ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကို တန်ဖိုးထား အသိအမှတ်ပြုကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာတွင်ဖော်ပြ

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကို တန်ဖိုးထား အသိအမှတ်ပြုကြောင်း ညီနောင်မဟာမိတ်(၃)ဖွဲ့မှ ဂုဏ်ပြုသဝဏ်လွှာပေးပို့ရာတွင်ဖော်ပြ

ယနေ့ ဧပြီ ၁၇ ရက်နေ့တွင် ကျရောက်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (Bamar People's Liberation Army - BPLA) (၂) နှစ်မြောက်နေ့တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ဂုဏ်ပြုသဝဏ်လွှာ တစ်စောင်ကို ရေးသားပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာအထဲတွင်  BPLA အဖွဲ့အစည်းကို ဦးဆောင်နေကြသူများနှင့် BPLA တပ်ဖွဲ့ဝင်များ အားလုံး၏ စည်းလုံးညီညွတ်မှုကြိုးပမ်းအားထုတ်မှု၊ တော်လှန်ရေး စည်းကမ်းလိုက်နာနိုင်မှုများကို မိမိတို့ အနေဖြင့် တန်ဖိုးထား အသိအမှတ်ပြုပါကြောင်း ဖော်ပြထားသည်။

နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော ဗမာလူမျိုးကိုယ်စားပြု  တော်လှန်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် BPLA ကို ၂၀၂၁ ခုနှစ်ဧပြီလ (၁၇) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့သည်  ၎င်းအဖွဲ့၏ (၂) နှစ်ပြည့်မြောက်နေ့ဖြစ်သည်။

၂၀၂၁ ခုနှစ်ဧပြီလ (၁၇) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (Bamar People's Liberation Army - BPLA) သည်လည်း နွေဦးတော်လှန်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သော ဗမာလူမျိုးကိုယ်စားပြု တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ အပါအဝင် အခြားသော တော်လှန်ရေး အဖွဲ့အစည်းများနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးကို ထူထောင် ထားနိုင်ပြီး လက်တွေ့ကျသော တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲနေသည့် BPLA ၏ တော်လှန်ရေးသက်တမ်းသည် ယခု ၂၀၂၃ ခုနှစ်ဧပြီလ (၁၇) ရက်နေ့ဆိုလျှင် (၂) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ဖော်ပြသည်။  

တော်လှန်ရေး (၂) နှစ်တာကာလအတွင်း ဗမာပြည်သူလူထုများနှင့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတချို့၏ ဖေးမမှု၊ ဝန်းရံပံ့ပိုးပေးမှုယုံကြည်မှုကိုရရှိထားသည့် BPLA သည် တိုက်ပွဲ အတွေ့အကြုံ အတန်အသင့်ရရှိထားပြီး ယင်းအဖွဲ့အစည်းကို ဦးဆောင်နေကြသူများနှင့် BPLA တပ်ဖွဲ့ဝင်များ အားလုံး၏ စည်းလုံးညီညွတ်မှုကြိုးပမ်းအားထုတ်မှု၊ တော်လှန်ရေး စည်းကမ်းလိုက်နာနိုင်မှုများကို မိမိတို့ အနေဖြင့် တန်ဖိုးထား အသိအမှတ်ပြုပါကြောင်း ဆက်လက်ဖော်ပြသည်။

BPLA အနေဖြင့် မြန်မာပြည်သူတစ်ရပ်လုံးလိုလားသော အနာဂတ် မျှော်မှန်းချက်များကို အချိန်တိုအတွင်း အကောင်အထည်ဖော်နိုင်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လုပ်ငန်းများတွင် ယခုထက်ပိုမိုဆောင်ရွက်နိုင်ပါစေကြောင်း၊ တိုင်းပြည်သစ်နှင့် ပြည်သူ့အတွက် တည့်မတ်မှန်ကန်သော ရပ်တည်ချက်များဖြင့် ဦးဆောင်အလုပ်လုပ်ပေးနိုင်သည့် အဖွဲ့အစည်း ဖြစ်ပါစေကြောင်း မိမိတို့ ညီနောင် မဟာမိတ် (၃) ဖွဲ့မှ မြန်မာနှစ်ဦးကာလတွင် ဆုမွန်ကောင်းတောင်းပေးရင်း BPLA ၏ (၂) နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားသို့ ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်ဟု ဖော်ပြပါရှိသည်။

အဆိုပါ ညီနောင် မဟာမိတ် (၃) ဖွဲ့မှာ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ/ မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA)၊ ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)နှင့်  ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ဖြစ်ကြသည်။

Most read this week

December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...
December 18, 2025
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးဗုံးကြဲခံရမှုအတွင်း သေဆုံးသူများထဲတွင်...