...
February 16, 2026
သျှမ်းပြည် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နယ်မြေအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို...
February 14, 2026
သျှမ်းပြည် ကွတ်ခိုင်မြို့ ဈေးအနီး ဆောက်လုပ်ရေးဝင်းရှိ ကိုးကန့်တပ် MNDAA ရုံးကို တအာင်း(ပလောင်)...
February 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည့်...